Wednesday, July 10, 2019

မောင်တောမြို့နယ်၌ မွတ်ဆလင်လူမျိုး (၆၃) ဦး တင်ဆောင်လာသည့် စက်လှေ(၁) စီးနှင့် လှေလုပ်သား (၄) ဦး ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပင်လယ်ကမ်းခြေ၌ မွတ်ဆလင်လူမျိုးအမျိုးသား(၂၉) ဦး၊ အမျိုးသမီး(၃၄) ဦး၊ စုစုပေါင်း (၆၃) ဦးနှင့် စက်လှေလုပ်သား (၄) ဦး၊ သေနတ် (၁) လက်၊ ကျည်အိမ် (၁) ခု၊ ကျည် (၉၉) တောင့်တို့နှင့်အတူ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၆ နာရီခွဲက ဖမ်းဆီးရမိ ကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာမောင်တောမြို့နယ်၊ မြင်းလွတ်ကျေးရွာ အနီးပင်လယ်ကမ်းစပ်တွင် စက်လှေ(၁)စီး ဆိုက်ကပ်လာကြောင်း သတင်းအရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ
“(တ)အောင်စိုးကျော်”အမည်ပါ အလျား(၇၀)ပေ၊ အနံ(၂၅)ပေ၊ ရေစူး(၁၀) ပေခန့်ရှိ စက်လှေအား ဝမ်းဗိုက်အတွင်းရေများဝင်၍ ရပ်တန့်ထားလျက်တွေ့ရှိပြီးဝန်းကျင်နယ်မြေရှင်းလင်းခဲ့ရာ သပြေတောရွာ ပျက်အနီး၌ ဟာမက်တူဆောင်း(ခ)ကျော်လှပါ မွတ်ဆလင်လူမျိုး(၆၃)ဦးနှင့်ဂျင်းတောရွာအနီး ဦးထွန်းမြင့်(စိစစ်ဆဲ)၏ လယ်တဲအတွင်းတနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်နေစက်လှေမောင်းဇော်လတ်(၃၅)နှစ်၊ (ဖ)ဦးစံညွန့်ပါ စက်လှေလုပ်သား (၄)ဦး တွေ့ရှိခဲ့ကြောင်း။ စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသူစစ်တွေမြို့နယ်၊ ဘုမေကျေးရွာနေ ဟာမက်တူဆောင်း (ခ)ကျော်လှ(၂၅)နှစ်၊ (ဖ)မာမက်ဟာရှိန်းသည် ၂၀၁၂ ခုနှစ်ကမလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ တရားမဝင်သွားရောက်ပန်းရံလုပ်ကိုင်ခဲ့ကြောင်း၊ ၎င်းအားမလေးရှားနိုင်ငံသား လူမှောင်ခိုလုပ်သူသူဌေး(၁) ဦးကရင်းဂစ်ငွေ ၃,၀၀၀ ပေး၍ စကားပြန်အဖြစ်ဆောင်ရွက် စေပြီး တရားမဝင် မွတ်ဆလင်လူမျိုးများသယ်ဆောင်ရန်စေလွှတ်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း မလေးရှားနိုင်ငံသား လူမှောင်ခိုလုပ်သူအား ကော့သောင်းမြို့နေ စက်လှေပိုင်ရှင် ချစ်ကိုနှင့် ချိတ်ဆက်ပေး၍ ရေကြောင်းလမ်းဖြင့် ကော့သောင်းမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ ဟာမက်တူဆောင်း (ခ)ကျော်လှသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ကော့သောင်းမြို့၊ သူဌေးကျွန်းမှတစ်ဆင့် စက်လှေမောင်းသူဇော်လတ်တို့ (၄)ဦးနှင့်အတူစက်လှေဖြင့် ထွက်ခွာခဲ့ရာဇူလိုင်လ ၄ ရက်နေ့တွင် စိန့်မာတင်ကျွန်း(ခ)အုန်းကျွန်းအနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်ရေပြင်သို့ ရောက်ရှိကျောက်ချရပ်နား ခဲ့ကြောင်း၊ ၎င်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာဖ်မြို့နေလူဘီ(စိစစ်ဆဲ)၊ ရော်ဖီ(စိစစ်ဆဲ) တို့ထံဖုန်း ဖြင့်ချိတ်ဆက် ဆက်သွယ်ခဲ့ပြီး ၃ ရက်ခန့်အကြာမလေးရှားနိုင်ငံသို့တရားမဝင်သွားရောက်မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင်၊ ဘာလူခါလီ၊ မူဆိုနီနှင့် ထန်ခါလီဒုက္ခသည် စခန်းအသီးသီးတို့မှ အမျိုးသား(၁၄)ဦး၊ အမျိုးသမီး(၂၀)ဦး၊ စုစုပေါင်း (၃၄)ဦးမှာလှေ၂စီးဖြင့် ရောက်ရှိလာခဲ့ကြကြောင်း၊ ဆက်လက်၍ ၎င်း၏ မိခင်ဖြစ်သူစစ်တွေမြို့နယ်၊ ဘုမေကျေးရွာနေ အဏ္ဏဝါဘေဂွန်(ခ)အန်နဝါဖာဂွန် (၅၃)နှစ် ထံဖုန်းဖြင့်ဆက်သွယ်၍ စစ်တွေမြို့နယ်ရှိဆေးသမားကြီး၊ ဖွေတာကုန်း၊ စခန်းကွဲ၊
ဘောမူဂေါ်၊ ဓားပိန်ဒုက္ခသည်စခန်းများမှ အမျိုးသား (၁၄)ဦး၊ အမျိုးသမီး (၁၃)ဦး၊ စုစုပေါင်း (၂၇)ဦးတို့အားအဏ္ဏဝါဘေဂွန်(ခ) အန်နဝါဖာဂွန်ကဦးဆောင်၍ လှေ ၁ စီးဖြင့် ခေါ်ဆောင် ရောက်ရှိ လာခဲ့ကြောင်း၊ ၎င်းနောက် တရားမဝင်သွားရောက်မည့် အမျိုးသား(၂၈)ဦး၊ အမျိုးသမီး(၃၄)ဦး၊ စုစုပေါင်း (၆၂)ဦးတို့အား ၁ ဦးလျင်ငွေကျပ် ၁၇ သိန်းဖြင့်အခကြေးငွေညှိနှိုင်းပြီးမလေးရှားနိုင်ငံသို့ ပို့ဆောင်ရန် စက်လှေဖြင့် ပြန်လည်ထွက်ခွာခဲ့ကြောင်း။

