Wednesday, July 3, 2019

ရန်ကုန်မြို့ရှိ ပလက်ဖောင်းများကို မူလအတိုင်းပြန်ခင်းလိုဟု ဦးမောင်မောင်စိုးပြော ခင်းပြီးသား ကွန်ကရစ်လမ်းများကို အခြားလုပ်ငန်းများကြောင့် ပြန်ဖျက်ရခြင်းသည် ဌာနချင်း ချိတ်ဆက်မှုမရှိသောကြောင့်ဟုဆို

ရန်ကုန်မြို့ရှိ ပလက် ဖောင်း(လူသွားစင်္ကြံ)များကို မူလ အတိုင်း ပြန်လည်ခင်းရန် ဆန္ဒရှိ ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးမောင်မောင်စိုးက ပြောကြား သည်။
ယခင်အစိုးရလက်ထက်က ရန်ကုန်မြို့တွင် ယာဉ်ရပ်နားရန် နေရာအခက်အခဲကို ဖြေရှင်း သည့်အနေဖြင့် ပလက်ဖောင်းအကျယ်များကို လှီးဖြတ်ခဲ့သဖြင့် လက်ရှိ၌ လူသွားရန် အဆင်မပြေ မှုများရှိနေ၍ ပြန်လည်ဆောက် လုပ်လိုသည်ဟု ၎င်းကဆိုသည်။



 ‘‘ပလက်ဖောင်းတွေ လှီး ထုတ်လိုက်တော့ ပလက်ဖောင်း ကျဉ်းသွားတယ်။ ဓာတ်တိုင်ကျန် နေခဲ့တယ်။ ဒီဓာတ်တိုင်ကို ရွှေ့ ခိုင်းရင် တချို့တွေက အင်တင် တင်ဖြစ်တယ်။ ဓာတ်တိုင်ရွှေ့ လိုက်လို့ရှိရင် အိမ်နားကပ်သွား တယ်။ အိမ်အတွက်လည်း အန္တ ရာယ်ရှိတယ်ပြောတယ်။ ကောင်း တာကတော့ ကျွန်တော် မြို့တော် ၀န်တစ်ယောက်အနေနဲ့ ကျွန် တော် ပလက်ဖောင်းကို ပြန်ခင်း ချင်တယ်။ ပလက်ဖောင်းဆိုတာ သူ့ဆိုဒ်အနေအထား ရှိကိုရှိရ မယ်’’ဟု ဦးမောင်မောင်စိုးကပြောကြားသည်။

ထို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ က ကွန်ကရစ်လမ်းများ ခင်းပြီး နောက် ဆက်သွယ်ရေးနှင့် မီးကြိုး လိုင်းများ သွယ်တန်းရန် ခင်းပြီး သား ကွန်ကရစ်များကို ပြန်ဖျက် ခြင်းရှိနေသည့်အပေါ် ပြင်ဆင်နိုင် မှုမရှိသေးဟု ၎င်းကဆိုသည်။

 ထိုသို့ ဖြစ်ပေါ်နေမှုသည် ဌာနတစ်ခုနှင့်တစ်ခု ချိတ်ဆက်မှု အားနည်းချက်ဖြစ်သည်ဟု ၎င်းက ၀န်ခံပြီး ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်နိုင်ရန် ကြိုးစားမည် ဟု ဦးမောင်မောင်စိုးက ပြော သည်။

‘‘ဌာနက ချိတ်ဆက်မှုမရှိ တာ မဟုတ်ဘူး။ ၀န်ကြီးဌာနက ကို ချိတ်ဆက်မှုမရှိတာ။ ရှင်းလား မသိဘူး’’ဟု ထိုသို့ဖြစ်ပေါ်နေရ သည့် အခြေအနေအပေါ် ၎င်းက သတင်းထောက်များအား ပြော သည်။

 လက်ရှိတွင် ခင်းပြီးသားကွန်ကရစ်လမ်းများကို ပြန်ဖျက်၍ ဆက်သွယ်ရေးကြိုးများသွယ် တန်းမည်ဆိုပါက ငြင်းပယ်မရသဖြင့် ခွင့်ပြုနေရသည်ဟု ဦး မောင်မောင်စိုးကဆိုသည်။ ထိုသို့ ဖျက်ခံရသည့် ကွန်က ရစ်လမ်းများကို ပြန်ခင်းရန် သက် ဆိုင်ရာဌာနထံမှ ကုန်ကျစရိတ် ရယူပြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီကသာမူလစံနှုန်းအတိုင်း ပြန်လည် ဆောက်လုပ်နေရသည်ဟု ၎င်းကပြောသည်။

No comments:

Post a Comment