Wednesday, July 10, 2019

" အမေရိကန်တွင် ကျင်းပခဲ့သည့် လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲတွင် စိုင်းအောင်ဆန်းဖ ပထမဆု ဆွတ်ခူး "

အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့သည့် လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာဂေါက်သီးအားကစားသမား စိုင်းအောင်ဆန်းဖ (ခေါ်) အေရွန်ဖ က အိမ်ရှင် အမေရိကန်၊ ဂျာမနီ၊ ဂျော်ဂျီယာ၊ အိန္ဒိယ၊ ကာဇက်စတန်၊ တောင်အာဖရိက အစရှိသည့် ကစားသမားများကို ကျော်ဖြတ်၍ ပထမဆု ဆွတ်ခူးခဲ့သည်။ Hurricane Junior Golf Tour မှ ကြီးမှူးပြုလုပ်သည့် (Coastal Carolina Summer Junior Open) လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲ၏ အသက် ၁၆ နှစ်မှ ၁၈ နှစ် သက်တန်းတွင် စိုင်းအောင်ဆန်းဖသည် နှစ်ရက်ပေါင်း ရိုက်ချက် ၁၄၀ ဖြင့် သတ်မှတ် ရိုက်ချက်ထက် (၄)ချက် လျော့ရိုက်ကာ ပထမဆုကို ဆွတ်ခူး ခဲ့ခြင်း ဖြစ်သည်။ ၎င်းနောက်တွင် တောင်အာဖရိက နိုင်ငံသား ထရစ်တန် ဂါလန့်က ဒုတိယ နှင့် ကာဇက်စတန် နိုင်ငံသား ဂျန်တိုင် မာလက်တက်ဖ် က တတိယ အသီးသီး ရရှိခဲ့သည်။ အဆိုပါ လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲကို ဇူလိုင်ပထမပတ်က အမေရိကန်နိုင်ငံ ကယ်ရိုလိုင်းနား ပြည်နယ်ရှိ SC Palmetto Dunes Golf Club တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment