Wednesday, July 10, 2019

မိန်းကလေးတစ်ဦးကို မိန်းကလေးခုနစ်ဦးက လမ်းမပေါ် အုပ်စုဖွဲ့ရိုက်နှက်မှု တန့်ယန်းမြို့တွင် ဖြစ်ပွား၊ ပုဒ်မလေးခုဖွင့်၍ ရဲတပ်ဖွဲ့စစ်ဆေးနေ

အသက် (၁၄) နှစ် အရွယ် မိန်းကလေးတစ်ဦးကို အရွယ်တူ မိန်းကလေးခုနစ်ဦးက လမ်းမပေါ်တွင် အုပ်စုဖွဲ့ရိုက်နှက် သည့်ဖြစ်စဉ်ဖြစ်ပွားပြီး ရှမ်းပြည် နယ် တန့်ယန်းမြို့၌ ရဲတပ်ဖွဲ့က စစ်ဆေးနေသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း တန့်ယန်းမြို့နယ်တွင် ဇူလိုင် ၈ ရက် ညနေက ဖြစ်ပွားခဲ့သည်။ ‘‘ဘေးက လူကြီးက တား တယ်။ တားတာကို ဦးလေးဝင်မ ပါနဲ့။ ဦးလေးပါရိုက်မယ်လို့ ပြော တာ။ ကောင်မလေးတွေလေး ယောက်ကို ဖမ်းထားပြီး စစ်နေ တာ။ သုံးယောက်ကို မမိသေး ဘူး’’ ဟု ရိုက်နှက်ခံရသူ မိန်းက လေး၏ အဒေါ် ဒေါ်နန်းလှခမ်းက ပြောသည်။ ရိုက်နှက်သူများနှင့်မူ ဆက်သွယ်မရသေးပေ။



ရိုက်နှက်ခံရသူသည် တန့် ယန်းမြို့ရှိ တရုတ်စာသင်ကျောင်း တွင် ခုနစ်တန်းတက်နေသူဖြစ်ပြီး ရိုက်နှက်သူများနှင့် တစ်ကျောင်း တည်းဖြစ်ကြောင်း ဒေါ်နန်းလှခမ်း က ပြောသည်။  ဖြစ်စဉ်ကိုရိုက် ကူးထားသည့် ဗီဒီယိုဖိုင်သည် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး တစ် ယောက်တည်းရှိနေသူ မိန်းက လေးကို အခြားမိန်းကလေးအချို့ က ဆံပင်ဆွဲ၍ မျက်နှာနှင့် ခန္ဓာကိုယ်ကို ရိုက်နှက်နေသည်ကို တွေ့ရသည်။ တစ်ဦးက ဖိနပ်ဖြင့် ရွယ်ကာ ထိုင်ရန်အမိန့်ပေးနေ သည်။ အင်္ကျီနှင့် ဘောင်းဘီကို ဝိုင်း၍ ဆွဲချွတ်ကြပြီး ရိုက်နှက် ကန်ကျောက်သည်ကို တွေ့ရ သည်။ အင်္ကျီနှင့် ဘောင်းဘီချွတ် နေသူလက်ထဲမှ အရိုက်ခံရသူ မိန်းကလေးက ရုန်းကန်ရာတွင် ခန္ဓကိုယ်ပေါ် တက်ထိုင်၍ဘောင်း  ဘီကို ချွတ်ကာ ရိုက်နှက်ခဲ့သည်ကို ဗီဒီယိုဖိုင်တွင် တွေ့ရသည်။

တူမဖြစ်သူကို ဆေးကုသ ပေးနေပြီး ဇူလိုင် ၉ ရက် ညနေအ ထိ ခေါင်းမူးနေကာ မကြာခဏ အန်နေသည်ဟု ဒေါ်နန်းလှခမ်း က ပြောသည်။

ကာယိနြေ္ဒပျက်ပြားအောင် လုပ်ခြင်း၊ ဒဏ်ရာရအောင် အုပ်စု ဖွဲ့ရိုက်နှက်ခြင်းတို့ကြောင့် အဆို ပါအမှုကို ရာဇသတ်ကြီးပုဒ်မ ၃၉၄/ ၃၂၅/ ၃၅၄/ ၁၁၄ ဖြင့် အ မှုဖွင့်စစ်ဆေးနေသည်ဟု တန့် ယန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ် ဦးက ပြောသည်။

‘‘အရင်က မဖြစ်ဖူးဘူးဗျ။ ကျွန်တော်တို့အခုမှ ကြားဖူးတာ။ တစ်ယောက်နဲ့တစ်ယောက် ဘာ မှမဟုတ်ဘဲဖြစ်တာ’’ ဟု အထက် ပါရဲအရာရှိက ပြောသည်။ ပြည်သူ့စစ်အဖွဲ့များအပါအ ဝင် လက်နက်ကိုင်အဖွဲ့အမျိုးမျိုး ရှိနေသော တန့်ယန်းဒေသတွင် စိတ်ကြွဆေး ပေါများစွာရနေပြီး လူငယ်အများစု ထိန်းသိမ်းရ ခက်သည့်အခြေအနေသို့ ရောက် နေကြောင်း ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

No comments:

Post a Comment