Wednesday, July 3, 2019

မှတ်စုစာအုပ် မေ့ကျန်သူများကိုရိုက်သည့် ဆရာမကို စုံခုံဖွဲ့စစ်ဆေး

ကာယမှတ်စုစာအုပ် မေ့ကျန်ခဲ့သဖြင့် ကျောင်းသား၊ ကျောင်းသူငါးဦးကို ရိုက်သည့် ကာယနည်းပြဆရာမကို စုံခုံဖွဲ့ စစ်ဆေးနေ ကြောင်း ပြည်မြို့နယ် ဒုတိယ ပညာရေးမှူး ဦးနိုင်အောင်ထွန်းက ပြောသည်။ြ ပည်မြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၂၅ ရက်က အဋ္ဌမတန်း ကျောင်းသား နှစ်ဦးနှင့် ကျောင်းသူ သုံးဦးကို ကာယမှတ်စုစာအုပ် မေ့ကျန်သောကြောင့် အထက်တန်းပြ ကာယနည်းပြဆရာမက ရိုက်နှက်ဆုံးမသည်ဟု တိုင်ကြားချက်အရ စစ်ဆေးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။



‘‘အရိုက်ခံရတဲ့ ကျောင်းသူရဲ့ အုပ်ထိန်းသူက ရုံးကိုလာပြီး နှုတ်နဲ့ တိုင်ကြားပါတယ်။ မကျေနပ်လို့ အရေးယူပေးဖို့ တိုင်ကြားတာပါ’’ဟု ဦးနိုင်အောင်ထွန်းက ပြောသည်။

ဆရာမ၏ ရိုက်နှက်ဆုံးမမှု ကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ ခြေသလုံးတွင် အညိုအ မည်းစွဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း အရိုက်ခံရသည့် ကျောင်းသူတစ် ဦး၏ဖခင် ဦးသံလုံးကပြောသည်။

ထိုသို့ ဆုံးမရာတွင် ၀ါးလုံးဖြင့် ရိုက်ခဲ့ပြီး တမင်မုန်းတီးသည့် အလား ပြင်းထန်သောကြောင့် ကျေနပ်မှုမရှိသဖြင့် အရေးယူပေး ရန် ပညာရေးမှူးရုံးသို့ တိုင်ကြားခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘ဆရာနဲ့တပည့် ရိုက်ရမယ်မှန်တယ်။ ခုဟာက ဒီလိုမဟုတ် ဘူး။ တမင်တကာကို မုန်းတီးတဲ့ သ ဘောမျိုးနဲ့ ရိုက်တာမျိုးပဲ၊ တိရ စ္ဆာန်ကို ရိုက်သလိုမျိုးပဲ၊ ပညာရေးမှူးရုံးကို သွားတိုင်တော့ ကျွန်

တော်တို့ကို ကျောင်းကိုခေါ်တယ်။ ကျွန်တော်က မသွားတော့ ဆရာမတွေ လာပြီး ကျေနပ်ပေးဖို့ ပြောတယ်။ မကျေနပ်နိုင်ပါဘူး။ နောင်မှာ ဒီလိုအဖြစ်မျိုး မဖြစ်အောင် ပညာရေးဌာန အကြီးအကဲများက  ကြပ်မတ်ပေးပါ’’ဟု ၎င်းကဆို သည်။

ဌာနတွင်း စုံခုံဖွဲ့စစ်ဆေးမှု ကို ဇူလိုင်၂ ရက်တွင် ပြည်မြို့အ မှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း ရုံးခန်းမ၌ ပြုလုပ်ပြီး ကာယနည်းပြဆရာမ အပါအ ၀င် တိုင်ကြားသူ ကျောင်းသူ၏ မိဘကိုပါ စစ်ဆေးနေသည်။
ကာယနည်းပြ ဆရာမ ဒေါ်အေးမြသီတာက ‘‘ရိုက်တယ်ဆိုတာက သူတို့ကို စည်းကမ်းရှိစေချင်လို့ ကရုဏာစိတ်နဲ့ ရိုက်မိတာပါ။ အငြိုးအတေးစိတ်ဆိုတာမျိုး မဟုတ်ပါဘူး။ ဝါးလုံးနဲ့မဟုတ်ပါဘူး။ ကျိုက်ထီးရိုးဝါး အခေါင်းပွသေးသေးလေးနဲ့ ရိုက်လိုက်တာပါ။ ကိုယ်ကတော့ ကရုဏာစိတ်နဲ့ ဆုံးမလိုက်တာကို ဒီလိုမျိုး ကြီးကြီးကျယ်ကျယ် ဖြစ်သွားတာ စိတ်ထဲမကောင်းဘူး။ ဒါကြောင့် မကျေနပ်တဲ့ ကျောင်းသူတစ်ဦးရဲ့ မိဘတွေကို ကျေနပ်တဲ့အထိ တောင်းပန်ခဲ့တယ်။ ကလေးတွေအတွက်လည်း တကယ်စိတ်မကောင်း ပါဘူး’’ဟု ပြောသည်။

No comments:

Post a Comment