Wednesday, July 10, 2019

ပုဂံနှင့် ညောင်ဦးတွင် မြို့သစ်နှင့် စီးပွားရေး ဇုန်တည်ရန် အစီအမံများ ရေးဆွဲနေ

ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ပုဂံနှင့် ညောင်ဦးမြို့တွင် မြို့ သစ်တည်မည့်အစီအမံများ ရေးဆွဲနေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။ ပုဂံနှင့် ညောင်ဦးမြို့ရှိရွာ ၂၀ ကျော်သည် ယူနက်စကိုကသတ်မှတ်ထားသည့်ဇုန်အတွင်း ကျရောက်နေသဖြင့် နောက်ထပ်တိုးလာမည့် လူဦးရေအရ မြို့သစ်၊ ရပ်ကွက် သစ်များ တိုးချဲ့၍မရနိုင်သော ကြောင့် ထိုသို့စီစဉ်ရခြင်းဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းပြသည်။



‘‘ယူနက်စကိုက ဆွဲခိုင်းထားပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ မန္တလေးတိုင်းအစိုးရတို့ ပူးပေါင်းပြီးတော့မှ  နိုင်ငံတကာ ပညာရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ မြို့သစ်အစီအမံတွေ ဆွဲနေပါတယ်’’ဟုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

ထို့အပြင် သတ်မှတ်ဇုန်အ တွင်း တည်ဆောက်နေသော ဟိုတယ်များ၊ စားသောက်ဆိုင် များ၊ မိုတယ်များကို ဆက်လက်ဆောက်လုပ် ခွင့်ပြုမည်ဖြစ်သော် လည်း အသစ်တည်ဆောက်ရန် ထပ်မံတင်ပြလာပါက ခွင့်ပြုပေး မည် မဟုတ်ကြောင်း ပြည်ထောင် စုဝန်ကြီးက ပြောသည်။

သို့သော် စီးပွားရေးလုပ်ငန်း ရှင်များအတွက် စီးပွားရေးဇုန် အသစ်ဖော်ဆောင်ပေးရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းပြီးရေးဆွဲနေကြောင်း သူရဦးအောင်ကိုက ဆက်ပြောသည်။

‘‘ပုဂံဒေသကို စီမံခန့်ခွဲမှု၊သန့်ရှင်းမှု၊ ပြုပြင်မှု၊ တည်ဆောက်မှု၊ ရှင်းလင်းမှုတွေအားလုံးကို မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့ က တာဝန်ယူရမှာ ဖြစ်ပါတယ်’’ဟုသူရဦးအောင်ကိုက ပြောသည်။ ပုဂံဒေသကို ယူနက်စကိုစာ ရင်းဝင်အဖြစ် အဇာဘိုင်ဂျန်နိုင်ငံ ၌ ပြုလုပ်သည့် (၄၃) ကြိမ်မြောက်ကမ္ဘာ့အမွေအနှစ် ကော်မတီအ စည်းအဝေးတွင် အမြဲတမ်းစာရင်း ဝင် ၂၁ နိုင်ငံက ကန့်ကွက်မှု မရှိဘဲဇူလိုင် ၆ ရက်တွင် ဆုံးဖြတ်ခဲ့ သည်။

No comments:

Post a Comment