Wednesday, July 10, 2019

ဦးဝီရသူကို ဝရမ်းကပ်ရန် တရားရုံးက ကြေညာချက်ထုတ် ကျောင်းတိုက်နှင့် ပစ္စည်းများပါ ဝရမ်းကပ် ချိပ်ပိတ်ရန်ပါဝင်

ထွက်ပြေးတိမ်းရှောင်နေသော ဦးဝီရသူကို ဝရမ်းကပ် ကြေညာ ရန်နှင့် ၎င်း၏ကျောင်းတိုက်နှင့် ပစ္စည်းများကို ဝရမ်းကပ်ချိပ်ပိတ်ရန် အနောက်ပိုင်းခရိုင်တရားရုံးက ယမန်နေ့တွင် ကြေညာချက်ထုတ်သည်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံရသော ဦးဝီရသူအမှုနှင့်ပတ်သက်ပြီး ယမန်နေ့က တရားလိုပြ သက်သေ သုံးဦးကိုစစ်ဆေးပြီးနောက် အားလုံးစစ်ဆေးပြီး၍ တရား သူကြီးက ဝရမ်းကပ်ရန် ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။



ထွက်ပြေးတိမ်းရှောင်နေသူ ဦးဝီရသူကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၇ အရ ဝရမ်းကပ်ကြေညာရန် တရားသူကြီးကကြေညာချက် ထုတ်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဒုခရိုင်တရားသူကြီး(၃) ဦးမင်းသန့်က ပြောသည်။

ဦးဝီရသူသီတင်းသုံးသော မြို့နယ် ရပ်ကွက်၊ ကျောင်းတိုက်နှင့် တရားရုံး စသည့်နေရာများတွင် ဝရမ်းကပ်ရမည်ဖြစ်ကြောင်း ဦးမင်းသန့်က ပြောသည်။

‘‘ထုတ်ပြန်ကြေညာခြင်းခံရ တဲ့သူ နေထိုင်မြဲဖြစ်တဲ့မြို့၊ ကျေး ရွာအဲဒီနေရာတွေမှာ ထုတ်ပြန် ချက်ကို အများသိအောင် ကြေ ညာပါ့မယ်။ ထင်ရှားတဲ့အဆောက် အအုံတွေမှာ ကပ်ထားပါ့မယ်။ တရားရုံးမှာလည်း ကပ်ထားတာ တွေလုပ်ပါ့မယ်’’ ဟု ဦးမင်းသန့် က ပြောသည်။

ပုဒ်မ ၈၇ တွင် ဝရမ်းကပ်ခံ ရသူ နေထိုင်မြဲဖြစ်သည့် မြို့ (သို့ မဟုတ်) ကျေးရွာ၏ထင်ရှားသော နေရာတစ်ခု၌ ယင်းထုတ်ပြန် ကြေညာချက်ကို အများကြားသိ အောင် ဖတ်ကြားရမည်ဟု ဖော်ပြ ထားသည်။ ထို့အပြင် အဆိုပါလူ  နေထိုင်မြဲဖြစ်သည့် အိမ် (သို့မ ဟုတ်) အဆောက်အအုံ၏ထင် ရှားသော နေရာတွင်ဖြစ်စေ၊ အ ဆိုပါမြို့ (သို့မဟုတ်) ကျေးရွာ၏ ထင်ရှားသောနေရာတွင်ဖြစ်စေ  ယင်းထုတ်ပြန်ကြေညာချက်ကို ကပ်ထားရမည်ဟု ဖော်ပြထား သည်။

ထို့အပြင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၈ အရ ဦးဝီရသူ သီ တင်းသုံးသော ကျောင်းတိုက်ကို လည်း ဝရမ်းကပ်ရန် တရားသူကြီး က ကြေညာချက်ထုတ်သည်။ ဦးဝီရသူသည် မန္တလေးမြို့ မဟာ အောင်မြေမြို့နယ် မစိုးရိမ်တိုက် သစ်ရှိ ဓမ္မသဟာရကျောင်းတိုက် တွင် သီတင်းသုံးခြင်းဖြစ်သည်။

