Wednesday, July 3, 2019

ဇာဟာကို အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ခွင့်ပြုသင့်ဟု အစ်ကိုဖြစ်သူ တိုက်တွန်း

ခရစ္စတယ်ပဲလေ့စ် အသင်းအနေနဲ့ ဇာဟာကို အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ ခွင့်ပြုသင့်တယ်လို့ ဇာဟာရဲ့အကိုဖြစ်သူက တိုက်တွန်းလိုက်ပါတယ်။  ခရစ္စတယ်ပဲလေ့အသင်းဟာ မန်ယူနိုက်တက်ကနေ ဇာဟာကို ပြန်လည်ခေါ်ယူခဲ့စဉ်က ဥရောပပြိုင်ပွဲ ပုံမှန်ကစားရမယ့် အသင်းတသင်းကို ပြောင်းရွှေ့လိုတယ်ဆိုရင် ထွက်ခွာခွင့်ပြုမယ်ဆိုပြီး ပြောဆိုထားတယ်လို့ ဇာဟာရဲ့အကိုဖြစ်သူ ဂျုဒီဆယ် ဇာဟာက ပြော ပါတယ်။



လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ခွင့်မပြုတာဟာ သူတို့ရဲ့ ပြောစကားနဲ့ မကိုက်ညီဘူးလို့လည်း ဝေဖန်ခဲ့ပါတယ်။  အိုင်ဗကို့စ် တောင်ပံကစားသမားဇာဟာကို အာဆင်နယ်အသင်းက ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်ထားပေမယ့် ပဲလေ့အသင်းက ပေါင်သန်း ၈၀ အထိ ဈေးမြှင့်တောင်းဆိုထားတာကြောင့် အဆင်မပြေဖြစ်နေရတာပါ။ ဇာဟာအနေနဲ့ ပဲလေ့အသင်းကို အရင်ကတည်းက တန်းတက်ခွင့်ရအောင် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပြီးဖြစ်လို့ လက်ရှိအချိန်မှာတော့ ထွက်ခွာခွင့်ပြုသင့်တယ်လို့ ဇာဟာရဲ့အကို ဂျူဒီဆယ် ဇာဟာက ပြောပါတယ်။

No comments:

Post a Comment