Wednesday, July 10, 2019

မလေးရှား အာဏာပိုင်များဖမ်းဆီးခဲ့သည့် အကြမ်းဖက်သမားများနှင့် ဆက်သွယ်ပါတ်သက်နေသူတွင် ရိုဟင်ဂျာ နှစ်ဦးပါဝင်

ယခုရက်ပိုင်းအတွင်း စီလင်ဂေါနဲ့  Kedah မှာ ဖမ်းဆီးလိုက်သူတွေဟာ အာရှ အကြမ်းဖက်အဖွဲ့ တွေနဲ့  ဆက်နွယ်ပါတ်သက်နေသူတွေဖြစ်တယ်လို့  မလေးရှားနိုင်ငံ စုံစမ်းစစ်ဆေးရေး အရာရှိရဲချုပ် အဒူ ဟမစ် ဘဒါAbdul Hamid Bador က ဇူလိုင်လ ၉ ရက်နေ့ က သတင်းထောက်တွေကို ပြောဆိုသွားခဲ့တာပါ။ ဖမ်းဆီးလိုက်တဲ့မလေးနဲ့  နိုင်ငံခြားသားတွေမှာ ဖိလစ်ပိုင် အိန္ဒိယနဲ့  မြန်မာ နိုင်ငံလာရောက်နေထိုင်နေတဲ့ ရိုဟင်ဂျာ (နိုင်ငံတကာမှာ ဖေါ်ပြနေသည့်လူမျိုး) နှစ်ဦးပါဝင်ကြောင်း သိရပါတယ်။



မလေးရှားနိုင်ငံဟာ အကြမ်းဖက်သမားတွေရဲ့  ဆက်သွယ်ရေး စာတိုက် နေရာလို အစ္စလာမ် အစွန်းရောက်အဖွဲ့ တွေဟာ ငွေကြေးနဲ့  ဖွဲ့ ဝင်သစ်တွေ ဆက်သွယ် စုဆောင်းရှာဖွေရာ နိုင်ငံဖြစ်ပါတယ်။

ယခုဖမ်းဆီးလိုက်တဲ့ ကျောင်းဆရာ နဲ့  ဆောက်လုပ်ရေးလုပ်ငန်မှာလုက်ကိုင်နေသူ ရိုဟင်ဂျာနှစ်ဦးဟာ မြန်မာနိုင်ငံ ရခိုင်အခြေစိုက် Rohingya Salvation Army (ARSA) Arakan group အကြမ်းဖက်အဖွဲ့ အတွက် ငွေကြေးနဲ့  အဖွဲ့ ဝင်တွေ စုဆောင်းပေးနေကြတာလို့  မလေးရှားရဲတပ်ဖွဲ့ က သတင်းစာရှင်းသွားပါတယ်။ ရိုဟင်ဂျာ တရားခံတွေဟာ ရခိုင်ပြည်နယ်အတွင်းက အစ္စလာမ်ဘာသာဝင် လူနည်းစုဝင်တွေကို မလေးရှားအထိ ခေါ်လာနေတဲ့ လူမှောင်ခိုအမှုတွေမှာလည်း ပါဝင်ပါတ်သက်နေတယ်လို့  သိရပါတယ်။

No comments:

Post a Comment