Wednesday, July 3, 2019

နိုင်ငံရေးနယ်ကလူ၊ ‘စာ’သမားနှင့် နောက်ဆက်တွဲအတွေးများ

(၁) တစ်လောက ဆွေးနွေးပွဲတစ်ခုအပြီးမှာ  မတွေ့တာကြာ နေသောစာရေးဖက်၊ စာအုပ်ထုတ်ဖက်၊ အလုပ်တချို့ အတူလုပ်ခဲ့သော မိတ်ဆွေတစ်ဦးနှင့်ဆုံသည်။ သူ က ဒီနေရာမျိုး သိပ်လာလေ့မရှိ သူ။ ခုက အနားက ရုံးတစ်ခုဆီလာ ရင်း စာရေးသူတို့ရှိနေကြသည်ကို သိပြီး ပြီးခါနီးချိန်မို့ တမင်စောင့် နေခြင်း။ သို့နှင့် ဆွေးနွေးပွဲအပြီး မှာ အလွတ်သဘော စကားဝိုင်း ဆက်ပြောလိုကြသူတချို့ကို တောင်းပန်၍ ထိုမိတ်ဆွေနှင့်အ တူ အရင်လိုပဲ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ကြသည်။ နှစ်ယောက်လုံး မှာ မိခင်အိုတွေရှိကြဆဲမို့ နေ ကောင်းထိုင်သာ၊ ဘာညာတွေ ပြောပြီး လာရင်းကိစ္စကိုမေးတော့ ထွေထွေထူးထူးမရှိ။ သို့နှင့် စာရေး ကျဲနေကြခြင်း အကြောင်းဆီ စကားရောက်သွားကြသည်။ သူ့အမြင်ကတော့ နည်းနည်းပြင်းပါ သည်။ အရမ်းထိန်းရေးရ၍၊ နောက်ပိုဆိုးတာက စစ်ထောက် လှမ်းရေးလက်အောက် စာပေစိ စစ်ရေးခေတ်ကထက် ကိုယ့်စာ ကို ကိုယ် ပိုချိန်ဆနေရ၍။ စိတ်ထဲ စကားလုံးတချို့ တရွရွတက်လာ သည်။

ယခုလက်ရှိ ယနေ့စာရေး နေသူတွေ၊ ဂျာနယ်လစ်တွေ၊ ကွန် မန်တေတာတွေ အကြောင်းပြော လိုက်ချင်၍။ သို့ငြား မပြောဖြစ် လိုက်။ သူသည်လည်း ရှေ့နောက် အတော်မီသော နိုင်ငံရေးလောက ဖြစ်ရပ်နောက်ခံမှလာသည့် စာရေးသူ၊ အယ်ဒီတာတစ်ဦးအဖြစ် အတော်ကြာခဲ့၍ပင်။ စာရေစီး တွေကို နိုင်ငံရေးဘက်မှ ခြုံငုံပြော နိုင်သူ ဖြစ်နေဆဲမို့ပင်။ လူသိ သိပ်မများသော်ငြား ဤနယ်ပယ် ကလူတွေ သူ့ကို ချစ်ခင်ကြတာ များပါသည်။ စာအတော်ဖတ်ပြီး အတော်ရေးခဲ့သူ။ ယခုတော့ ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းတွေနှင့် နေရသည်ထက် ခပ်အေးအေးအ ဝေးကပဲ နေတော့မည် စိတ်ကူးဖြင့် ဘာသာပြန်စာအုပ်တွေပဲ ယူပြန်ပေးနေတော့ကြောင်း၊ မိခင်ကျန်း မာရေးကိုလည်း အနီးကပ်ကြည့် လို၍ဟု ဆိုပါ၏။ အချိန်နှင့်အမျှ ရေးနေရင်တောင် စာရေးခြင်း သက်သက်ဖြင့် ရပ်တည်ဖို့မလွယ် လှသောကြောင့် စာအုပ်တွေဘာ သာယူပြန်ရုံဖြင်တော့ စားဝတ်နေ ရေးသိပ်အဆင်ပြေမည်မဟုတ်။ ပြေရင်လည်း အတော်ကျပ်ပါလိမ့် မည်။ မိသားစုနည်း၍၊ အိမ်ပိုင် ရှိ၍၊ ချွေတာသုံးတတ်ပြီး အနေအ ထိုင်ကျစ်လျစ်၍ ဆိုလျှင်တောင် အတော်လျှော့ရပါလိမ့်မည်။ ထဲ ထဲဝင်ဝင် အကဲခတ်တတ်သူ၊ အ ကြောင်း သေချာသိကြသူချင်း ပြောစရာသိပ်မရှိလှ။

