Wednesday, July 10, 2019

အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ်တွင် အိုင်ဗရီကို့စ်နှင့် အယ်လ်ဂျီးရီးယားတွေ့

ခရစ္စတယ်ပဲလေ့စ် တိုက် စစ်မှူး ဇာဟာ၏ တစ်လုံးတည်း သောဂိုးဖြင့် အိုင်ဗရီကို့စ်သည် မာလီကို ၁-၀ ဂိုးဖြင့် အနိုင်ရပြီး အာဖရိကနိုင်ငံများဖလား ကွာ တားဖိုင်နယ်သို့ တက်ရောက်ခဲ့ သည်။ေ နွရာသီတွင် အာဆင်နယ် သို့ ပြောင်းရွှေ့မည်ဟု သတင်း ကြီးနေသူ ဇာဟာ၏ဂိုးကြောင့် အိုင်ဗရီကို့စ်သည် မာလီနှင့် တွေ့ ဆုံတိုင်း ရှုံးပွဲမရှိ စံချိန်ဆက်လက်ထိန်းနိုင်ခဲ့ပြီး ကွာတားဖိုင်နယ် တွင် အယ်လ်ဂျီးရီးယားနှင့် ကစားမည်ဖြစ်သည်။



‘‘ဒီနိုင်ပွဲအပေါ် ကျွန်တော်တို့ ပျော်ရွှင်ရပါတယ်။ မာလီက အ သင်းကောင်းဖြစ်လို့ ဒီနိုင်ပွဲက သိပ်ခက်ခဲပါတယ်’’ဟု အိုင်ဗရီကို့စ် နည်းပြ ကာမာရာက ပြောသည်။

သို့သော် ၂၀၁၅ အာဖရိက ဖလားချန်ပီယံ အိုင်ဗရီကို့စ်သည် လေးနှစ်အတွင်း ဒုတိယမြောက် ဆုဖလားရယူလိုပါက လာမည့် ပွဲစဉ်များတွင် ယခုထက် ပိုမိုခြေ စွမ်းကောင်းရန် လိုအပ်ပြီး တိုက် စစ်ပိုင်းက ဂိုးသွင်းသေချာရန် ကြိုးပမ်းရမည်ဖြစ်သည်။

‘‘ကျွန်တော်တို့ပွဲကို ကောင်း ကောင်းစတင်နိုင်ခဲ့ပြီး အခွင့်အ ရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါ တယ်။ ဒါပေမဲ့ အဆုံးသတ်ညံ့ ခဲ့ပါတယ်’’ဟု မာလီနည်းပြ မာဂက်စ်ဆော်ဘာက ပြောသည်။

အခြားပွဲစဉ်တွင် တူနီးရှား က ဂါနာကို ပင်နယ်တီအဆုံးအ ဖြတ်ဖြင့် အနိုင်ရကာ ကွာတား ဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။

သာမန်ပွဲကစားချိန် တစ်ဂိုး စီသရေကျပြီးနောက် ပင်နယ်တီ ကန်သွင်းရာ တူနီးရှားက ဂါနာကို ၅-၄ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယင်းမှာ တူနီးရှားအနေဖြင့် အာဖရိကဖလားပြိုင်ပွဲတွင် (၅၄) နှစ်အတွင်း ဂါနာကို တစ်ခါမျှ အနိုင်မရဖူးသည့် မှတ်တမ်းဆိုး ကို ရိုက်ချိုးနိုင်ခြင်းဖြစ်သည်။

 ကွာတားဖိုင်နယ်ပွဲစဉ်များ ကို ဇူလိုင် ၁၀ ရက် (ယနေ့ည) တွင် ဆီနီဂေါနှင့် ဘီနင်၊ ဇူလိုင် ၁၁ ရက်တွင် နိုင်ဂျီးရီးယားနှင့် တောင်အာဖရိက၊ အိုင်ဗရီကို့စ် နှင့် အယ်လ်ဂျီးရီးယား၊ ဇူလိုင် ၁၂ ရက်တွင် မာဒါဂါစကားနှင့် တူနီးရှားတို့ ကစားမည်ဖြစ်သည်။

No comments:

Post a Comment