Wednesday, July 3, 2019

ရုရှားရေငုပ်သုတေသနသင်္ဘောမီးလောင်သဖြင့် ရေတပ်သား ၁၄ ဦးသေဆုံး

ရုရှားပင်လယ်နက်သုတေသန ရေငုပ်စစ်သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားခဲလို့ ရေတပ်သား ၁၄ ဦး သေဆုံးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ရုရှားရေပြင်ထဲ သုတေသနစစ်တမ်းတစ်ခုအတွက်တိုင်းတာနေစဉ် ယခုလို့ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့တာလို့ ဇူလိုင် ၂ ရက် က ၀န်ကြီးဌာနက ဆိုပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ အဆိုပါသေဆုံးခဲ့တဲ့ သဘောင်္သားတွေဟာ သမုဒ္ဒရာအောက်သက်တမ်းကို တိုင်းတာနေတဲ့ ရေငုပ်သုတေသနရေယာဉ်ထဲ မီးလောင်လွယ်တဲ့ မီးခိုးတွေ ရှုရှိုက်မိပြီး သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။



လက်ရှိမှာတော့ အဆိုပါ ရေအောက်သုတေသနယာဉ်ဟာ ဘရင့်ပင်လယ် က မူမန့်ဒေသရှိ ဆာဗာရိုမိုရက်စ် မြိုအရှေ့မြောက်ပိုင်းက ရေတပ်အခြေစိုက်စခန်းမှာ ရှိတယ်လို့ ဆိုပါတယ်။စုံစမ်းစစ်ဆေးမှုတွေက စတင်နေပြီဆိုပါတယ်။

၂၀၀၀ ပြည်နှစ်တုန်းက ဘရင့်ပင်လယ်သမုဒ္ဒရာကြမ်းပြင်အောက်မှာပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီး နစ်မြုပ်ခဲ့တဲ့ ရုရှားနူကလီးယားရေငုပ်သင်္ဘောနစ်မြုပ်မှုမှာ သဘောင်္သား ၁၁၈ ဦးစလုံးသေဆုံးခဲံရတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့တာရှိပါတယ်။

No comments:

Post a Comment