သည်လိုနှင့်ပဲ ၁၉၈၈ နောက် ပိုင်း ဆယ်စုနှစ်များတွင် စာပေ နယ်မှာ အတော်ကြိုးပမ်းထက်မြခဲ့ သူတွေ လူနေမှုဆိုသည့်ဖိစီးချက်များကြောင့် အတော်များများ ယိုင်နဲ့လာခဲ့ကြခြင်းဆီ စကားရောက် သွားကြသည်။ တချို့ကတော့ ဘာ လုပ်နေမှန်းတောင် သိပ်မသိကြ ရတော့။ နှစ်ပတ်လည်အခမ်းအ နားမျိုးကျမှ တွေ့တစ်ချက်၊ မတွေ့တစ်ချက် ဖြစ်ကုန်သူတွေ လည်း ဒုနဲ့ဒေး။ တချို့ကတော့ အရက်နွံထဲ စိတ်ဓာတ်တွေကျ၊ ဘဝပါပျက်ပြား။ တချို့ကတော့ အရောင်ပြောင်း ပုတ်သင်တွေ ဖြစ်။ တချို့လည်း တိုက်ကားခြွေရံ လိုသည်ထက်ပိုများ။ တချို့လည်း လုပ်ငန်းရှင် အရွယ်အစားစားတွေ ဖြစ်။ တချို့ကတော့ ၂၀၁၂ နောက် ပိုင်း ပါတီနိုင်ငံရေးဘက် ပိုဇောက် ချရင်း အမတ်တွေ၊ နိုင်ငံရေးရာ ထူးကြီးတွေဖြစ်။ တချို့လည်း အဲ..အဲ့သည်အစုကတော့ ပိုများမည်။ ကိုယ့်ဝမ်းကိုယ်ပြန်ကျောင်းကြ ရင်း၊ ခပ်လှမ်းလှမ်းမှာ နေကြရင်း ဘဝအမောတွေ၊ ကမောက်ကမ ရေစီးတွေကို အန်တုနေကြသည်။

အတော်နည်းသော အရေအ တွက်ကတော့ နဂိုစိတ်အတိုင်း အ နေအထားတစ်ခုဆီ လှမ်းလာနိုင် ကြပါ၏။ သက်မွေးဝမ်းကျောင်း ဖူလုံ၍ ပညာရပ်များ လိုအပ်သော ဝမ်းစာများ ဆက်ဆက်ဖြည့်ယူကြ ပြီး ပိုလုပ်နိုင်၊ ကိုင်နိုင် လာကြ သည်။ ခေတ်သည် တစ်သမတ် တည်းမဟုတ်တော့သည့်အပြင် ယနေ့ကာလသည် အတော်ပြွမ်း တီး ရောယှက် ရွေးရခက်လာ ကြောင်း အများစုက ဆိုပေမည်။ ရွေးစရာပိုများလာတာ ထင်ရှား ငြား  အရွေ့နှင့် အရွေးကြား ပြုတ်ကျသူ၊ ဆက်လှမ်းသူ၊ ပိုတက်လာ သူ.. ရေချိန်အမျိုးမျိုးလည်း ရှိကြ၊ဖြစ်ကြ။ ယနေ့ အသက်(၄၅)အထက် နိုင်ငံရေးအခံမှ လာသူ များကို ခြုံပြောခြင်းမျှသာ။ သေချာတာတစ်ခုက အတော်မြန်ဆန် သော ရေစီးကြောင်းတို့ကို ဖြတ် သန်းနေကြရင်း အများစုက ဘဝင် မကျစိတ်များနေကြတာဟု တွေးမိ ပါ၏။ ထိုညနေအပြန်မှာ ခေါင်းထဲ ပေါ်ပေါ်နေမိသည်က မကြာ ခဏလည်း ပေါ်နေကျ၊ ခေတ်အ ပေါ် ရေစီးသန်ကာလတစ်ဖြတ်မ က တာဝန်ကျေခဲ့သူတို့အကြောင်း ဖြစ်ပါ၏။ ထိုသူတွေ ဘာပဲပြော ပြော တာဝန်ကျေခဲ့ကြပါသည်။ အဲ... လုံးဝ U turn နီးပါး စိတ် ဓာတ်၊ လုပ်ရပ် ဆိုးသွမ်းပြောင်း လဲသွားသူတချို့တော့လည်း ရှိပါသည်။ လောကီလောက နိယာမ ပင်။

(၂)