ဇူလိုင်လ ၇ ရက်နေ့ နံနက် ၂ နာရီခန့်တွင်ပင်လယ်ပြင်အတွင်း၎င်းတို့စက်လှေအင်ဂျင် ဆီကုန်ရပ်တန့်သွားပြီးရာသီဥတုဆိုးရွားမှုအခြေအနေအရလှိုင်းကြီး၍ စက်လှေအတွင်းသို့ ရေများ ဝင်ရောက်ပြီးရေလှိုင်းနှင့်အတူမျောပါကာမြင်းလွတ်ကျေးရွာအနီးပင်လယ်ကမ်းစပ်တွင်သောင်တင် နေခြင်းဖြစ်ကြောင်း။

စက်လှေသား(၄)ဦးကို စစ်ဆေးချက်အရ လွန်ခဲ့သော(၂)ပတ်ခန့်က ကော့သောင်းမြို့နယ်၊ သူဌေးကျွန်းနေစက်လှေပိုင်ရှင် ချစ်ကို(စိစစ်ဆဲ)မှ ကော့သောင်းမြို့အနီးတဝိုက်တွင် ပိုက်ဆွဲရမည် ဟုပြောဆိုစက်လှေမောင်းပေးရန် ဇော်လတ်၊ စက်ဆရာရွှေလက်(ခ)ကရင်၊ စက်လှေလုပ်သား ကျော်ဇင်သန့်နှင့် ကျော်စိုးထွန်းတို့ (၄)ဦးအား ၁ ဦးလျင် ဘတ်ငွေ(၅,၀၀ဝ)ပေးငှားရမ်းကာ သူဌေးကျွန်းတွင် ဆိုက်ကပ်ထားသည့် ၎င်းပိုင် “(တ)အောင်စိုးကျော်” စက်လှေသို့ပို့ ဆောင်ပေးခဲ့ ကြောင်း၊ မာမက်တူဆောင်း(ခ)ကျော်လှ၏ စေခိုင်းချက်အရဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ မောင်းနှင် လာခဲ့ရကြောင်း။

ဆက်လက်စိစစ်ချက်အရ စက်လှေပိုင်ရှင် ချစ်ကိုမှ ပင်လယ်အတွင်း စက်လှေဖြင့်သွား ရောက်စဉ် အကာအကွယ်ပြုနိုင်ရန် သေနတ် (၁)လက်နှင့် ကျည် (၉၉)တောင့်အားစက် လှေမောင်း ဇော်လတ်ထံပေးအပ်ခဲ့ကြောင်းစိစစ်သိရှိသိမ်းဆည်းရမိပြီးဇော်လတ်ပါ စက်လှေလုပ်သား(၄)ဦး၊ ဟာမက်တူဆောင်း(ခ)ကျော်လှနှင့် ၎င်း၏မိခင် အဏ္ဏဝါဘေဂွန်(ခ)အန်နဝါဖာဂွန်တို့ ပေါင်း(၆)ဦးကို အလယ်သံကျော်နယ်မြေရဲစခန်း(ပ)၉/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၇/၃၇၁/၁၁၄ (ကျွန်ပြုရန် လူခိုးမှု/ ကျွန်ရောင်းဝယ်မှု/ အားပေးကူညီမှု)အရလည်းကောင်း၊ထို့အပြင်ဇော်လတ်ပါ စက်လှေ လုပ်သား(၄)ဦးနှင့် ဟာမက်တူဆောင်း(ခ)ကျော်လှပါ(၅)ဦးအား (ပ)၁၀/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)အရလည်းကောင်းအမှုဖွင့်အရေးယူခဲ့ကြောင်း၊ စက်လှေပိုင်ရှင် ချစ်ကိုအားဖမ်းဆီးရမိရေး ကွင်းဆက်စုံစမ်းဖော်ထုတ်ရာချစ်ကိုအားရနောင်းမြို့တွင် မူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိ သဖြင့် ဥပဒေအရအရေးယူရန် စီစဉ်လျက်ရှိကြောင်း ထိုင်းတော်ဝင် ရဲတပ်ဖွဲ့မှ သတင်းဖလှယ် လာခဲ့ပြီးထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ လူမှောင်ခိုပွဲစားကွင်းဆက်များဖော်ထုတ် ဖမ်းဆီး ရမိရေး နှစ်နိုင်ငံဆက်လက်သတင်းဖလှယ်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

No comments:

Post a Comment