Wednesday, July 3, 2019

ဒီမိုကရေစီကျင့်သုံးမှုအား မြန်မာပြည်သူများက ကျေနပ်နေကြကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်ပြော

ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မြန်မာ့ အသွင်ကူးပြောင်းရေး ကာလမှာ နေထိုင်နေကြတဲ့ မြန်မာပြည်သူတွေကတော့ ဒီမိုကရေစီ ကျင့်သုံးမှု ကျယ်ပြန့်လာတဲ့အပေါ်မှာ ကျေနပ်နေကြောင်း ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တင်ပြသွားတာလည်းဖြစ်ပါတယ်။



မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေ အပေါ်မှာလည်း ပြင်ပကနေ လေ့လာစောင့်ကြည့်သူတွေနဲ့ ရှုမြင်ပုံခြင်း ကွဲပြားကြောင်း၊ မြန်မာနိုင်ငံက ဒေသစုံ၊ အလွှာစုံက လူတွေရဲ့ အသံတွေကိုလည်း အစိုးရက သိရှိနေကြောင်း မြန်မာ အမြဲတမ်းကိုယ်စားလှယ်ကပြောပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ မီဒီယာကိစ္စကလည်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေထဲက တခုဖြစ်ပြီး မြန်မာနိုင်ငံမှာ မိုလ်ဘိုင်းလက်ကိုင်ဖုန်း အသုံးပြုမှုကလည်း ဒေသတွင်းမှာ အမြင့်ဆုံးဖြစ်တယ်လို့ မြန်မာ အမြဲတမ်းကိုယ်စားလှယ်က ပြောဆိုခဲ့တာပါ။

ဒါ့အပြင် အင်တာနက်နဲ့ လူမှုကွန်ယက်မီဒီယာတွေ အသုံးပြုခွင့်အပေါ် ပိတ်ပင်ကန့်သတ်ချက် မရှိပဲ လုံခြုံရေးနဲ့ လွတ်လပ်မှု၊ အခွင့်အရေးနဲ့ တာဝန်ယူမှု တာဝန်ခံမှုကိုတော့ ချိန်ညှိထားနိုင်အောင် လုပ်ဆောင်နေတယ်လို့ အစည်းအဝေးမှာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ မြန်မာ့ အရေးတင်ပြခဲ့တာမှာတော့ စစ်တပ်ဘက်က စစ်တိုင်းဒေသတွေမှာ အပစ်အခတ် ရပ်စဲထားတဲ့အကြောင်း၊ ငြိမ်းချမ်းရေးကိစ္စ၊ ရခိုင်အရေး ဖြေရှင်းနေတဲ့ အခြေအနေတွေကိုလည်း မြန်မာအမြဲတမ်းကိုယ်စားလှယ်က တင်ပြောဆိုတာတွေရှိခဲ့ကြောင်းသိရပါတယ်။

No comments:

Post a Comment