Wednesday, July 3, 2019

မြန်မာနိုင်ငံတွင် ငွေသားကိုင်ဆောင်အသုံးပြုမှု ၁၅ နှစ်အတွင်း လုံးဝပျောက်ကွယ်ဖွယ်ရှိဟုဆို

 မြန်မာနိုင်ငံတွင် ငွေ သားကိုင်ဆောင်အသုံးပြုသည့် လူမှုအသိုင်းအ၀ိုင်းသည် လာ မည့် ၁၅ နှစ်အတွင်းလုံးဝပျောက် ကွယ်ဖွယ်ရှိသည်ဟု ဇွန်လ နောက်ဆုံးပတ်၌ ထုတ်ပြန်သော Visa Myanmar ၏ စစ်တမ်း တစ်ခုတွင် ဖော်ပြထားသည်။ Visa Myanamr သည် ငွေ ပေးချေမှုဆိုင်ရာ အလေ့အထ များနှင့်ပတ်သက်၍ ၂၀၁၈ အတွင်း ရန်ကုန်၊ ပုသိမ်၊ မန္တလေး နှင့် မကွေးအစရှိသည့်မြို့ကြီး များတွင် လူ ၅၀၀ ကျော်ကိုစစ် တမ်းကောက်ယူခဲ့သည်။



ယင်းစစ်တမ်းကို ပါဝင်ဖြေ ဆိုသူတစ်ဝက်ခန့်သည် စက် အတွင်းသို့ ကတ်ထည့်သွင်းခြင်း၊ ကတ်ဖြတ်သန်းခြင်းတို့ကို လုပ် ဆောင်သည့်အစား ကတ်ကို စက် အနီးထိတွေ့ခြင်း၊ စက်အနီးမိမိ ဖုန်းဖြင့် ထိတွေ့ခြင်းဖြင့်ငွေ ပေးချေမှုနည်းလမ်းကို ပိုမိုစိတ် ၀င်စားသည်ဟု ဖြေဆိုခဲ့သည်။

၂၀၁၇ က Visa Myanmar ၏စစ်တမ်းအရ ပါဝင်ဖြေဆိုသူ၏ ၃၄ ရာခိုင်နှုန်းသာဘဏ်စာရင်းရှိ ပြီး ၂၀၁၈ စစ်တမ်းတွင် ပါဝင် ဖြေဆိုသူ၏ ၄၁ ရာခိုင်နှုန်းဘဏ် စာရင်းပိုင်ဆိုင်ထားသည်ဟု ဖြေ ဆိုသည်။

ဘဏ်များ လုံခြုံစိတ်ချရ သည်ဟု ဖြေဆိုသူ၂၀၁၇အတွင်း ၆၈ ရာခိုင်နူန်းရှိပြီး ၂၀၁၈ တွင် ၈၂ ရာခိုင်နူန်းရှိသည် ။ ‘‘ဘဏ်နဲ့ အီလက်ထရွန် နစ်ငွေပေးချေမှုများဟာ လူတွေ ရဲ့ဘဝနေထိုင်မှုနဲ့ နိုင်ငံတော်ရဲ့ ဦးတည် လျောက်လှမ်းနေတဲ့ ဒစ်ဂျစ်တယ်စီးပွားရေးဆီကို အရှိန်အဟုန်မြင့်စွာ လှမ်းလျှောက်နိုင်ဖို့အခွင့်အရေးတွေပေးတယ်ဆိုတာမြန်မာနိုင်ငံသားများအနေနဲ့နားလည်ဖို့အရေးကြီးပါတယ်’’ ဟု Visa Myanmar  Country Man-ager Ms. Lillia Wang က ပြောသည်။ Prepaid Card (ကြိုတင် ငွေဖြည့်အသုံးပြုကတ်)၊ Credit Card (အကြွေးဝယ်ကတ်) အစရှိ သည့် ငွေပေးချေမှုကတ်ရရှိရန် စိတ်ဝင်စားမှုနှင့် အသုံးပြုမှု လည်း မြင့်တက်လာသည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။

No comments:

Post a Comment