Wednesday, July 10, 2019

တန့်ယန်းမြို့ ကျောက်တောင်တရုတ်နတ်စင်အနီးမှာ အုပ်စုဖွဲ့ပြီး အသက်(၁၄)နှစ်အရွယ်အမျိုးသမီးငယ်ကို အဝတ်အစားချွတ် ရိုက်နှက်နှိပ်စက်သူတွေများကို ခေါ်ယူထိန်းသိမ်း

Image may contain: 3 people, people standingဇူလိုင်လ(၇)ရက်က အသက်(၁၄)နှစ်အရွယ်အမျိုးသမီးငယ်ကို တန့်ယန်းမြို့ ကျောက်တောင်တရုတ်နတ်စင်အနီးမှာ အုပ်စုဖွဲ့အဝတ်အစားချွတ် ရိုက်နှက်နှိပ်စက်သူတွေကို ဇူလိုင်လ (၉)ရက်မနက်ပိုင်းက ခေါ်ယူထိန်းသိမ်းလိုက်ပြီလို့ တန့်ယန်းရဲစခန်းမှသိရပါတယ်။ အဲ့ဒီရိုက်နှက်မှုမှာ ပါဝင်ပတ်သတ်တဲ့အမျိုးသမီးငယ်(၇)ဦးအနက်(၄)ဦးကိုထိန်းသိမ်းနိုင်ခဲ့ပြီးသူတို့ကို ဒီနေ့မှာပဲ အမှုဖွင့်ပြီး ဥပဒေနဲ့အညီစစ်ဆေးအရေးယူမှုတွေပြုလုပ်နေတယ်လို့ မြို့နယ်မှူးကပြောပါတယ်။


" အုပ်စုလိုက် ရိုက်နှက်နှိပ်စက်တာ တော်တော်လေးကိုလွန်ပါတယ်။ ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတဲ့ဥပဒေကိုနားမလည်ကြတာလည်းပါတယ်။မနေ့ညနေကတည်းကနေ ဒီအမှုကို ကြေအေးဖို့ ရဲစခန်းမှာ သူတို့ချင်းညှိနှိုင်းဆွေးနွေးကြတယ်။ ဒီနေ့မှာတော့ အမှုပြန်ဖွင့်တယ်။အမှုဖွင့်မှကျွန်တော်တို့ဘက်က ဥပဒေနဲ့အညီကူညီဆောင်ရွက်ပေးလို့ရမှာပါ။ခံရတဲ့ကလေးဘက်ကနစ်နာမှုမရှိအောင်ကျွန်တော်တို့ကူညီဆောင်ရွက်မှာပါ။လုပ်ထုံးလုပ်နည်းနဲ့အညီလုပ်ဆောင်နေပါတယ်။ အခုလိုအမှုဖွင့်အရေးယူမှုတွေလုပ်တော့ နည်းနည်းဟန့်သွားပြီး နောင်ဆင်ခြင်သွားနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်"ဟု မြို့နယ်မှူးကပြောတယ်။

အရိုက်ခံရတဲ့ ကလေးမလေးဟာ ရိုက်သူအဖွဲ့နဲ့ဘာရန်ငြိုးရန်စမှမရှိဘဲ ကျောင်းမှာ အချင်းချင်းကြည့်မိရာက အခုလို အုပ်စုဖွဲ့ရိုက်နှက်တာလို့ အရိုက်ခံရတဲ့ ကလေးမလေးကပြောပါတယ်။

"သူတို့က ကျောင်းမှာ ငါတို့မျက်နှာကိုကြည့်လို့နင့်နဲ့စာရင်းရှင်းစရာရှိတယ်ဆိုပြီး ကျွန်မသမီးကိုသူတို့ဆီလာခဲ့ပါလို့ချိန်းခေါ်ပါတယ်။ ကျွန်မသမီးက ငါမလာအားဘူးအဝတ်လျှော်ရမယ်လို့ပြောတော့ အေးနင်အခုလာရင်ငါတို့နင့်ကိုဘာမှမလုပ်ဘူး။မလာရင်တော့နောက်နေ့ဘယ်နားတွေ့တွေ့နင့်ကိုရိုက်မယ်လို့ပြောတော့ ကျွန်မသမီးလည်းသူတို့ခေါ်တဲ့အချိန်သွားရင် မရိုက်လောက်ဘူးလို့ယုံပြီးလိုက်သွားတာ ကျောက်တောင်နတ်စင်နားရောက်တော့ဝိုင်းရိုက်ကြတယ်လို့ ကျွန်မသမီးကကျွန်မကိုပြောပြတယ်"လို့ကလေးမလေးရဲ့မိခင်ကပြောပါတယ်။

ကလေးမလေးဟာ တစ်ကိုယ်လုံးရိုက်နှက်ခံထားရလို့နာကျင်နေတဲ့အပြင် ခေါင်းကိုပါထိခိုက်ထားတော့ ခေါင်းမူးပြီးအော့အန်တာတွေခံစားနေရတယ်လို့သိရပါတယ်။

No comments:

Post a Comment