ကျောင်းပြီးခါစ လူငယ်တစ် ယောက်တွက် ချက်ချင်းလက်ငင်း အလုပ်တစ်ခုရရှိရေးအတွက် အားမသွန်သင့်ကြောင်း မသိတာတော့ မဟုတ်။ မိမိကျောင်းပြီးခဲ့သောဘာသာရပ်(သို့မဟုတ်) မိမိလုပ်ငန်းခွင်ဝင်လိုသော ဘာသာရပ်နှင့်ပတ်သက်၍ ပြင်ပမွမ်းမံ သင်တန်းများအရင်တက်သင့်မှန်း သိသည်။ ဒါ့ထက်ပို အချိန်နှင့်ငွေ တတ်နိုင်ပါက လူငယ်တစ်ယောက်တတ်သင့်၊ တတ်ထိုက်သော အထောက်အကူပြုသင် တန်းများတတ်နိုင်လျှင် ပို၍ကောင်းမှန်းသိသည်။
သို့သော် ကျွန်တော်လို အ ဆင်မပြေမှုများစွာရှိနေသောလူ ငယ်များမှာ မည်သည့်မွမ်းမံသင် တန်းကိုမျှ မျက်စောင်းမထိုးနိုင်။ အလုပ်တစ်ခုရရေးသည်နံပါတ် (၁)ဆိုသည့် ဘ၀ပေးအသိဖြင့် ကျောင်းပြီးပြီးချင်းမှာပင် ချွေးဒီး ဒီးကျရသည်။ ဒဂုံမြောက်ရှိ ဦးလေးအိမ်တွင် ကပ်နေရသော ကျွန်တော့်အတွက် ပို၍ဆိုး။ အ လုပ်တစ်ခုရရန် ချွေးဒီးဒီးကျရုံ တင်မက ခြေမသို့ကျလာသော ချွေး နဖူးပေါ်ပြန်လျှံတက်သည် အထိ ပျာခဲ့ရသည်။
တစ်ရက် လျှောက်ထား သော အလုပ်တစ်ခု အောင်စာ ရင်းထုတ်သည်ဆို၍ ကိုယ့်နာမည် ပါ၊မပါ သွားကြည့်သည်။ ဒီ လောက် ဂျီတီအိုင်ကျောင်းဆင်း အယောက် ၅၀ လောက်ခေါ်တာ တောင် ကိုယ်မပါ။ အလုပ်ပေါင်း ၂၀ မက လျှောက်ပြီးခဲ့သည့်တိုင် ပယ်ချခံနေရသဖြင့် သက်ပြင်း က ပို၍သည်းထန်လာသည်။
ကိုယ့်နံဘေးမှ အောင်စာ ရင်းလာကြည့်သူတစ်ဦးက သူ လည်းမပါတဲ့။ မေးကြည့်တော့ ချောက်ဂျီတီအိုင်ဆင်း။ ‘‘ကျွန် တော်က လက်ရှိအလုပ်ရှိတယ်။ အခုအလုပ်ထက်ကောင်းတဲ့အ လုပ်ရမလားလို့ လိုက်လျှောက် နေတာ’’တဲ့။
‘‘ကျွန်တော်ကတော့ အလုပ် လိုက်လျှောက်လို့ကုန်တဲ့စာရွက် စာတမ်းကြေးနဲ့ သွားရလာရကား ခကို တော်တော်ကုန်နေပြီ။ အခုထိအလုပ်မရသေးဘူးဗျာ’’ဟု ညည်းညူမိသည်။ သူက ချူသံပါ အောင်ညည်းနေသော ကျွန်တော့် ကို ဂျီတီအိုင်ကျောင်းဆင်းချင်း လည်းဖြစ်တာမို့ သနားဟန်တူ သည်။
‘‘ခင်ဗျားအလုပ်လိုချင်ရင် ကျွန်တော့်စက်ရုံလာခဲ့။ ချက်ချင်း ခန့်ပေးလို့ရတယ်’’တဲ့။
ကြီးကြပ်ရေးမှူးအဆင့်သာ ရှိသော ဂျီတီအိုင်ဆင်းတစ်ဦးက အလုပ်ချက်ချင်းခန့်ပေးမည်ဟုဆို သဖြင့် ကျွန်တော်မယုံ။ ဒီလူကြုံ တုန်း အထင်ကြီးအောင်လျှောက် ပြောသွားတာဟု ယူဆသော် လည်း သူ့စက်ရုံလိပ်စာကို အတိ အကျပေးသွားသည်။
