Wednesday, July 10, 2019

‘၀’ အဖွဲ့က NCAတွင် ပါဝင်လက်မှတ်ထိုးနိုင်ရေးဆိုင်ရာ အဆိုပြုချက်ကို အစိုးရထံပေးပို့ထား

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) မထိုးရသေးသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအနက် အင်အားအကြီးဆုံး ‘၀’ လက်နက်ကိုင်အဖွဲ့ (UWSA) က NCA တွင် ပါဝင်လက်မှတ်ထိုး နိုင်ရေးဆိုင်ရာ အဆိုပြုချက်ကို အစိုးရထံ ပေးပို့ထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ ရန်ကုန်မြို့ရှိ အမျိုးသား ပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC) ရုံး၌ ဇူလိုင် ၉ ရက်တွင် သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ်   ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောကြား သည်။



‘‘ ‘၀’ နဲ့ကတော့ အဆိုပြုချက် တစ်ခုရှိပါတယ်။ ကျွန်တော်တို့ လက်ခံရပြီးပြီ။ ရလာတဲ့အပေါ်မှာ  ကျွန်တော်တို့ဘက်ကနေပြီးတော့  အခုလူကြီးတွေကို တင်ပြနေ တယ်။ အဲဒီအဆိုပြုချက်ကို လူ ကြီးတွေဆီက အတည်ပြုချက်ရ ရင် ‘၀’ ဘက်ကို ပြန်ပေးမယ်။ ပြန်ပေးပြီး အဲဒီလမ်းကြောင်းအ တိုင်း ဆွေးနွေးပြီးသွားရင်တော့ NCA လမ်းကြောင်း အဲဒါကို ရောက်ဖို့ မျှော်မှန်းတယ်’’ ဟု ဦးဇော်ဌေးက ပြောသည်။

‘၀’ အဖွဲ့က အဆိုပြုသည့် အချက်များကို အသေးစိတ် ပြော ကြားရန်မရှိသော်လည်း NCA တွင် ပါဝင်လက်မှတ်ထိုးနိုင်ရေး  ဆိုင်ရာ အဆိုပြုချက်ဖြစ်ကြောင်း၊ ယင်းအဆိုပြုချက်နှင့် ပတ်သက် ပြီး အစိုးရသဘေားထားများ ပါ ၀င်မည့်အဆိုပြုချက်ကို ‘၀’ အဖွဲ့ ထံ ပြန်လည်ပေးပို့ပြီးနောက် နှစ် ဖက်တွေ့ဆုံဆွေးနွေးမည်ဖြစ် ကြောင်း ဦးဇော်ဌေးက ရှင်းပြ သည်။

‘၀’ အဖွဲ့ အဆိုပြုချက်နှင့် ပတ်သက်ပြီး ယင်းအဖွဲ့၏လားရှိုး ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း ထံသို့ ဆက်သွယ်ရာ  ၎င်းက ‘‘ဒီ ကိစ္စက NRPC လူကြီးပိုင်း၊ ထိပ် ပိုင်းခေါင်းဆောင်တွေနဲ့ ကျွန် တော်တို့ဌာနချုပ်နဲ့ တိုက်ရိုက်ညှိ နှိုင်းတဲ့လုပ်ငန်းအပိုင်းတွေ ဖြစ် တယ်။ ဒါတွေကျွန်တော်တို့ မသိ ရသေးဘူး’’ ဟု ပြောကြားသည်။

NCA ပါအချက်များ ပြင် ဆင်ခွင့်နှင့် အကြောင်းတစ်စုံတစ် ရာရှိပါက လက်မှတ်ရေးထိုးထား ခြင်းမှ နုတ်ထွက်ပိုင်ခွင့်ကို အစိုးရ နှင့် တပ်မတော်ဘက်မှ စာအား ဖြင့် ကတိပြုပါက NCA လက် မှတ်ရေးထိုးရေး စဉ်းစားပေးနိုင် ကြောင်း UWSA က ယခင်က  ထုတ်ဖော်ပြောဆိုထားရာ ယခု အစိုးရထံ အဆိုပြုချက်တွင် ယင်း အချက်များပါဝင်မှု ရှိ၊ မရှိ အ တည်ပြုနိုင်ခြင်းမရှိပေ။

‘၀’ အဖွဲ့က NCA တွင်ပါဝင် နိုင်ရေးဆိုင်ရာ အဆိုပြုချက်နှင့် ပတ်သက်ပြီး လက်တွေ့ ညှိနှိုင်းမှု ရလဒ် ထွက်ပေါ်လာခြင်းမရှိသ ရွေ့စောင့်ကြည့်ရမည့် အနေအ ထားဖြစ်သည်ဟု  တိုင်းရင်းသား အရေးလေ့လာသူ ဦးမောင်မောင် စိုးကပြောသည်။

‘၀’အဖွဲ့ (UWSA)၊ မိုင်းလား အဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ ကချင်အဖွဲ့ (KIA)၊ တ အာင်းအဖွဲ့ (TNLA)၊ ကိုးကန့် အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့သည် နိုင်ငံရေးအရအတူ တကွဆောင်ရွက်မည်ဟု ထုတ် ဖော်ပြောဆိုထား၍ NCA ထိုးမည် ဆိုပါက အဆိုပါလက်နက်ကိုင် ခုနစ်ဖွဲ့လုံး ထိုးဖြစ်မည်ဟုယူဆ ကြောင်း ဦးမောင်မောင်စိုးက သုံး သပ်သည်။

အထက်ပါ ခုနစ်ဖွဲ့အနက် KIA၊ TNLA၊ MNDAA၊ AA တို့ နှင့် အစိုးရအကြား Bilateral နှစ် ဖက်သဘောတူ အပစ်အခတ်ရပ် စဲရေး စာချုပ်ချုပ်ဆိုနိုင်ရေး ညှိ နှိုင်းနေရာ အပစ်ရပ်စာချုပ်မူကြမ်း များ အပြန်အလှန် ပေးပို့ညှိနှိုင်း နေသည်။ UWSA   အနေဖြင့် NCA တွင် ပါဝင်ခြင်းမရှိပါက ငြိမ်းချမ်း ရေးနှင့်ပတ်သက်ပြီး ခိုင်မာသည့် အနေအထား မရှိနိုင်ကြောင်း၊ အ များသဘောတူညီပြီးဖြစ်သည့်  NCA လမ်းကြောင်းမှ   သွေဖည် မည်ဆိုပါက လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားအဖွဲ့များ ကိုပါ ထိခိုက်လာနိုင်ကြောင်း၊ NCA  လမ်းကြောင်းမှတစ်ဆင့် နိုင်ငံရေးဆွေးနွေးမှုများ ဆောင် ရွက်မှသာ ရေရှည်တည်တံ့ခိုင်မြဲ သည့် ငြိမ်းချမ်းရေးကိုဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း  တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ   ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြော ကြားထားသည်။

No comments:

Post a Comment