Wednesday, July 10, 2019

တောင်ကြီး ဆေးတက္ကသိုလ်ရှေ့ရှိ ကုန်တင်ယာဉ်ရပ်နားစခန်း ပြောင်းရွှေ့မည် ယင်းနေရာကို သင်ကြားရေးဆေးရုံအဖြစ် ထားရှိရန်စီစဉ်

သစ်တောရပ်ကွက် ဆေးတက္ကသိုလ်ရှေ့ရှိ ကုန်တင်ယာဉ်ရပ်နားစခန်းကို ပြောင်းရွှေ့၍ သင်ကြားရေးဆေးရုံအဖြစ်  ထားရှိမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံ ကျော်က ပြောသည်။ ဇူလိုင် ၉ ရက်က ကျင်းပ သည့် ရှမ်းပြည်နယ် လွှတ်တော် အထူးအစည်းအဝေးတွင် တောင် ကြီးမြို့ မဲဆန္ဒနယ်မြေ အမှတ် (၂)မှ ဦးခွန်သူရအောင်၏ ‘တောင် ကြီးဆေးတက္ကသိုလ်ရှေ့ရှိ ကုန် တင်ယာဉ်ရပ်နားစခန်းကို ပြောင်း ရွှေ့ရန်နှင့် ကျန်းမာရေးဇုန်အဖြစ် သတ်မှတ်ပေးစေရန်’ ကြယ်ပွင့်ပြ မေးခွန်းနှင့် ပတ်သက်ပြီး ဦးစိုင်း လုံကျော်က ပြန်လည်ဖြေကြားခဲ့ သည်။



‘‘ဆေးတက္ကသိုလ်ရှေ့ရှိ ကုန်တင်ကားကြီးကွင်းကို တောင်ကြီး မြို့ထွက်ရှိ တောင်ကြီးစီးပွားရေး ဇုန် TBC မှာ ပြောင်းရွှေ့ဖို့ စီစဉ် ထားပါတယ်’’ဟု ဦးစိုင်းလုံကျော် က ပြောသည်။

 အဆိုပါ ဆေးတက္ကသိုလ် ရှေ့ရှိ ကုန်တင်ယာဉ်ရပ်နားစခန်း မြေနေရာကို ရှမ်းပြည်နယ် အစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေနေရာအဖြစ် သတ်မှတ်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉ မေလ ၃၀ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဆွေးနွေးထား သည်ဟု ၎င်းက ပြောသည်။

ဆေးတက္ကသိုလ် သင်ကြား ရေးဆေးရုံ ဆောက်လုပ်နိုင်ရန် မူလကားကြီးကွင်းကို ပြောင်းရွှေ့ ဖွင့်လှစ်ပြီးမှသာ အကောင်အ ထည်ဖော် ဆောင်ရွက်မည်ဖြစ် ကြောင်း ဦးစိုင်းလုံကျော်က ဆို သည်။ ဒုတိယအကြိမ် ရှမ်းပြည် နယ် လွှတ်တော်အထူးအစည်းအ ဝေး ၁/၂၀၁၉ တွင် ပြည်နယ်လွှတ်တော်ခြောက်ဦးက ကြယ်ပွင့်ပြ မေးခွန်းရှစ်ခု မေးမြန်းခဲ့သည်။

No comments:

Post a Comment