Wednesday, July 10, 2019

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စာသင်ကျောင်းများ၌ မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ ကာကွယ်ပေးသင့်ကြောင်း ယူနီဆက်ဖ်တိုက်တွန်း

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စာသင်ကျောင်းများနှင့်တစ်ဝိုက်၌ မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ ကာကွယ်ပေးသင့်ပြီး အစိုးရများက ထိုကိစ္စကို ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂ၏ ကလေးသူငယ်ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်၏ ဥက္ကဋ္ဌဌ ဟင်နရစ်တာဖိုရီက ပါရီတွင် ဂျီ-၇ ဝန်ကြီးများဆိုင်ရာထိပ်သီး၏ ဘေးဆွယ်တွေ့ဆုံမှု၌ အေအက်ဖ်ပီကို ပြောကြားခဲ့သည်။



မိန်းကလေးငယ်များအား ဘေးကင်းလုံခြုံစွာထားရှိမှုသည် ゞင်းတို့၏ ပညာရေးအတွက် အလွန်အမင်းအရေးပါကြောင်း၊ ကျောင်းများတွင် အခြားကျောင်းသားများ သို့မဟုတ် ゞင်းတို့၏ ဆရာများ၏လက်ချက်ဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမဖြစ်ပွား စေရန်အတွက် အမှန်တကယ်တာဝန်ရှိကြောင်း ゞင်းက ပြီးခဲ့သောသီတင်းပတ်၌ အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများသည် မိန်းကလေးငယ်များ ကျောင်းသို့သွားသည့်လမ်းများနှင့် နေအိမ်သို့ပြန် ချိန်တွင်လည်း သက်ရောက်မှုများရှိကြောင်း၊ ゞင်းက မကြာသေးမီက သွားရောက်ခဲ့သည့် တောင်အာဖရိကကဲ့သို့ အာဖရိကရှိ နိုင်ငံအချို့တွင် မိန်းကလေးငယ်အချို့သည် ကျောင်းသို့အသွားနှင့် အပြန်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားခဲ့ရကြောင်း ဖိုရီက ပြောကြားခဲ့သည်။

ယင်းသည် သီးခြားဖြစ်ပွားနေသော ဖြစ်စဉ်မဟုတ်ဘဲ ဆီနီဂေါတွင်လည်း ဆရာများသည် မိန်းကလေးငယ်များအား ငွေကြေး၊ လက်ဆောင်သို့မဟုတ် အတန်းအဆင့်ကောင်းကောင်းရရှိရန်အတွက် လိင်အလဲအထပ်ပြုလုပ်ရန် အကျပ်ကိုင်မှုများရှိကြောင်း လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့က ပြီးခဲ့သော နှစ်တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၃၀ ပြည့်နှစ် မတိုင်မီ အခွင့်အရေး သာတူညီမျှရရှိရန်နှင့်  အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား အကြမ်းဖက်မှု အဆုံးသတ်စေရန် ကုလသမဂ္ဂက ၂၀၁၅ ခုနှစ်တွင် ရည်မှန်းချက်များ ချမှတ်ခဲ့သော်လည်း ပြီးခဲ့သောလတွင် ထုတ်ပြန်ခဲ့သော Equal Measures 2030 အစီရင်ခံစာအရ ထိုရည်မှန်းချက်များ ပြည့်မီရန်အတွက် လုပ်ဆောင်ခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဂျီဟတ်အကြမ်းဖက်တိုက်ခိုက်မှု ကြုံတွေ့နေရသော ဘာကီနာဖာဆို၊ ချဒ်၊ မာလီ၊ မော်ရစ်တေးနီယားနှင့် နိုင်ဂျီးရီးယားတို့ ပါဝင်သည့် ကျယ်ပြန့်သော အာဖရိက ဆာဟယ်ကဲ့သို့ ဒေသများတွင် မိန်းကလေးငယ်များ၏ ပညာရေးအတွက် ခိုင်မာသော ကတိပြုမှုသည် အရေးပါကြောင်း ဖိုရီက ပြောကြားခဲ့သည်။

နိုင်ငံများသည် အများအားဖြင့် မိန်းကလေးငယ်များအား အရေးမပါဟု သတ်မှတ်ထားကြောင်း၊ သို့သော် စီးပွားရေးတွင် အမျိုးသမီးငယ်များ၏ စွမ်းအားသည် တိုင်းတာ၍ မရကြောင်း၊ မိန်းကလေးငယ်များသည် ကမ္ဘာကြီးအတွက် ဧရာမ အဖိုးတန်ကြောင်း ゞင်းက ပြောကြားခဲ့သည်။   

No comments:

Post a Comment