Wednesday, July 10, 2019

ပေါင်မြို့လယ်ခေါင်မှရွှေဆိုင်ဖောက်ထွင်းခံရ

ပေါင်မြို့ စည်ပင်သာယာလမ်းရှိ ရွှေလင်းယုန်ရွှေဆိုင်မှ ရွှေထည်နှင့်ပိုက်ဆံများ ခိုးခံရကြောင်းသိရသည်။ "အမလည်းမနက်ကျတော့ အဖေဆိုင်လာဖွင့်ပြီး ဖုန်းဆက်ပြောမှ သိရတယ်။ အဖေနဲ့အမေဆေးကုဖို့ရယ်၊ လှူဖို့ရယ်၊ နောက်ပီးအလုပ်သမားခရှင်းဖို့ဆိုပြီး အမက ပုံးတွေနဲ့စုပြီးထားပါတယ်။ အဖေအမေကျန်းမာရေးပုံးမှာတော့ ရွှေတွေပါသွားတယ်။ cctv တွေက အမတို့ဈေးရောင်းချိန်ပဲဖွင့်တာပါ။ ဒီမှာကဆိုင်ခန်းဆိုတော့ ဘယ်သူမှမအိပ်ပါဘူး။ အဖေကမနက်မိုးလင်း ဆိုင်လာဖွင့်တော့မှ သမီးနင့်ဆိုင်က ပလဲနေရောပဲ ဆိုမှသိရတာပါ။ အမျိုးသားကတော့အခု စုံစမ်းနေပါတယ်"ဟုရွှေဆိုင်ပိုင်ရှင် မဇာခြည်ကဆိုသည်။ ရွှေလင်းယုန်ရွှေဆိုင်အတွင်း ရွှေထည်စုစုပေါင်းသိန်း၄၀ နှင့်ငွေသား သိန်း၄၀ ခန့် ပေါင်း သိန်း၈၀ခန့်ခိုးယူခံခဲ့ရကြောင်း သိရသည်။  ပေါင်မြို့နယ်တွင် ဧပြီလကလည်းရွှေဆိုင်ဖောက်ထွင်း မှုတခုဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

No comments:

Post a Comment