ပုဒ်မ ၈၈ တွင် တရားရုံးက ကြေညာချက်ထုတ်ပြန်ခြင်းခံရသူ ပိုင် ရွှေ့ပြောင်းနိုင်သော ပစ္စည်း ကိုဖြစ်စေ၊ မရွှေ့ပြောင်းနိုင်သော  ပစ္စည်းကိုဖြစ်စေ၊ ပစ္စည်းနှစ်မျိုး စလုံးကိုဖြစ်စေ မည်သည့်ပစ္စည်း ကိုမဆို ဝရမ်းကပ်ရန် အချိန်မရွေး အမိန့်ထုတ်နိုင်ဟု ဖော်ပြထား သည်။

ထို့အပြင် ဝရမ်းကပ်အမိန့် ထုတ်ဆင့်သည့်ပစ္စည်းသည်ကြွေး မြီ တစ်ရပ်သော်လည်းကောင်း၊ အခြား ရွှေ့ပြောင်းနိုင်သော ပစ္စည်းသော်လည်းကောင်း ဤ ပုဒ်မအရ ဖမ်းဆီးသိမ်းယူခြင်းဖြစ် စေ၊ ပစ္စည်းထိန်းတစ်ဦး ခန့်ထား ခြင်းဖြင့်ဖြစ်စေ တရားရုံးက ဆောင်ရွက်နိုင်ကြောင်း ဖော်ပြ ထားသည်။

‘‘တရားခံပြေးဖြစ်နေတဲ့အ ခါ၊ တရားရုံးမလာတဲ့အခါ သူပိုင် တဲ့ပစ္စည်းတွေ ဝရမ်းကပ်လို့ရ တယ်။ ဝရမ်းကပ်ခွင့်ရှိတယ်။ သူ ပိုင်တဲ့ပစ္စည်းတွေကိုသိမ်းပြီး တ ရားရုံးက ရောင်းလို့ရတယ်။ အ ရပ်စကားလိုပြောရင် သူ့ပစ္စည်း တွေကို ဝရမ်းကပ်ပြီး ချိပ်ပိတ် တာပေါ့’’ဟု တရားလွှတ်တော် ရှေ့နေ ဦးညွန့်ဝေက ပြောသည်။

ဦးဝီရသူနှင့် ပတ်သက်ပြီး  ဝရမ်းကပ်ခြင်းကို ယမန်နေ့ကစ၍ ပြုလုပ်ပြီး အဆိုပါဝရမ်းကို သြ ဂုတ် ၉ ရက်တွင် တရားရုံး၌ ပြန် သွင်းရန် ချိန်းဆိုထားသည်။ ဦးဝီရသူအမှုနှင့်ပတ်သက် ပြီး မျက်ကွယ်တွင် စစ်ဆေးရာ စုစုပေါင်း ရုံးချိန်းခုနစ်ချိန်း ရုံး ထုတ်အပြီး တရားလိုပြသက်သေ  ကိုးဦးကို စစ်ဆေးခဲ့သည်။

ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် ပုန်းရှောင်နေသော ဦးဝီရသူအနေ ဖြင့် အဖမ်းမခံဘဲ တစ်သက်လုံး ၀ရမ်းပြေးအဖြစ် ခံယူမည်လားဟု  သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူ ရဦးအောင်ကိုက မေးခွန်းထုတ် ထားသည်။

ဦးဝီရသူသည် နိုင်ငံတော်အ ကြီးအကဲများအပေါ် မဖွယ်မရာ စကားလုံးများ သုံးနှုန်းပြောဆိုခြင်း နှင့် နိုင်ငံတော်တရားရေးနှင့် အုပ် ချုပ်ရေးစသည့်ကဏ္ဍများမှ တာ ဝန်ရှိသူများအပေါ် အကြည်ညို ပျက်အောင် ပြောဆိုမှုကြောင့် အ နောက်ပိုင်း ခရိုင်ဒုအထွေထွေအုပ် ချုပ်ရေးမှူး ဦးစန်းမင်းက တရား လိုပြုလုပ်၍ နိုင်ငံတော်အကြည်  ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် တရားစွဲဆိုရန် မေလ ၂၈ ရက် တွင် တိုင်တန်းခြင်းဖြစ်သည်။ ဦးဝီရသူသည် လက်ရှိအ ချိန်ထိ ထွက်ပြေးပုန်းရှောင်နေပြီး  တစ်လကျော်ကြာသည်အထိ ဖမ်း မိခြင်းမရှိသေးပေ။

No comments:

Post a Comment