Wednesday, July 10, 2019

သက္ကမိုးညို အ​ကောင့်ပိုင်​ရှင်​အား အမြင့်ဆုံးပြစ်​ဒဏ်​ ​ထောင်​ဒဏ်​ သုံးနှစ်​အထိ ချမှတ်​နိုင်​သည့် အီလက်ထရောနစ်​ ဥပ​ဒေပုဒ်​မ ၃၄ (ဃ) ဖြင့်​ ရဲတပ်​ဖွဲ့မှ အမှုဖွင့်​ ဖမ်းဆီး

သက္ကမိုးညို အ​ကောင့်ပိုင်​ရှင်​၊ ကျန်းမာ​ရေးနှင့် အားကစားဝန်​ကြီးဌာနမှ ဒုတိယညွှန်​ကြား​ရေးမှူး ​ဒေါက်တာဝင်းကိုကိုသိန်းအား အမြင့်ဆုံးပြစ်​ဒဏ်​ ​ထောင်​ဒဏ်​သုံးနှစ်​အထိ ချမှတ်​နိုင်သည့် အီလက်​ထ​ရောနစ်​ဥပ​ဒေပုဒ်​မ ၃၄ (ဃ) ဖြင့် ရဲတပ်​ဖွဲ့မှ အမှုဖွင့်ထား​ကြောင်း ပျဉ်းမနားမြို့နယ်​ ရဲစခန်းမှ သိရသည်​။ ဇူလိုင်​လ ၁၀ က အများပြည်​သူ စိတ်​ဝင်​စား​နေသည့် ဗစ်​တိုးရီးယား အမှုနှင့် ပတ်​သက်​၍ သက္ကမိုးညို အမည်​နှင့် လူမှုကွန်​ယက်​ဖြစ်​သည့် Facebook တွင်​ ​ရေးသား​နေသည့် ကျန်းမာ​ရေနှင့် အားကစားဝန်​ကြီးဌာန ဒုတိယညွှန်ကြား​ရေးမှူး ​ဒေါက်​တာဝင်းကိုကိုသိန်းအား ပျဉ်းမနားမြို့နယ်​ ရဲတပ်​ဖွဲ့မှူး ရဲမှူး​အေးမြင့်နိုင်​က တရားလိုပြုလုပ်​၍ အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄(ဃ)နဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်ထားခြင်းဖြစ်​သည်​။



ဗစ်တိုးရီးယားအမှုမှာ ဆေးစာပျောက်ဆုံးကြောင်နှင့် CID ရဲတပ်ဖွဲ့က လုပ်ဆောင်ချက်တွေ မှားယွင်းကြောင်း ရေးသားခြင်းကြောင့်​ဟု ပျဉ်းမနားမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင်က တရားလိုလုပ်ပြီး မနေ့က အမှုဖွင့် လိုက်ခြင်းဖြစ်​သည်​။


“ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ဖေ့စ်ဘွတ်လူမှုကွန်ယက်မှာ ရေးသားတာကြောင့်ပါ” လို့ ပျဉ်းမနားမြို့မ ရဲစခန်းက ရဲအရာရှိ တစ်ဦးက အတည်ပြု​​ ပြောကြားသည်​။

သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းကို ဒီကနေ့ (ဇူလိုင်​ ၁၀ ရက်​) မှာ ဖမ်းဆီးပြီး လက်ရှိတွင်​ ပျဉ်းမနားမြို့မ ရဲစခန်းမှာ စစ်ဆေးမေးမြန်းမှုတွေ လုပ်နေ​ကြောင်း သိရသည်​။

အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၄(ဃ)သည်​ အာမခံပေးလို့ရသည့် ​ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ငွေဒဏ် သိန်း ၅၀ သို့မဟုတ် ထောင်ဒဏ် ၁ နှစ်ကနေ ၃ နှစ်အထိ ကျခံနိုင်တယ်လို့ ပြဌာန်းထားသည်​။

No comments:

Post a Comment