Wednesday, July 10, 2019

ထောင်အတွင်း သေဆုံးခဲ့သော အောင်သပြေရွာသားအမှု ထောင်ဝန်ထမ်းများကို စုံခုံဖွဲ့စစ်ဆေးမည်

မန္တလေးအိုးဘိုအကျဉ်း ထောင်အတွင်း သေဆုံးသည့် အောင်သပြေရွာသားဦးထွန်းမြင့် ၀င်းအမှုကို လူသတ်မှုပုဒ်မဖြင့် ပြောင်းလဲအမှုဖွင့်သောကြောင့် စုခုံဖွဲ့ကာ အိုးဘိုအကျဉ်းထောင် ဘက်ကို  စစ်ဆေးမည်ဖြစ်ကြောင်း အောင်မြေသာစံမြို့နယ်အမှတ် (၂) နယ်မြေရဲစခန်းမှ ရဲအုပ်မျိုး ညွှန့်ကပြောသည်။ ဘိလပ်မြေ စက်ရုံစီမံကိန်းကို ကန့်ကွက်မှုနှင့် ပတ်သက်၍ ဦးထွန်းမြင့်ဝင်း ဇွန်လ ၂ ရက်က ဖမ်းဆီးထိန်း သိမ်းခံရပြီး ဇွန်လ ၅ ရက်တွင် ထောင်အတွင်း၌ သေဆုံးခဲ့ရာ အရက်ကြောင်ရောဂါနှင့် အဖျား ကြီးခြင်းကြောင့် ဖြစ်ကြောင်း ဇွန်လ ၅ ရက်ရဲမှတ်တမ်း၌ ဖော်ပြသည်။



သို့သော် မိသားစုဝင်များက  ရုပ်အလောင်းကို တွေ့ချိန်တွင် ခန္ဓာကိုယ်နေရာအချို့၌ ဒဏ်ရာ များတွေ့ရှိခြင်းနှင့် ဝေဖန်မှုများ ကြောင့် အကျဉ်းဦးစီးဌာနကဌာန အတွင်း စုံစမ်းမည်ဖြစ်ကြောင်း ဇွန်လ ၇ ရက်၌ထုတ်ပြန်ခဲ့သည်။ ဇွန်လ ၆ ရက်က မှုခင်းဆရာဝန်၏ စစ် ဆေးချက်အရ ဦးထွန်းမြင့်ဝင်း သည်လည်ပင်းတွင် ရရှိသော ဒဏ်ရာကြောင့် ဦးနှောက်အမြှေးပါး အောက် သွေးလွန်ပြီး ဦးနှောက် ပိညပ်သေဆုံးခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါ ဆေးစာကြောင့်  ယခင်သေမှုသေခင်းနှင့် ဖွင့်လှစ် ရာမှ ဇူလိုင် ၆ ရက်တွင် လူ သတ်မှုပုဒ်မဖြင့် ပြောင်းလဲအမှု ဖွင့်ပြီး ကျူးလွန်သူကို ဖော်ထုတ် နိုင်ရန် စုံစမ်းမည်ဖြစ်ကြောင်း ရဲအုပ်မျိုးညွှန့်က ပြောသည်။ ‘‘စုံ ခုံဖွဲ့ပြီး အကျဉ်းထောင်ဘက် ကိုစစ်ဆေးမယ်။ ဒါပေမဲ့လက် ရှိကတော့အမှုဖွင့်ထားရုံ တစ်ခု ပဲရှိသေးတယ်။ ဘာမှမလုပ် ရသေးတော့ ဘာမှမပြောနိုင်သေး ဘူး။ စစ်ဆေးပေါ်ပေါက်ချက် တွေအရ ကျူးလွန်တဲ့သူကိုတော့ တရားစွဲအရေးယူမှာပေါ့’’ ဟု ရဲ အုပ်မျိုးညွှန့်ကပြောသည်။ ဖမ်းဆီးထိန်းသိမ်းခံရပြီး နှစ် ရက်အကြာတွင် ဒဏ်ရာများနှင့် သေဆုံးခြင်းသည် သမားရိုးကျ မဟုတ်သဖြင့် စုံစမ်းဖော်ထုတ် ပေးရန် ဦးထွန်းမြင့်ဝင်း၏ မိသား စုဝင်များက ဇွန်လ ၈ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ် ကာတောင်းဆိုခဲ့သည်။

‘‘လူသတ်မှုနဲ့ ပြောင်းလဲအမှု ဖွင့်တယ်ဆိုလို့ရဲစခန်းကိုသွား ဆေးစာတောင်းတယ်။ ဆေးစာ ကိုမပေးဘူး။ ပြလို့လည်းမရဘူး ပြောတယ်။ ဆေးစာအရလူသတ် မှုနဲ့ပြောင်းလဲအမှုဖွင့်ရမှာမို့လို့ ပြောတယ်။ တကယ်ဆိုရင်ဘာ ကြောင့်သေဆုံးခဲ့တယ်ဆိုတာ မိ သားစုဝင်တွေလည်း သိသင့် တယ်’’ ဟု သေဆုံးသူ၏ အစ်ကို ဆရာတော်ဦးဝိမလက ယမန်နေ့ တွင်မိန့်ကြားသည်။ အောင်သပြေကျေးရွာအနီး   တည်ဆောက်နေသော ဘိလပ် မြေစက်ရုံစီမံကိန်းကို ဒေသခံများ  ကကန့်ကွက်ရာ၌ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်ခြင်း၊ ဒေသခံအချို့ကို ဖမ်းဆီးအမှုဖွင့် ထောင်ချခြင်းနှင့် ဖမ်းဆီးထိန်း သိမ်းခံရစဉ်သေဆုံးခြင်းအတွက် တိုင်းဒေသကြီးအစိုးရက တာဝန် ယူကြီးကြပ် ဖြေရှင်းပေးရန် မန္တလေးရှိ တရားမျှတရေးနှင့် အမှတ်တရားဖော်ထုတ်ရေးကော် မတီက စာပို့တောင်းဆိုထား ကြောင်း ယမန်နေ့က ထုတ်ပြန် သည်။ လက်ရှိ လူသတ်မှုနှင့် ပြောင်းလဲအမှုဖွင့်ကာ အိုးဘိုအ ကျဉ်းထောင်ဘက်စစ်ဆေးရန် နှင့်ပတ်သက်၍ အကျဉ်းဦးစီး ဌာနသို့ ဆက်သွယ်သော်လည်း ဆက်သွယ်မရပေ။

No comments:

Post a Comment