Wednesday, July 10, 2019

ဗစ်တိုးရီးယားအတွက် အမှန်တရားရှာဖွေရန် အမှုကိုလက်ခံခဲ့ဟု အောင်ကြီး၏ရှေ့နေပြော

ဗစ်တိုးရီးယားအမှု နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ဖမ်း ဆီးတရားစွဲဆိုထားသည့် အောင် ကြီးဘက်မှ ရှေ့နေအဖြစ်လိုက်ပါ ဆောင်ရွက်ခြင်းသည် အမှန်တ ရားကိုဖော်ထုတ်၍ တရားခံအစစ် ကို ရှာဖွေရန်ဖြစ်သည်ဟု တရား လွှတ်တော်ရှေ့နေ ဦးခင်မောင် ဇော်က ပြောသည် ‘‘အောင်ကြီးကို လွတ် မြောက်ရန် ကြိုးစားမှာမဟုတ်ဘဲ နဲ့ တကယ်အမှန်တရားပေါ်ပေါက် ပြီးတော့ ဒီကျူးလွန်တဲ့သူအစစ် ပေါ်ပေါက်အောင် လုပ်ပါမယ်‘’ ဟု ၎င်းက 7Day Daily သတင်း စာအား ပြောသည်။



ထိုသို့ တရားခံရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နိုင်ရေး ယမန် နေ့က နေပြည်တော်အချုပ် ထောင်သို့ သွားရောက်၍ အောင် ကြီးနှင့် တွေ့ဆုံကာ လိုက်ပါ ဆောင်ရွက်ခွင့် စာရွက်စာတမ်း ကိစ္စများ ဆောင်ရွက်ခဲ့ပြီးဖြစ်သ လို အမှုဖြစ်စဉ်နှင့်သက်ဆိုင်သည် များကိုလည်း မေးမြန်းခဲ့ကြောင်း ဦးခင်မောင်ဇော်က ပြောသည်။

 ‘‘တွေ့လိုက်တဲ့အခါမှာ လည်း ကျွန်တော်တို့က ကျေနပ် တယ်ဗျ။ ယုံကြည်တယ်ဗျ’’ ဟု ဦးခင်မောင်ဇော်က ပြောသည်။

အောင်ကြီးစွဲဆိုခံရသည့် ပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ကလေးသူ ငယ်များကို လိင်ပိုင်းဆိုင်ရာ ကျူး လွန်သူများကို ပုဂ္ဂလိကအမြင်ဖြင့် များစွာစက်ဆုပ်ရွံရှာသော်လည်း ယခုအမှုနှင့် သက်ဆိုင်သည်များ ကို လေ့လာပြီးချိန်တွင် ရဲတပ်ဖွဲ့ က ဖမ်းဆီးတရားစွဲဆိုထားသူသည် ကျူးလွန်နိုင်ဖွယ်မရှိဟု ယူဆနိုင် ခြင်းကြောင့် လိုက်ပါဆောင်ရွက် ရန် ဆုံးဖြတ်ခဲ့ကြောင်း ဦးခင် မောင်ဇော်က ဆက်လက်ပြော သည်။

‘‘ကိုအောင်ကြီးကို တွဲလိုက် တဲ့ ပုံစံတစ်ခုလုံးက အကျအ ပေါက်တွေ များနေတဲ့အတွက် ကြောင့် ဖုံးကွယ်မှုတွေ များနေ လိမ့်မယ်လို့ယူဆတယ်။ အဲဒီဖုံး ကွယ်မှုတွေကိုလည်း ပေါ်ပေါက် အောင် ဖွင့်ချပါမယ်’’ ဟု ၎င်းက ဆိုသည်။

အမှုကို တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ဦး ဆောင်ပြီး မြန်မာနိုင်ငံလွတ်လပ် သော ရှေ့နေများအသင်းဝင်များ ဖြစ်သည့် တရားလွှတ်တော်ရှေ့ နေ ဒေါ်စုဒါလီအောင်နှင့် ဦးနေ တူးတို့သုံးဦးက စွပ်စွဲခံရသူ၏ ရှေ့နေများအဖြစ် လိုက်ပါဆောင် ရွက်မည်ဖြစ်သည်။ ဦးခင်မောင်ဇော်သည် ရိုက် တာသတင်းထောက် ဝလုံးနှင့် ကျော်စိုးဦးတို့၏ အမှုတွင်လည်း လိုက်ပါဆောင်ရွက်ပေးခဲ့သည်။

No comments:

Post a Comment