Wednesday, July 3, 2019

ရာသီဥတုဆိုးရွား၍ ရန်ကုန်-စစ်တွေ လေယာဉ်ခရီးစဉ်အချို့ ဖျက်သိမ်း

 ရာသီဥတုဆိုးရွား၍ ရန်ကုန်မှ စစ်တွေသို့သွားရောက် မည့် လေယာဉ်ခရီးစဉ်အချို့ ယမန်နေ့ ညနေ ၄ နာရီခွဲအထိ ထွက်ခွာနိုင်ခြင်းမရှိခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။ ဇူလိုင် ၁ ရက် နံနက်တွင် စစ်တွေမြို့သို့ ထွက်ခွာခဲ့သည့် Golden Myanmar လေကြောင်း လိုင်းမှ လေယာဉ်နှင့် Yangon Airway လေကြောင်းလိုင်းမှ လေ ယာဉ်တို့သည် နံနက် ၉ နာရီခန့်၌ ရာသီဥတုဆိုးရွားသဖြင့် စစ်တွေလေဆိပ် မရောက်မီရန်ကုန်မြို့သို့ လှည့်ပြန်လာခဲ့ကြောင်း ၎င်းကပြောသည်။



 ‘‘နေ့လယ်နှစ်စီးရှိတယ်။ မန်းရတနာပုံလေကြောင်းလိုင်းနဲ့ အဲကမ္ဘောဇလေကြောင်းလိုင်း။ သူတို့က Cancel လုပ်လိုက်ပြီ။ ညနေနှစ်စီးရှိတယ်။ မြန်မာအမျိုး သား  လေကြောင်းလိုင်းနှစ်စီး။ သူတို့ကတော့ စောင့်နေကြတုန်း ပဲ’’ ဟု ဦးရဲထွဋ်အောင်က ယမန်နေ့ညနေ ၄ နာရီခွဲခန့်တွင် ပြောသည်။

ရန်ကုန်မှ စစ်တွေမြို့သို့ နံနက်တွင် ထွက်ခွာခဲ့သည့် Golden Myanmar လေကြောင်း လိုင်းနှင့် Yangon Airway လေ ကြောင်းလိုင်းအနက် Golden Myanmar လေကြောင်းလိုင်း သည် ညနေ ၄ နာရီခွဲအထိ ပျံ တက်နိုင်ရန် စောင့်ဆိုင်းနေဆဲဖြစ် ပြီး Yangon Airway က ခရီးစဉ် ကို ဖျက်သိမ်းခဲ့သည်။  ရန်ကုန်-စစ်တွေလေ ကြောင်းခရီးစဉ်သည် ရန်ကုန်မြို့ မှ ထွက်ခွာသည့် လေယာဉ်ကို စစ်တွေလေဆိပ်ရှိ ခရီးသည်များ က ပြန်လည်လိုက်ပါရသဖြင့် ဇူလိုင် ၁ ရက်အတွက် ရန်ကုန်- စစ်တွေခရီးစဉ် ထွက်ခွာနိုင်မှသာ စစ်တွေ-ရန်ကုန်ခရီးစဉ် ပျံသန်း နိုင်မည်ဖြစ်သည်။

No comments:

Post a Comment