Wednesday, July 3, 2019

လျှပ်စစ်ကဏ္ဍမှာ နိုင်ငံတကာကုမ္ပဏီတွေ ဝင်ရောက်ဖို့ အလားအလာရှိနေ

လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ ပြည်ပလုပ်ငန်းတွေ လာရောက်ဆွေးနွေးထားတာတွေရှိတယ်လို့ ရင်းနှီးမြှုပ်နှံ မှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်ကပြောပါတယ်။ ဒီလိုလာရောက်ဆွေးနွေးခြင်းဟာ လျှပ်စစ်မီတာခတွေ မတက်ခင်ကဖြစ်ပြီး ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်းနဲ့ အင်္ဂလန်နိုင်ငံက လုပ်ငန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဆွေးနွေးရာမှာ ရေအားလျှပ်စစ်လုပ်ငန်း၊ ဂတ်စ်တာပိုင်နဲ့ လျှပ်စစ်ထုတ်တဲ့လုပ်ငန်းအပါအ၀င် လျှပ်စစ်ဖြန့်ဖြူးပေးတဲ့လုပ်ငန်းတွေလည်းပါတယ်လို့ သိရပါတယ်။ ဒါပေမယ့်လာရောက်လုပ်ကိုင်ဖို့ လိုအပ်တဲ့လုပ်ငန်းစဉ်တွေနဲ့ ထောက်ခံချက်တွေကိုသာ လာရောက်ဆွေးနွေးတာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးပမာဏ အတိအကျကိုတော့ ပြောကြားခြင်း မရှိဘူးလို့သိရပါတယ်။

No comments:

Post a Comment