Wednesday, July 10, 2019

H1 N1 ပြင်းထန်တုပ်ကွေးရောဂါကြောင့် တစ်နိုင်ငံလုံး သေဆုံးသူ ၃၄ဦး ထိ မြင့်တက်၊ ၁၈၆ ဦးတွင် ရောဂါပိုးတွေ့ရှိ

ရာသီတုပ်ကွေးရောဂါ H1N1 ဗိုင်းရပ်စ်ပိုးကြောင့်ဇူလိုင်လ ၉ရက်နေ့ထိ သေဆုံးသူ ၃၄ ဦးထိရှိသွားပြီဖြစ်ပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာအရ H1 N1 ဗိုင်းရပ်စ်ပိုးကြောင့် ရန်ကုန်တွင် ၂၇ ဦး၊ စစ်ကိုင်းတိုင်းတွင် ၂ ဦး၊ ဧရာဝတီတိုင်းတွင် ၃ ဦး၊ မွန်ပြည်နယ်တွင် ၁ဦး၊ ပဲခူးတိုင်း ၁ဦး သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံ သိရှိရသည်။



လက်ရှိချိန်တွင် ရောဂါဖြစ်ပွားသူများမှာ ရန်ကုန်တိုင်းတွင် ၁၁၂ ဦး၊ နေပြည်တော်တွင် ၁၁ ဦး၊ ရခိုင်ပြည်နယ်တွင် ၁၅ဦး၊ ဧရာဝတီတိုင်းတွင် ၁ဝ ဦး၊ ပဲခူးတိုင်းတွင် ၇ ဦး၊ မကွေးတိုင်းတွင် ၇ ဦး၊ ကချင်ပြည်နယ်တွင် ၈ဦး၊ စစ်ကိုင်းတိုင်းတွင် ၄ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၃ဦး၊ မွန်ပြည်နယ်တွင် ၃ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ၂ဦး၊ မန္တလေးတိုင်းတွင် ၂ဦး တို့ဖြစ်ကြောင်း၊ တနလာင်္ရီတိုင်းတို့တွင်လည်း ရောဂါဖြစ်ပွားသူ ၁ဦး ရှိကြောင်း သိရှိရသည်။ လက်ရှိချိန်တွင် H1N1 ဗိုင်းရပ်စ်ပိုးရှိမရှိစစ်ဆေးလျက်ရှိသော သံသယလူနာ ၅၁၇ ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ လူနာ ၁၈၆ ဦးရှိကြောင်း သက်ဆိုင်ရာ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

No comments:

Post a Comment