Wednesday, July 10, 2019

အရွယ်မရောက်သေးတဲ့ ကျောင်းသူကို မဖွယ်မရာလုပ်တဲ့ ကျူရှင်ဆရာ ထောင်ဒဏ်နဲ့  ကြိမ်ဒဏ်ကျ

စင်ကာပူနိုင်ငံမှာ ၁၅ နှစ်အရွယ်ကျောင်းသူတစ်ဦးကို မဖွယ်မရာလုပ်မှုနဲ့ ကျူရှင်ဆရာတစ်ဦးကို ထောင်ဒဏ် ၂ နှစ်နဲ့ ၁ လနဲ့  ကြိမ်ဒဏ် ၆ ချက် ကျခံစေဖို့ ဇူလိုင် ၉ ရက် အင်္ဂါနေ့က အမိန့်ချမှတ်ခဲ့ပါတယ်။ အမည်ဖော်ထုတ်ပြောကြားခွင့်မရှိတဲ့ အသက် ၄၈ နှစ်အရွယ် သင်္ချာဘာသာရပ်သင် ကျူရှင်ဆရာဟာ အင်ဒိုနီးရှားလူမျိုးဖြစ်ပြီး စင်ကာပူနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် ရထားသူတစ်ဦးလည်းဖြစ်ပါတယ်။ ကျူရှင်ဆရာဟာ ၄င်းရဲ့စာသင်ခန်းထဲမှာ တပည့်ဖြစ်သူကို အနည်းဆုံး ၅ ကြိမ်ထက်မနည်း မဖွယ်မရာ လုပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် တရားရုံးက ယခုလို ပြစ်ဒဏ်ချမှတ်ခြင်းခဲ့တာဖြစ်ပါတယ်။



တရားရုံးရဲ့နောက်ဆုံးကြားနာမှုမှာ အဆိုပါကျောင်းသူလေးကို သက်သေထွက်ဆိုစေခဲ့တဲ့အခါ ၄င်းကိစ္စကြောင့် သူမဟာ မိမိကိုယ်ကို မသတီတော့ပဲ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေတဲ့အပြုအမူတွေကို ပြုလုပ်နေခဲ့မိတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကနေ မတ်လအတောအတွင်း မဖွယ်မရာပြုလုပ် ခံခဲ့ရတာဖြစ်ပြီး ဘယ်အချိန်မဆို “ကျူရှင်” ဆိုတဲ့ အသံကြားတာနဲ့တင် ကြောက်ရွံ့နေခဲ့တယ်လို့ ပြောခဲ့ ပါတယ်။

အဆိုပါကျောင်းဆရာဟာ ၄င်းရဲ့အိမ်မှာ အလယ်တန်းကျူရှင်ဝိုင်းဖွင့်ထားတာဖြစ်ပြီး စာသင်ချိန်ပြီးနောက် ၄င်းကျောင်းသူလေးဟာ အိမ်စာတွေ အပြီးလုပ်ဖို့အတွက် ကျူရှင်မှာတစ်ယောက်တည်းကျန်ခဲ့ချိန် ယခုလိုပြုမူခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အိမ်ထောင်ကွဲဖြစ်တဲ့ အဆိုပါကျောင်းဆရာဟာ ကျောင်းသူလေးရဲ့ကြောက်ရွံမှုကို အသုံးချပြီး အကြိမ်ကြိမ် မဖွယ်မရာလုပ်မှု အပြင် အခြားပြစ်မှုနှစ်မှုနဲ့ စုစုပေါင်းပြစ်မှုသုံးမှုဖြင့် အပြစ်ရှိကြောင်း ပြီးခဲ့တဲ့လက သတ်မှတ်ခံခဲ့ ရတာဖြစ်ပါတယ်။

No comments:

Post a Comment