Wednesday, July 10, 2019

ယီမင်မှာ ဒီနှစ်အတွင်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု ၄ သိန်းခွဲကျော်ရှိ

စစ်ဖြစ်နေတဲ့ ယီမင်နိုင်ငံမှာ ဒီနှစ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု မြင့်တက်နေပြီး မှတ်တမ်းတင်ထားသမျှ ဖြစ်ပွားသူ ၄ သိန်း ၆ သောင်း ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု ၃ သိန်း ၈ သောင်းပဲ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက စလို့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ သေဆုံးသူ ၇၀၅ ဦး ရှိပြီး မနှစ်က ကာလတူမှာ ၇၅ ဦး သေဆုံးတာနဲ့ နှိုင်းယှဉ်ရင် အလွန် မြင့်တက်လာနေတယ်လို့ ကုလသမဂ္ဂ လက်ထောက် ပြောခွင့်ရသူ ဖာဟန် ဟက်က ပြောပါတယ်။



မကြာသေးမီက ရေကြီးမှု၊ အညစ်အကြေး စွန့်ပစ်မှုစီမံခန့်ခွဲရေး မကောင်းမှု၊ သန့်ရှင်းတဲ့ရေ မရရှိမှုနဲ့ ရေစီးရေလာ မကောင်းမှုတွေကြောင့် အခုလို အလွန်မြင့်တက်လာတာလို့ သူက ပြောပါတယ်။ ယီမင်မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါကုသဖို့ ဌာန ၁၂၀၀ ရှိပါတယ်။ ယီမင်ရှိ လူ သန်း ၂၀ ကျော်အတွက် ကုလသမဂ္ဂက ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ တောင်းခံထားပေမယ့် အဲဒီ ပမာဏရဲ့ ၃၂ ရာခိုင်နှုန်းပဲ ရရှိပါသေးတယ်။

No comments:

Post a Comment