သူနဲ့တွေ့ပြီး သုံး၊လေးရက် အကြာ အလုပ်ရမည်ဟုမယုံသော် လည်း အစာအိမ်၏လှုံ့ဆော်မှု အရ အလုပ်ရခဲ့သော်ဆိုသည့်အ တွေးဖြင့် သူ့စက်ရုံသို့ ရောက် သည်။ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကတ်ထူပုံးထုတ်လုပ်သည့် စက် ရုံ။ ၁၉၉၈ ခုနှစ်၊ နှစ်ကုန်ပိုင်းဖြစ် သည်။
စက်ရုံရောက်တော့ ဂျီတီ အိုင်မိတ်ဆွေက မန်နေဂျာထံခေါ် သွားသည်။ မန်နေဂျာကဘယ်ဂျီ တီအိုင်ဆင်းလဲဟုမေးသည်။ သူ တို့စက်ရုံမှာက လခစားမရှိ။ နေ့ စားအပတ်ရှင်းစနစ်၊ ၀င်ဝင်ချင်း တစ်နေ့ကျပ် ၂၀၀။ အလုပ်ချိန် တစ်နေ့ ၁၂ နာရီ၊နေ့ခင်းနှင့်ညစာ ထမင်းပေးသည်တဲ့။ ကျွန်တော် က ၀မ်းမြောက်ဝမ်းသာ၊ ဟုတ်ကဲ့ ဟုဆိုတော့ နက်ဖြန်ခါ အလုပ် ဆင်းတော့ဟုပြောသဖြင့် ပါးစပ် အဟောင်းသားဖြစ်ရသည်။
မနေ့ညနေက ငှက်ပျောသီး အခွံနွှာတာထက်ပိုလွယ်ကူစွာအ လုပ်ရသဖြင့် ၀မ်းမြောက်ခဲ့သော် လည်း မနက်အလုပ်ဆင်းရမည် ဆိုတော့ အလိုလိုသွေးပျက်လာ သည်။ လိုင်းကားပေါ်သို့တက်၊ ထိုင်ခုံရသဖြင့် မျက်လုံးပိတ်လိုက် ချိန်တွင် အလုပ်သမားများစွာဖြင့် ဖရိုဖရဲရွေ့နေသော စက်ရုံမြင် ကွင်းကပေါ်လာသည်။ ဘာကိုမှ ရေရေရာရာမလုပ်တတ်သော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိ ခြင်းကလည်း အပြည့်မို့ အလုပ် မလုပ်တော့ဘဲ တပ်ခေါက်ပြန်ရန် အတွေးက ခပ်စိပ်စိပ်ဝင်လာ သည်။ သို့သော် ခြောက်ကပ်နေ သော အစာအိမ်က မိုက်ကြည့် ပြန်ကြည့်နေပြန်သဖြင့် ကိုယ့် ကိုယ်ကိုယ်သံပတ်ပြန်တင်းရပြန် သည်။
သင်္ဃန်းကျွန်း ဇ၀နမှတ် တိုင်တွင် ကားပေါ်ကဆင်းပြီး နောက် စက်ရုံဆီသို့ လှမ်းသော ခြေလှမ်းတို့မှာ နှစ်ဘီးစလုံးပေါက် နေသောစက်ဘီးကို နင်းနေရ သလို။အချိန်ကလည်း ၄၅ မိနစ် ခန့်စောနေ၊ စက်ရုံသို့လည်းစော စောမရောက်ချင်သဖြင့် လက် ဖက်ရည်ဆိုင်သို့ဝင်ကာ ငေါင်နေ မိသည်။ လက်ဖက်ရည်တစ်ငုံ၊ ရေနွေးကြမ်းတစ်ကျိုက်ဖြင့် လှည့် ပြန်လျှင်ကောင်းမလားနှင့် အ လုပ်မလုပ်လို့မရဆိုသည့်စိတ်တို့ သည် အပြင်းအထန်အသံတိတ် ပဋိပက္ခဖြစ်လို့နေသည်။ ဖြတ် သွားဖြတ်လာ အချောအလှတို့ဆီ မျက်လုံးက ရောက်သော်လည်း မည်သို့မျှခံစားလို့မရ။
