Wednesday, July 10, 2019

ယခုနှစ်အတွင်းဇွန်လအထိတစ်နိုင်ငံလုံးတွင်သက်ငယ်မုဒိမ်းမှုပေါင်း နှစ်ရာနီးပါးဖြစ်ပွားခဲ့

မြန်မာနိုင်ငံတွင်သက်ငယ်မုဒိမ်းဖြစ်ပွားမှုမှာယခုနှစ်စမှ ဇွန်လအထိအမှုပေါင်း ၁၉၂ မှုအထိရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၈၉၈ မှုနှင့်၂၀၁၈ခုနှစ်တွင်၁၀၃၁မှုဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်များအရသိရသည်။ အဆိုပါသက်ငယ်မုဒိမ်းမှုများအနက် အသက်၂ နှစ်မှ ၅ နှစ်အထိ ဖြစ်ပွားနှုန်းမှာ ၂၀၁၇ ခုနှစ်တွင် ၂၇ မှု၊ ၂၀၁၈ ခုနှစ်တွင် ၃၁ မှုနှင့် ၂၀၁၉ ခုနှစ်တွင် ၅ မှုရှိခဲ့သည်။ သက်ငယ်မုဒိန်းနှင့်ပတ်သက်၍၂၀၁၈ခုနှစ်အတွင်းသေဒဏ်ချလိုက်သည့် အမှုငါးမှုရှိပြီး နှစ် ၂၀ ချလိုက်သည့် အမှုပေါင်း ၃၃၃ မှု ရှိခဲ့သည်။



ယင်းအပြင် ၁၀ နှစ်နှင့် နှစ် ၂၀ ကြား ပြစ်ဒဏ်ချမှတ်လိုက်သည့် အမှုပေါင်း ၂၇ မှု၊ ၁၀ နှစ် ပြစ်ဒဏ်ချမှတ်သည့် အမှု ၁၁၀ နှင့် ၁၀ နှစ်အောက် ပြစ်ဒဏ်ချမှတ်လိုက်သည့်အမှု ၁၁၄ မှုရှိခဲ့ကြောင်းသိရသည်။

ယခုနှစ်အတွင်း ဇန်နဝါရီ မှ မေလအထိ နှစ်၂၀ ပြစ်ဒဏ်ချမှု ၁၁၀ မှု၊ ၁၀ နှစ်နှင့် နှစ် ၂၀ ကြား ပြစ်ဒဏ်ချမှု ခုနစ်မှု၊ ၁၀ နှစ်ပြစ်ဒဏ်ချမှု ၆၈ မှု၁၀နှစ်အောက်ပြစ်ဒဏ်ချမှု၄၁မှုရှိခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးတွင်အမှုအများဆုံးဖြစ်ပွားခဲ့ကာ ဒုတိယ အများဆုံးမှာ ဧရာဝတီတိုင်း ဒေသကြီးနှင့် တတိယအများဆုံးမှာ မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်ကြောင်း သိရသည်။

ယခုလတ်တလောတွင်လူအများစိတ်ဝင်စားစောင့်ကြည့်နေသည့်နေပြည်တော် Wisdom Hill ကိုယ်ပိုင်ကျောင်းတွင်ဖြစ်ပွားခဲ့သည့် အသက် ၂ နှစ်နှင့် ၁၁ လအရွယ်ကျာင်းသူ ဗစ်တိုးရီးယားအားလိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုကျင့်မှုနှင့်ပတ်သက်ပြီးပြစ်မှုကျုးလွန်သူဟုဆိုကာယာဉ်မောင်းအား ရဲတပ်ဖွဲ့ကဖမ်းဆီးပြီးတရားစွဲဆိုထားသည်။

No comments:

Post a Comment