Wednesday, July 3, 2019

ကျပ်ဆယ်သိန်းနှင့်အထက် ကံထူးရှင်များ၏ဆုငွေများကို ယနေ့မှစတင်ကာ နေ့ချင်းပြီးထုတ်ပေးမည်

ဇူလိုင် ၁ ရက် တွင် ဖွင့်လှစ်ပေးခဲ့သည့် (၅) ကြိမ် မြောက် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲမှ ထီပေါက်သည့် ကံထူးရှင် များအနက် ကျပ်ဆယ်သိန်းနှင့်အ ထက် ကံထူးရှင်များ၏ ဆုငွေများ ကို ဇူလိုင် ၂ ရက်မှစတင်၍ နေ့ချင်း ပြီး ထုတ်ပေးသွားမည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။



(၅)ကြိမ်မြောက် ကျပ် ၁၀ဝ၀ တန် အောင်ဘာလေ သိန်းဆုထီဖွင့် ပွဲကို ဇူလိုင် ၁ ရက် နံနက် ၈ နာရီ တွင် ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်ရှိ အောင်ဘာလေသိန်း ဆုဌာနခွဲ ထီဖွင့်ပွဲခန်းမ၌ ကျင်းပ ခဲ့ပြီး ထီပေါက်သည့် ကံထူးရှင်များ အနက် ကျပ်ဆယ်သိန်းနှင့်အထက် ကံထူးရှင်များအား ထီဆုငွေထုတ် ပေးခြင်းကို ဇူလိုင် ၂ ရက်မှစတင် ၍လည်းကောင်း၊ ကျန်ကံထူးရှင် များအား ထီဆုငွေထုတ်ပေးခြင်းကို ဇူလိုင် ၁၁ ရက်မှ စတင်၍လည်း ကောင်း လက်ခံဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သိရသည်။

အောင်ဘာလေ သိန်းဆုဌာန ခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်သန့် လွင်က""(၅)ကြိမ်မြောက် ကျပ် ၁၀ဝ၀ တန် ထီဖွင့်ပွဲအတွက် ထီ စာအုပ်ပေါင်း သုံးသန်းနှစ်သိန်းကျော် (၃၂၇၂၇၂၀) ရောင်းချခဲ့တာမှာ ထီစာအုပ်ပေါင်း တစ်သိန်းကျော် (၁၆၉၆၈၀)က မရောင်းရ ထီစာ အုပ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ရောင်း ချခဲ့ရတဲ့ ထီစာအုပ်ပေါင်း သုံးသန်း ကျော်(၃၁၀၃၀၄၀) ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် သန်းပေါင်း ၁၈၆၁၈ ဒသမ ၂၄ သန်းကို ထီဆုငွေအဖြစ် ခွဲဝေပေး ခဲ့တာဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှုန်း ကို နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း တွေမှာ အသုံးပြုနိုင်ဖို့အတွက် အ ခွန်ဘဏ္ဍာအဖြစ် ရယူမှာဖြစ်ပါ တယ်""ဟု ယင်း အောင်ဘာလေထီ ဖွင့်ပွဲ အခမ်းအနားတွင် ပြောသည်။

ထီဆုငွေများကို ကိုယ်တိုင် ဖြစ်စေ၊ တရားဝင် ကိုယ်စားလှယ် လွှဲစာဖြင့်ဖြစ်စေ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေ သိန်း ဆုဌာနခွဲရုံးများတွင် လျှောက်ထား တင်ပြထုတ်ယူနိုင်ပြီး ကျပ်ဆယ်သိန်း နှင့်အောက် ဆုငွေများကို ရန်ကုန် မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာ လေ သိန်းဆုဌာနခွဲ ရုံးများအပြင် ရန်ကုန်တိုင်းဒေသကြီးပြင်ပရှိ ပြည် တွင်း အခွန်များဦးစီးဌာန၊ မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးများတွင် ထုတ် ယူနိုင်ပြီး မသမာသောနည်းဖြင့် ဆု ငွေထုတ်ရန် ကြံစည်သူများကို တ ရားဥပဒေအရ အရေးယူမည်ဖြစ် ကြောင်း သိရသည်။

ဦးကျော်သန့်လွင်က ""ထီဖွင့် ပွဲမှာ ရောင်းမကုန်ထီလက်မှတ်က နေ ဆုမဲထွက်ပေါ်လာရင်တော့ ဆု ကြီးစနစ်နဲ့ ဆုတစ်ဆုချင်းစနစ်ဆို ရင် ချက်ချင်းပြန်လည်ဖွင့်လှစ်ပေး တာဖြစ်ပါတယ်။ ဝေဝေဆာဆာ ဆုမဲစနစ်ဆိုရင်တော့ ထွက်ပေါ် လာတဲ့ ဆုမဲတန်ဖိုးတွေကို စုပေါင်း ပြီး အခြားသင့်လျော်တဲ့ ဆုမဲအစား ထိုး ပြန်လည်ဖွင့်လှစ်ပေးတာဖြစ် ပါတယ်။ ဒီလကစတင်ပြီး လစဉ် ဘဏ္ဍာသိမ်းရငွေတွေကို ဆုမဲထဲ ထည့်သွင်း ပြန်လည်ဖွင့်လှစ်ပေး သွားမှာဖြစ်တဲ့အတွက် ထီထိုးဖို့ တိုက်တွန်းလိုပါတယ်""ဟု ပြော သည်။

ယင်း (၅)ကြိမ်မြောက် ကျပ် ၁၀ဝ၀ တန် အောင်ဘာလေသိန်း ဆု ထီဖွင့်ပွဲတွင် အထူးဆုကြီးစနစ် မှ ကျပ်သိန်း တစ်သောင်းငါးထောင် ဆု ၁ ဆု၊ ကျပ်သိန်းတစ်သောင်းဆု ၁ ဆု၊ ကျပ်သိန်းငါးထောင်ဆု ၂ ဆု၊ ကျပ်သိန်းနှစ်ထောင်ဆု ၄ ဆု၊ ကျပ်သိန်းတစ်ထောင်ဆု ၈ ဆုနှင့် ဆုတစ်ဆုချင်းစနစ်မှ ကျပ်သိန်း ငါးရာဆု၊ ကျပ်သိန်းနှစ်ရာဆု၊ ကျပ် သိန်းတစ်ရာဆု၊ ကျပ်သိန်းငါးဆယ် ဆု၊ ကျပ်သိန်းနှစ်ဆယ်ဆု၊ ကျပ် ဆယ်သိန်းဆု၊ ကျပ်ငါးသိန်းဆုနှင့် ဝေဝေဆာဆာ ပဒေသာဆုမဲစနစ် ဖြင့် ကျပ်သုံးသိန်းဆု၊ ကျပ်နှစ်သိန်း ဆု၊ ကျပ်တစ်သိန်းဆုနှင့် ကျပ်ငါး သောင်းဆုများကို ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။

No comments:

Post a Comment