ရည်ရွယ်ချက်နှင့် ပိုင်းဖြတ် ချက်.. လူတွေလုပ်ကြကိုင်ကြရာ၌ ဤနှစ်ချက်တူကြသလား၊ ရကောရကြသလား။ နှစ်ပိုင်းရှိပါမည်။ ထိုသူတစ်ဦးဦးကို ဘဝတစ်ခုလုံးနှင့် ယှဉ်တွေးဆုံးဖြတ်ဖြစ်စေ၊ လုပ် ဖြစ်စေသော စေ့ဆော်တိုက်တွန်း ချက်ကြီး၊ ဥပမာ ၈၈ ဒီမိုကရေစီ ရေး ရုန်းကြွမှုကြီးကဲ့သို့ ဖြစ်ရပ် မျိုး ကြုံဖူးသူလား။ ကိုယ်တိုင် မကြုံဖူးသူများပင် မပါသူများ လည်း နိုင်ငံရေးဘက် ဘဝဦးလှည့် သွားစေသော အကြောင်းရင်းခံ များစွာရှိစေခဲ့ပါ၏။ နောက်တစ်ချက်က သာမန် ပြည်သူလူထု (Ordinary People ယူပါ) တစ်ဦးချင်းစီ၏ ရည်မှန်းချက်၊ ပိုင်းဖြတ်ချက်နှင့် ဘဝ။ နိုင်ငံသားတို့၏...ဟု ယူကြရမည်ဖြစ်သည်။ အပေါ်က ပုဂ္ဂိုလ်တွေက ဘဝနှင့်တည့် မတ်လာဆုံမှု၊ သို့မဟုတ် လေ့လာမိရင်း စိတ်ထဲခိုင်မာရောက်ရှိမှု၊ ထိုအခြေခံကြာင့် ဘဝနှင့်စိတ်ကို ပေးလိုက်ကြ၏။ သာမန်ပြည်သူ အများစုကတော့ ကိုယ့်နိုင်ငံမ ပြောနှင့် ဂျပန်၊ အမေရိကန်၊ သြစ တြေးလျမှာပဲဖြစ်စေ ဘဝပါ အလကားတော့ ပေးကြမှာတော့ မ ဟုတ်။ ပေးခဲ့ကြပြီးသည်ဆိုလျှင် ပင် လူပီသစွာ ပေးသလောက် ပြန်ရချင်စိတ်တော့ ရှိကြပေမည်။ ဖေ့စ်ဘွတ်ခ်မှာ ဤစိတ်အခံကို အများဆုံးတွေ့ကြရပါ၏။

ထား.... သာမန်ပြည်သူ အများစု၏ ရည်ရွယ်ချက်၊ ပိုင်းဖြတ် ချက်ကို စေ့ငုခြုံပြောရလျှင် လူမှု ပြဿနာများ၏ အကျိုးဆက် Impact of social problems မှာ အတော်လာတည်ကြောင်း တွေ့ရဆဲဖြစ်ပါ၏။ တည့်တည့်ပြောရ လျှင် ပညာရေး၊ ပညာစိတ်အခံ rational ချို့တဲ့မှုဖြစ်ပြန်သည်။ ဤနေရာမှာ ရည်ရွယ်ချက်က ဆရာဝန်၊ ပိုင်းဖြတ်လိုက်ရသည် က ဈေးရောင်း ဟူသော ဥပမာ ကနေ ဆက်တွေးကြည့်စေချင်၏။ လူမှုပြဿနာများထဲမှာ ထိပ်ဆုံး အကျဆုံးသည် တိရစ္ဆာန်အဆင့် သာသာ လိုအင်ပင် မပြည့်ရခြင်း ကြောင့်ဟု တဲ့(တည့်)ဆိုကြသည်။ နိစ္စဓူဝများနှင့်၊ စားဝတ် နေရေးနှင့် တိုက်ရိုက်ဆိုင်၏။ နောက်တစ်ဆင့်တက်လျှင် စိတ် ပိုင်းဆိုင်ရာတွေပါသည်။ လောက နှင့် ဘဝကို ကြည့်မြင်ပုံတွေ ပါ မည်။ အနုပညာပါသည်။ ပျော့ပျောင်းနုညက်ခြင်းကို၊ ကြမ်းတမ်း ခြင်းကို တုံ့ပြန်ရာ၌ ဘယ်အခံက ပိုများလဲ ပါဝင်သည်။ ပြည်သူအ များစုက ဤအထိ မသိချင်၊ မတွေးချင်ပါ၊ ဓမ္မတာပင်။ လောလော ဆယ် ဘာပြေလည်မလဲဆိုသော ခေါင်းစဉ်အောက်က အမြဲသွားနေ ရသော ကာလရှည်ကြာလျှင် ပို မွန်းကျပ်သည်။ အပေါ်က ပုဂ္ဂိုလ်များပင် မခံနိုင်သူများလှ၏။ လက် ဖက်ရည်တစ်ခွက်ဖိုးက အရက် တစ်ပိုင်း(ပုလင်းဝက်)ထက် နည်း လာသောအခါ....  ပိုင်းဖြတ်ရဲ၊ လုပ်ရဲခဲ့သူတွေလည်း ရေရှည်ဒဏ် မခံနိုင်ခြင်းဖြင့် ခဏတာ ထွက် ပေါက် ရောက်ကုန်သည်။

