Wednesday, July 10, 2019

သေမိန့်ကျသူထံမှ ကိုယ်တွင်းအင်္ဂါထုတ်ယူရေး ဥပဒေဖြည့်စွက်ချက်ကို အီရန်တွင် ပြဋ္ဌာန်း

အီရန်မှာ သေမိန့်ကျထားသူတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ၄င်းတို့ရဲ့သဘောတူညီချက်ဖြင့် ကြိုတင်ဝယ်ယူနိုင်ရန် ဥပဒေဖြည့်စွက်ပြဋ္ဌာန်းလိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၉ ရက်မှာ သတင်းရရှိပါတယ်။ အီရန်တရားသူကြီးချုပ်အသစ် အီဘရာဟင် ရိုင်ဆီဟာ ပြစ်မှုဆိုင်ရာဥပဒေရဲ့ ပုဒ်မတစ်ခုမှာ “တရားခံအနေဖြင့် ၄င်းအား မကွပ်မျက်မီ သို့မဟုတ် ကွပ်မျက်အပြီးတွင် ၄င်းရဲ့ကိုယ်တွင်းအင်္ဂါအား ထုတ်ယူနိုင်ကြောင်း မိမိဆန္ဒအလျောက် ပေးလှူပြီး ထိုသို့ထုတ်ယူရန်အတွက် ဆေးပညာဆိုင်ရာ အခက်အခဲလည်း မရှိပါက တရားသူကြီးအနေဖြင့် တရားရေးဝန်ကြီးဌာနနဲ့ သေမှုစစ် အရာရှိများ ရုံးတို့နဲ့ အတူပူးပေါင်းပြီး ခွင့်ပြုမိန့်ပေးနိုင်သည်”ဟု ဆိုပါတယ်။



အဆိုပါဥပဒေကို အီရန်ဆရာဝန်တွေ ကန့်ကွက်ရာ ခွဲစိပ်ကုဆရာဝန်များအဖွဲ့ဆိုလျှင် ပြင်းပြင်ထန်ထန်ရှုတ်ချနေပြီး အလွန်စိုးရိမ်စရာကောင်းတဲ့ ဥပဒေမျိုးဖြစ်ကြောင်း၊ ၄င်းတို့ရဲ့ အလုပ်အကိုင် အတတ်ပညာကို ထိခိုက်စော်ကားရာရောက်ကြောင်းနဲ့ နိုင်ငံရဲ့ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေနိုင်ကြောင်း ဝေဖန်နေကြပါတယ်။

“သေမိန့်ကျထားသူတွေဆိုတာ စိတ်အခြေအနေ ကောင်းမွန်နေမှာမဟုတ်တဲ့အတွက် ဆန္ဒအလျောက် ကလီစာလှူနိုင်မှာမဟုတ်ပဲ အတင်းဖိအားပေးလွန်းမှသာ ပေးလိမ့်မယ်.. ဒီဥပဒေကို ငါတို့အဖွဲ့အစည်းထဲက ဘယ်ခွဲစိပ်ကုဆရာဝန်ကမှ လိုက်နာမှာမဟုတ်ဘူး”လို့ ခိုမေနီဆေးရုံ အသည်းအစားထိုးကုသမှုဌာနကမှ ပါမောက္ခက ပြောပါတယ်။

အီရန်မှာ ကျောက်ကပ်၊ နှလုံး၊ အသည်း ရောဂါသည်တွေ များလွန်းတာကြောင့် ကိုယ်တွင်းအင်္ဂါ ဈေးကွက်ဟာလည်း အတော်အတန်ကြီးမားပါတယ်။ ကလီစာရောင်းခြင်းကိုလည်း ဥပဒေဖြင့်ခွင့်ြ့ပု ထားတဲအတွက် အိမ်နီးချင်းအခြားနိုင်ငံတွေမှ ရောဂါသည်တွေလည်း လာရောက်အစားထိုး၊ ကုသကြပါတယ်။

၎င်းမှာ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသရန် တန်းစီစောင့်နေသူပေါင်း ၂၅,၀၀၀ ကျော် ရှိနေပေမယ့် ယမန်နှစ်မှာ အလှူရှင် ၉၂၉ ခန့်သာ ရခဲ့ပြီး ၄င်းတို့အနက်မှ အများစုဟာ ယာဉ်မတော်မဆမှုမှာ သေဆုံးကြသူတွေ ဖြစ်ပါတယ်။ ထိုသို့နည်းပါးလွန်းတာကြောင့် မှောင်ခိုဈေးကွက်လည်း ပေါ်ထွက် လာရာ နွမ်းပါးသူတွေဆိုလျှင် မိမိရဲ့ကျောက်ကပ်ကို ပေါင် ၂၀၀ ခန့်ုမျှဖြင့်လည်း ရောင်းနေကြပါတယ်။

ယခုဥပဒေကြောင့် အီရန်ဟာ ကွပ်မျက်ခံအကျဉ်းသားထံမှ ကိုယ်တွင်းအင်္ဂင်္ါ ထုတ်ယူတဲ့ ကမ္ဘာ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။ ပထမနိုင်ငံဟာ တရုတ်ဖြစ်ပြီး ထိုသို့ထုတ်ယူခြင်းကို ၂၀၁၅ ခုနှစ်မှာ ပိတ်သိမ်းခဲ့ပေမယ့် ယခုထက်ထိ ကျူးလွန်နေဆဲဖြစ်ကြောင်း သိရပါတယ်။

No comments:

Post a Comment