Wednesday, July 10, 2019

ကျောက်ဖြူမြို့နယ်တွင် ဆွံ့အ၊နားမကြား၊ မသန်စွမ်း အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှုအပေါ် အမှုဖွင့်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် အသက် ၂၀ အရွယ် ဆွံ့အ၊ နားမကြား၊ မသန်စွမ်းအမျိုးသမီးတစ်ဦး ခြိမ်းခြောက် အဓမ္မပြုကျင့်ခံခဲ့ရမှုအပေါ် မိခင်ဖြစ်သူက အမှုဖွင့်ခဲ့ကြောင်း၊ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး ကိုယ်ဝန်ငါးလကျော်ရှိမှသာ မိဘများသိရှိခဲ့ရကြောင်း သိရသည် အဆိုပါ မသန်စွမ်းအမျိုးသမီးငယ်မှာ အသက်ခြောက်နှစ်အရွယ်က နာမကျန်းဖြစ်ပြီး နားထိုင်း၊ ဆွံ့အကာ ကိုယ်လက်မသန်စွမ်း ဖြစ်ခဲ့ရကြောင်းနှင့် ယခုအခါတွင် အသက် ၂၀ ရှိပြီဖြစ်ကြောင်း၊ သူမအား တစ်ရွာတည်းနေ ဆွေမျိုးတော်စပ်သူတစ်ဦးက နေအိမ်သို့ လာရောက်ပြီး ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည့်အတွက် ထိုသို့ကိုယ်ဝန်ရှိလာခြင်းဖြစ်ကြောင်း၊
မိခင်ဖြစ်သူက မသင်္က࿿ာသည့် အတွက်မေးမြန်းပြီး ဆေးစစ်ကြည့်ရာ ကိုယ်ဝန်ခြောက်လခန့်ရှိနေပြီဖြစ်သည်ကို သိရှိရခြင်းဖြစ်ကြောင်းလည်း တိုင်းတန်းချက်များအရ သိရသည်။

“ကျွန်တော်တို့စခန်းမှာ အမှုဖွင့်ထားပါတယ်။ မိခင်ကလာပြီး အမှုဖွင့်တာပေါ့။ တရားခံကလည်း တစ်ရွာတည်းသားဆိုတော့ လာတိုင်တာနဲ့ ထွက်ပြေးတိမ်းရှောင်နေတယ်။ ကျွန်တော်တို့ကတော့ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေပါတယ်။ ပုဒ်မ ၃၇၆ မုဒိမ်းမှုနဲ့ အမှုဖွင့်လှစ်ထားပါတယ်” ဟု ကပိုင်ချောင်း ရဲစခန်းမှူး ရဲအုပ်အောင်ဇော်မိုးက ဆိုသည်။ အဓမ္မပြုကျင့်ခဲ့သူဟုဆိုသူအား ကပိုင်ချောင်းရဲစခန်းက(ပ) ၁၇/၂၀၁၉၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိသည်။

No comments:

Post a Comment