Wednesday, July 10, 2019

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ငါးနှစ်အရွယ် ကျောင်းသူတစ်ဦးအား ထမင်းလာပို့သူက အဓမ္မပြုကျင့်

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ နယ်တွင် KG ကျောင်းသူတစ်ဦး သားမယား ပြုကျင့်ခံရမှုဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၉ ရက်တွင် သက်ဆိုင်ရာရဲစခန်းမှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ သားမယားပြုကျင့်ခံရသူမှာ မအူပင်မြို့နယ်နေ မ.... (ငါးနှစ်) ဆိုသူဖြစ်ပြီး ゞင်းသည် အောင်ဟိတ်ကျေးရွာအုပ်စု စံလင်းဒေါင့် ကျေးရွာမူလွန်ကျောင်းတွင် KG တန်း တက်ရောက်နေသူဖြစ်ကာ ထမင်းစားချိန်တွင်  စံလင်းဒေါင့်ကျေးရွာနေ မောင်....(၁၅ နှစ်) ဆိုသူက ကျောင်းအနောက်ဘက်သို့ ခေါ်ဆောင်၍ သားမယားပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။



အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ မအူပင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးအား ဆက်သွယ်မေးမြန်းရာ ゞင်းက “ဟုတ်ပါတယ်။ ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်က မနေ့ က ၈ ရက်နေ့က နေ့ခင်းထမင်းစားဆင်းချိန်ပေါ့။ ၁၂ နာရီမှာ ထမင်းစားကျောင်းဆင်းတယ်။ ထမင်းစားကျောင်းဆင်းတဲ့အချိန်မှာ အဲဒီကျူးလွန်တဲ့ကောင်လေးက ကျူးလွန်ခံရတဲ့ ကောင်မလေးကို ကျောင်းနောက်ဖေးကို လက်ဆွဲခေါ်သွားပြီးတော့ Rape လုပ်တာပါ”ဟု မအူပင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ပြစ်မှုကျူးလွန်သည့် လူငယ်မှာ အသက် ၁၅ အရွယ်ရှိပြီး စံလင်းဒေါင့်ကျေးရွာတွင် နေထိုင်သူဖြစ်ကာ ထမင်းစားကျောင်းဆင်းချိန်တွင် အဆိုပါကျောင်းတွင် တက်ရောက်နေသည့် ゞင်း၏ညီမများကို ထမင်းချိုင့်လာပို့သူဖြစ်ကြောင်း၊ ရဲတာဝန်ရှိသူများ စစ်ဆေးရာတွင် ကျူးလွန်သည်ဟု ဝန်ခံထွက်ဆိုထားကြောင်း အဆိုပါ တာဝန်ကျအရာရှိက ဆက်လက်ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍  ကျူးလွန်သူဟုဆိုသည့်  ၁၅ နှစ်အရွယ် လူငယ်အား မအူပင်မြို့မရဲစခန်းက (ပ)၈၅၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ကာ ဆက်လက်စစ်ဆေးနေကြောင်း မအူပင်မြို့မရဲစခန်းမှ သိရသည်။

No comments:

Post a Comment