Wednesday, July 10, 2019

ရာသီအကြို လေ့ကျင့်ရေးအစီအစဉ် ပျက်ကွက်သော နေမာကို ပီအက်စ်ဂျီအရေးယူမည်

 ရာသီအကြိုလေ့ကျင့်ရေး အစီအစဉ် ပထမရက် လာရောက် ရန် ပျက်ကွက်ခဲ့သော တိုက်စစ် မှူး နေမာကို အရေးယူမည်ဟု ပီအက်စ်ဂျီအသင်းက ပြောသည်။ အသက် (၂၇)နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူး နေမာသည် ဇူလိုင် ၈ ရက်က ပီအက်စ်ဂျီ အသင်း လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိရမည်ဖြစ်သော်လည်း ရောက်မလာပေ။ေ နမာအနေဖြင့် အသင်း ဟောင်း ဘာစီလိုနာသို့ ပြန်လည် ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်နေသည်။



‘‘နေမာဟာ သဘောတူထား တဲ့ နေရာနဲ့အချိန်မှာ ရောက် မလာဘူးဆိုတာ ပီအက်စ်ဂျီက သတိပြုမိပါတယ်။ အသင်းရဲ့ ခွင့် ပြုချက်မရှိဘဲ ဒီလိုပျက်ကွက်ခဲ့ တာပါ။ ဒီအခြေအနေကို အသင်း အနေနဲ့ စိတ်မကောင်းဖြစ်မိပါ တယ်’’ဟု ပီအက်စ်ဂျီအသင်းက ထုတ်ပြန်ချက်  တစ်စောင်တွင် ပြောသည်။

လူတိုင်း လက်ခံနိုင်သော ကမ်းလှမ်းချက်တစ်ခု ရှိပါက နေမာသည် အသင်းမှ ထွက်ခွာ နိုင်ကြောင်း ပီအက်စ်ဂျီ အား ကစားဒါရိုက်တာ လီယိုနာဒိုက ပြောသည်။

‘‘ဘာစီလိုနာဆီက ဆက် သွယ်မှုရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ အထိ နေမာကို ဘယ်လောက် ဈေးနှုန်းနဲ့ ဝယ်ချင်တယ်ဆိုတာ မသိရပါဘူး။ ပီအက်စ်ဂျီဟာ အ သင်းမှာနေချင်ပြီး ကြီးမားတဲ့အ ရာတစ်ခုခုကို တည်ဆောက်ချင် တဲ့ ကစားသမားတွေအပေါ်မှာပဲ မှီခိုအားထားချင်ပါတယ်’’ ဟု လီယိုနာဒိုက ထပ်လောင်းပြော ကြားသည်။

ပရဟိတ လုပ်ငန်းများ ကြောင့် လေ့ကျင့်ရေး အစီအစဉ်ပထမရက် လွဲချော်မည်ကို ပီအက်စ်ဂျီသိရှိကြောင်း နေမာ၏ ဖခင်ပြောစကားအား ကိုးကား၍ ဘရာဇီးမီဒီယာက ဖော်ပြသည်။

 ‘‘ပရဟိတအလုပ်တွေကို ရွှေ့ဆိုင်းလို့ မရနိုင်ပါဘူး။ နေမာ ဟာ ဇူလိုင် ၁၅ ရက်ကျရင် ပီ အက်စ်ဂျီကို ပြန်မှာပါ’’ဟု ၎င်း၏ ဖခင်က ပြောသည်။

၂၀၁၇ ဩဂုတ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းဖြင့် ဘာစီလိုနာမှ ပြောင်းရွှေ့ခဲ့သူ နေမာသည် ပီအက်စ်ဂျီအ တွက် လိဂ် ၃၇ ပွဲတွင် ၃၄ ဂိုးအထိသွင်းယူထားသည်။

No comments:

Post a Comment