Wednesday, July 3, 2019

လျှပ်စစ်ဓာတ်အား လေလွင့်မှု ပပျောက်ရန် အလိုအလျောက်မီတာဖတ်စနစ် ကျင့်သုံးမည်ဟုဆို

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားလေလွင့်မှု ပပျောက်စေရန် မြို့နယ်အလိုက် အလိုအလျောက် မီတာဖတ်စနစ် (AMI) အသုံးပြုရန် စီစဉ်နေ ကြောင်း ရန်ကုန်တိုင်းလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။ အဆိုပါစနစ်ကို ရန်ကုန် တိုင်းစည်ပင်နယ်နိမိတ်ရှိ ၃၃ မြို့နယ်တွင် ဒေါပုံ၊ ပန်းဘဲတန်းနှင့် တောင်ဥက္ကလာပမြို့နယ်တို့၌ ရှေ့ပြေးစီမံချက်အဖြစ် ဆောင်ရွက် ထားပြီး ယင်းစနစ်ကို အခြားမြို့ နယ်များတွင် ဆောင်ရွက်ရန် စီစဉ်နေကြောင်း ဝန်ကြီးက ပြောသည်။ရန်ကုန်တိုင်းအတွင်း၌ ပျောက်ဆုံးလျှပ်စစ်ယူနစ်များ (Losses)များနှင့်ပတ်သက်၍ လေလွင့်ဆုံးရှုံးမှုနည်းပါးစေရန် စနစ်တကျစီမံချက်များ ချမှတ်ဆောင် ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မင်္ဂလာ တောင်ညွန့်မြို့နယ် တိုင်းလွှတ် တော်ကိုယ်စားလှယ် ဦးရန်အောင် က ဇူလိုင် ၁ ရက်တွင် ကျင်းပ သည့် ရန်ကုန်တိုင်းလွှတ်တော်၌ မေးမြန်းခဲ့ရာ ဝန်ကြီးက အထက်ပါ အတိုင်း ဖြေကြားသည်။



‘‘AMI စနစ်ကို ကျွန်မတို့ ကျင့်သုံးနိုင်ပြီဆိုရင် ဒီမီတာတွေ ကို လူနဲ့ ပြောင်းလဲပြီးတော့ ခိုးယူ သုံးစွဲတဲ့ ကိစ္စမျိုးတွေက ပပျောက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မီတာဖတ်ခြင်းကို ကျွန်မတို့ ဗဟို ထိန်းချုပ်ဌာန်ကနေ ဖတ်နိုင်တဲ့ အဆင့်အထိ သွားလိုက်လို့ရှိရင် တော့ ဒီကိစ္စတွေဟာ ကျဆင်းသွား ပြီးတော့ ပျောက်ဆုံးလျှပ်စစ်ယူ နစ်တွေ လေလွင့်ဆုံးရှုံးမှု နည်း ပါးအောင်လို့ ဒါကအကောင်းဆုံး သော နည်းလမ်းဖြစ်ပါတယ်’’ ဟု ဒေါ်နီလာကျော်က ပြောသည်။

လက်ရှိတွင် လျှပ်စစ်မီးသုံးစွဲ ရာ၌ အချို့သုံးစွဲသူများသည် မီတာခမတက်စေရန် နည်းလမ်း မျိုးစုံဖြင့် ခိုးယူနေခြင်းများရှိ ကြောင်းနှင့် လျှပ်စစ်မီတာဖတ် သည့် ဝန်ထမ်းကလည်း စနစ်တ ကျဖတ်ခြင်းမရှိသည်ကို လေ့လာ တွေ့ရှိရကြောင်း ဦးရန်အောင်က ပြောသည်။ AMI စနစ်သည် ထိန်းချုပ်စင်တာမှ အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နိုင်သော စနစ်ဖြစ် သည်။ ဖွံ့ဖြိုးမှုအားကောင်းသည့် နိုင်ငံများတွင် အခြားနည်းပညာ များဖြင့်လည်း တွဲဖက်အသုံးပြုနိုင် သည်။

No comments:

Post a Comment