Wednesday, July 10, 2019

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မော်လမြိုင်ကျွန်းမြို့ နယ်၊ စော်ကဲချောင်းကျေးရွာ၌ တပ်မတော်သားများမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ စော်ကဲချောင်းကျေးရွာ၌ ဇူလိုင် ၇ ရက်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ် ၁ဝ လုံးပြိုကျ ပျက်စီးခြင်းနှင့် နေအိမ်၁၁ လုံး အမိုးလန် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှု ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာသို့ ဇူလိုင် ၈ ရက်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက အမိုးလန်သွပ်များ ဆယ်တင်ခြင်း၊ ကျိုးကျနေသည့် သစ်ပင်သစ်ကိုင်းများ ဖယ်ရှားရှင်းလင်း ခြင်း၊ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment