Wednesday, July 3, 2019

လျှပ်စစ်မီးခိုးယူသုံးစွဲမှု ပပျောက်စေမည့်စနစ်ကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်နှစ်မြို့နယ်တွင် စတင်တပ်ဆင်

လျှပ်စစ်မီးကို ခိုးယူသုံးစွဲမှုများ ပပျောက်စေမည့် Advance Metering Infrastr-ucture စနစ်ကို ရန်ကုန်နှစ်မြို့နယ် တွင် Pilot Project (ရှေ့ပြေးစမ်း သပ်စီမံကိန်း)အဖြစ် စတင်တပ်ဆင် နေပြီဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၁ ရက်က ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးတွင် မင်္ဂ လာတောင်ညွန့် မဲဆန္ဒနယ်အမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် ဦးရန် အောင်၏ ရန်ကုန်တိုင်းအတွင်းပျောက် ဆုံးလျှပ်စစ်ယူနစ်များနှင့်ပတ်သက် ၍ လေလွင့်ဆုံးရှုံးမှုနည်းပါးစေရန် မည်ကဲ့သို့ စနစ်တကျစီမံချက်များ ချမှတ်ဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်းပြီး ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်စက်မှုလက် မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အထက်ပါအ တိုင်းထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ် သည်။""ဒေါပုံမြို့နယ်နဲ့ ပန်းပဲတန်းမြို့ နယ်များတွင် ပိုင်းလော့ပရောဂျက် အနေဖြင့် မီတာတပ်ဆင်ခြင်းကို AMI စနစ်အသုံးပြုပြီး တပ်ဆင်နေပါတယ်"" ဟု ၄င်းကပြောသည်။


ယင်းနှစ်မြို့နယ်တွင် တပ်ဆင် ပြီးပါက အခြားသောမြို့နယ်များ၌ လည်း ဆက်လက်တပ်ဆင်မည်ဖြစ် သည်။
"" Non-Technical Losses ဆိုတာလူကြောင့်ဖြစ်ရတဲ့ကိစ္စတွေ ပါ။ အဓိကကတော့လျှပ်စစ်ကို ခိုး ယူသုံးနေတဲ့ တရားမဝင်သုံးစွဲမှုများ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ AMI စနစ်ကို ကျွန်မတို့ကျင့်သုံးနိုင်ပြီဆို ရင် ဒီမီတာတွေကို လူနဲ့ပြောင်းလဲ ပြီးတော့ ခိုးယူသုံးစွဲတဲ့ကိစ္စမျိုးတွေ က ပပျောက်သွားမှာဖြစ်ပါတယ်""ဟု ゞင်းကပြောသည်။
မီတာကို ထိန်းချုပ်စင်တာမှ ဖတ်နိုင်သည့်အဆင့်အထိ သွားနိုင် ပါက လူကြောင့်ဖြစ်သည့် လျှပ်စစ် ခိုးယူသုံးစွဲမှုများ ကျဆင်းသွားမည် ဖြစ်ကြောင်း  ၄င်းကပြောသည်။

""ပျောက်ဆုံးလျှပ်စစ်ယူနစ်တွေ လေလွင့်ဆုံးရှုံးမှု နည်းပါးအောင် လို့ ဒါက အကောင်းဆုံးသောနည်း လမ်းဖြစ်ပါတယ်""ဟု ဝန်ကြီးဒေါ်နီ လာကျော်က ပြောသည်။ရန်ကုန်တိုင်းဒေသကြီးတစ်ခု လုံးအတွက် ပျောက်ဆုံးလျှပ်စစ်ယူ နစ်များနှင့်ပတ်သက်၍ လေလွင့်ဆုံး ရှုံးမှုနည်းပါးစေရန် ဓာတ်အားခွဲရုံ ကြီးများ အသစ်တိုးချဲ့တည်ဆောက် ခြင်း၊ ကောင်းကင်ဓာတ်အားလိုင်း များ၊ မြေအောက်ဓာတ်ကြိုးလိုင်းများ အသစ်တိုးချဲ့ခြင်း၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများကို ပုံမှန်စစ်ဆေး ခြင်း စသည်ဖြင့်ဘတ်ဂျက်ရရှိမှုအ ပေါ်မူတည်၍ ဆောင်ရွက်နေကြောင်း သိရသည်။

လစဉ်မီတာဖတ် ဝန်ထမ်းများ အား မီတာဖတ်ကြီးကြပ်ခြင်း၊ Non Technical Losses ကျဆင်းရေး အတွက် စီမံချက်အနေဖြင့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍ တရားမဝင် ဓာတ်အားသုံးစွဲသူများ ကိုစစ်ဆေးဖော်ထုတ်ခြင်း၊ တရား မဝင်ဓာတ်အားသုံးစွဲမှုများ စစ်ဆေး တွေ့ရှိပါက လျှပ်စစ်ဥပဒေ၊ တည်ဆဲ ဥပဒေများနှင့်အညီ ထိရောက်စွာ ဒဏ်တပ်အရေးယူ ဆောင်ရွက်ခြင်း၊ ရပ်၊ ပျက်၊ နှေး မီတာများစစ်ဆေး လဲလှယ်ခြင်း စသည်ဖြင့်ဆောင်ရွက် နေကြောင်း သိရသည်။

No comments:

Post a Comment