လူမှုပိုင်းဆိုင်ရာများကို တွေးမိတိုင်း နက်နက်ရှိုင်းရှိုင်း ကွဲအက် လူ့အဖွဲ့အစည်း (Deeply dividedsociety) ဟု နိုင်ငံရေး ငြိမ်းချမ်းရေး ရှုထောင့်က အမြင်အောက် မသွတ်သွင်းလိုက်ကြသင့်တာကို လည်း မမေ့သင့်ကြပါ။ မှန်ကန် စွာ တွေးခေါ် ကျင့်ကြံနိုင်သူများ ကြောင့် ဤပြည်သူတို့ နေတတ်နေနိုင်ကြဆဲ။ အဆိုးဆုံးအနေအ ထားတွေကို အန်တုရင်ဆိုင်ကျော် ဖြတ်သည်ပဲ။ ပိုကောင်းပိုတတ်ဖို့ လုံ့လပိုပြုရမည့်တာဝန်ထဲမှာ စာရေးသူ၊ အယ်ဒီတာ၊ ဂျာနယ်လစ်၊ ပညာရှင်တွေလည်း ပါပါသည်။ ပြည်သူလူထု၊ ‘လူ’ တွေအတွက်နိုင်သမျှ ပေးနေ၊ ပေးခဲ့ကြဖို့ဖြစ်၏။ နိုင်ငံရေးသမားတွေကိုက တမင်ထည့်မပြောခြင်းပင်။ ပင်မတာ ဝန်လေ။ ဘာတွေ လောလော ဆယ်ပေးမည်လဲ။ နိုင်ငံရေးနှင့် လူရေးလူရာကိုပဲ ဦးတည်ပေးကြ ရဦးပေမည်။ ရည်ရွယ်ချက်၊ ပိုင်းဖြတ်ချက်အတွက် ထိပ်ဆုံးကနေ အစွမ်းဆုံး တွေးနိုင်၊ ပေးနိုင် ကောင်းစေနိုင်သူကို နိုင်ငံ၏အင် တဲလက်များ (Intellectuals) ဟု ယဉ်ကျေးသူတိုင်း သိမှတ်ပြုကြပါ ၏။ ခုချိန်က မက်လုံးတော့ ပိုလို သည်။ တကယ်အနစ်နာခံ ဆောင် ရွက်ခဲ့သူများကို အကုန်အစင်မချီးမြှောက်သေးလျှင်တောင် တရားဝင် အသိအမှတ်ပြုခြင်းဖြင့် နိုင်ငံ တော်ဘက်က စတင်ပေးဖို့ လိုပါ သည်။ တစ်ဖက်မှဆက်တွေးရင် ၈၈ မှစ ဘဝ၏ ရည်မှန်းချက် အကုန် ‘ပေး’လိုက်ကြသူတို့အပေါ် သူ့သဘော သူဆောင်တာပဲဟု တော့ လုံးဝ ယတိပြတ်ကြီး မသတ် မှတ်လိုက်သင့်ပါ။ အလျဉ်းသင့် ရင်တော့ ယခုကြောင်းရာကို ဆက် ရေးဖြစ်ပါဦးမည်။

အဆင့်တစ်ရပ်ရှိ စာရေးသူကောင်းတွေ၊ အယ်ဒီတာကောင်း တွေ၊ အနုပညာသမားတွေ၊ ဂျာနယ်လစ်ကောင်းတွေ၊ ကျောင်းဆရာကောင်းတွေ.... အင်တဲလက်တွေ.... နိုင်ငံမှာ များများ လိုပါ၏။ ဘယ်အစိုးရမှ မလုပ် ပေးနိုင်သော၊ လူမှုပြဿနာများ ကို ပိုလျှော့ချပေးနိုင်သော၊ သိမြင်မှုနှင့် အယူအဆပိုင်းမြှင့်ပေးသော အလုပ်များကြောင့်ဖြစ်၏။

ဤစာအစပိုင်းက မိတ်ဆွေ.. သူ ဆက်ပိုင်းဖြတ်လိုစိတ်၊ လုပ်လိုစိတ်ရှိ၊ မရှိတော့ သေချာပြော၍ မရသေး။ သူ့လိုလူတွေ၏ ကိုယ် ရည်ကိုယ်သွေးတွေ မရတော့တာ ကတော့ အများအတွက် နစ်နာပါ သည်။

No comments:

Post a Comment