Wednesday, July 10, 2019

ရဲတပ်​ဖွဲ့မှ အီလက်​ထ​ရောနစ်​ ဥပ​ဒေပုဒ်​မ ၃၄(ဃ) ဖြင့်​ အမှုဖွင့်​ ဖမ်းဆီးထားသည့် သက္ကမိုးညို အ​ကောင့်​ပိုင်​ရှင်​အား ကျပ်​သိန်း ၁၀ဝ အာမခံဖြင့်​ ပြန်​လွှတ်

သက္ကမိုးညို အ​ကောင့်​ပိုင်​ရှင်​၊ ကျန်းမာ​ရေးနှင့်​ အားကစားဝန်​ကြီးဌာနမှ ဒုတိယညွှန်​ကြား​ရေးမှူး ​ဒေါက်​တာဝင်းကိုကိုသိန်းအား အမြင့်​ဆုံးပြစ်​ဒဏ်​ ​ထောင်​ဒဏ်​ သုံးနှစ်​အထိ ချမှတ်​နိုင်​သည့်​ အီလက်​ထ​ရောနစ်​ ဥပ​ဒေပုဒ်​မ ၃၄(ဃ) ဖြင့်​ ရဲတပ်​ဖွဲ့မှ အမှုဖွင့်​ထား​ပြီး လက်​ရှိတွင်​ ကျပ်​သိန်း ၁၀ဝ အာမခံဖြင့်​ ပြန်​လွှတ်​​ပေးခဲ့​ကြောင်း သိရသည်​။ ဇူလိုင်​လ ၁၀ က အများပြည်​သူ စိတ်​ဝင်​စား​နေသည့်​ ဗစ်​တိုးရီးယား အမှုနှင့်​ပတ်​သက်​၍ သက္ကမိုးညို အမည်​နှင့်​ လူမှုကွန်​ယက်​ဖြစ်​သည့်​ Facebook တွင်​ ​ရေးသား​နေသည့်​ ကျန်းမာ​ရေနှင့်​ အားကစားဝန်​ကြီးဌာန ဒုတိယညွှန်​ကြား​ရေးမှူး ​ဒေါက်​တာဝင်းကိုကိုသိန်းအား ပျဉ်းမနားမြို့နယ်​ ရဲတပ်​ဖွဲ့မှူး ရဲမှူး​အေးမြင့်​နိုင်​က တရားလိုပြုလုပ်​၍ အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄(ဃ)နဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်ထားခြင်းဖြစ်​သည်​။



ဗစ်တိုးရီးယားအမှုမှာ ဆေးစာပျောက်ဆုံးကြောင်နှင့်​ CID ရဲတပ်ဖွဲ့​က လုပ်ဆောင်ချက်တွေ မှားယွင်းကြောင်း ရေးသားခြင်း​ကြောင့်​ဟု ပျဉ်းမနားမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင်က တရားလိုလုပ်ပြီး မနေ့က အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး အာမခံနှစ်​ဦးမှ သိန်း ၅၀ စီဖြင့်​ အာမခံခဲ့ခြင်း​ကြောင့်​ ပျဉ်းမနားမြို့နယ်​ရဲစခန်းမှ ပြန်​လွှတ်​​ပေးခဲ့ခြင်းဖြစ်​သည်​။ "ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာညိုးနွမ်းအောင် ဖေ့စ်ဘွတ်လူမှုကွန်ယက်မှာ ရေးသားတာကြောင့်ပါ" လို့ ပျဉ်းမနားမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက အတည်ပြု​​ပြောကြားသည်​။

“ကျွန်​​တော်​​ရေးခဲ့တာ မှန်​သမျှသည်​ သက်​​သေ အခိုင်​အမာ အ​ထောက်​အထား ပြနိုင်​တာကြည့်​ပဲ ​ရေးခဲ့တဲ့ အတွက်​​ကြောင့်​ ​ရှေ့ဆက်​လည်း ကျွန်​​တော်​ ဒီလိုပဲ ဆက်​သွားဖို့ ရှိပါတယ်​” ဟု အမှုဖွင့်​ခံထားရသည့်​ သက္ကမိုးညို Facebook အ​ကောင့်​ပိုင်​ရှင်​ ​ဒေါက်​တာဝင်းကိုကိုသိန်းက ​ပြောကြားသည်​။

သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းကို ဒီကနေ့ (ဇူလိုင်​ ၁၀ ရက်​)က ပျဉ်းမနားမြို့နယ်​ ရဲစခန်းမှ ​ခေါ်ယူစစ်​​ဆေးခဲ့ပြီး​နောက်​ အာမခံဖြင့်​ ပြန်​လွှတ်​ခဲ့ခြင်းဖြစ်​သည်​။

အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၄(ဃ)သည်​ အာမခံပေးလို့ရသည့် ​ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ငွေဒဏ် သိန်း ၅၀ သို့မဟုတ် ထောင်ဒဏ် ၁ နှစ်ကနေ ၃နှစ်အထိ ကျခံနိုင်သည်​ဟု ပြဌာန်းထားသည်​။

No comments:

Post a Comment