နောက်ဆုံးတော့လည်းက တုန်ကယင်ဖြင့် စက်ရုံသို့ရောက် ရသည်။ အင်မတန်ရှုပ်ပွလှသော လူတစ်ဝက်၊ စက်တစ်ဝက်အသုံး ချနေသောစက်ရုံ။ ကံဆိုးချင် တော့ ထိုနေ့တွင် အလုပ်သွင်းပေး သောမိတ်ဆွေက ခွင့်ယူထား သည်တဲ့။ ဘာလုပ်ရမယ်မှန်းမသိ သဖြင့် အရဲကိုးစိတ်ဖြင့်မန်နေဂျာ ထံသွားကာ ကျွန်တော်ဘာလုပ်ရ မလဲဟုမေးကြည့်မိ။ ‘‘အဲဒီစက်မှာ သူတို့လုပ်တာကြည့်နေ’’တဲ့။
သူတို့ဆိုတာက အလုပ်သ မားလေးများ။ အင်မတန်ရိုးရှင်း လှသော ခပ်ညံ့ညံ့စက်တစ်စက် အလုပ်လုပ်နေပုံကို အကြာကြီး ရပ်ကြည့်နေရသည်မှာ ဒဏ်ပေး ထားသည့်နှယ်။ သို့သော် မထိုင် ရဲ။ ဖော်ရွေသော အလုပ်သမားအ ချို့ကို သိလိုသမျှ မကျယ်သော အသံဖြင့် နည်းနည်းမေးမိရုံကလွဲ ဘေးဘီဝဲယာ ရဲရဲတင်းတင်း မကြည့်ရဲ။ ဖြတ်သွားဖြတ်လာ စာရေးမများ၊ အလုပ်သမများ၏ ရယ်သံလွင်လွင်တို့ကိုလည်း မခံ စားရဲ။
ဘ၀တွင် အင်မတန်အထာ မကျသောနေ့များကိုပြပါဆိုလျှင် ထိုနေ့ကိုထိပ်ဆုံးကပြရပါမည်။ ဒီ မှာနေဆို ဟိုမရွေ့သောအင်မတန် စက်ရုပ်ဆန်လှသည့်နေ့တစ်နေ့ ဖြစ်သည်။ အချိန်တွေမြန်မြန် ကုန်ပါစေဟုဆု တောင်းခဲ့ပြီး အ ချိန်တွေကုန်နိုင်ခဲလှသော နေ့ တစ်နေ့ဖြစ်သည်။ ပြောရလျှင် မန်နေဂျာပြောသည့်နေရာက လွဲ တခြားတစ်နေရာရာ မသွားဝံ့၊ မလာဝံ့သလို အပေါ့အပါးကအစ ခြေလှမ်းရဲရဲဖြင့်မသွားရဲခဲ့သော နေ့တစ်နေ့လည်းဖြစ်သည်။ ယင်း မှာ ကျွန်တော်မမေ့နိုင်သော ဂျီတီ အိုင်ကျောင်းဆင်းတစ်ယောက်၏ ပထမဆုံးလုပ်ငန်းခွင် ၀င်သည့် နေ့ဖြစ်သည်။
ပထမဆုံးအလုပ်မို့ ထိုသို့ ဖြစ်နေသလားဆိုတော့မဟုတ်။ နောက်ခြောက်လအကြာ ဒါ့ထက် ပိုကောင်းသော နောက်အလုပ် သစ်သို့ ရောက်တော့လည်းထို နည်းလည်းကောင်း။ မိန်းကလေး ပေါသောအလုပ်သစ်တွင် ကျွန် တော်၏ပထမနေ့မှာ ဘယ်အမျိုး သမီးနဲ့မှ မဆက်ဆံတတ်သူပမာ ကုပ်ချောင်းချောင်းပုံစံဖြစ်သည်။ လှလို့ချောလို့ဆိုပြီး လိင်သဘော ပါသောအကြည့်မျိုးဖြင့် ကြည့်ဖို့ ဆိုသည်မှာ ဟိုး...အဝေးကြီး ဖြစ်သည်။
ယခုဆိုလျှင် အင်ဂျင်နီယာ အလုပ်နှင့်မီဒီယာအလုပ် နှစ်ရပ် ပေါင်းပါက စုစုပေါင်းအလုပ် နေ ရာ ၁၀ နေရာလုပ်ပြီးခဲ့ပြီ။ ယခု ကျွန်တော်လုပ်ကိုင်နေသောမီဒီ ယာလုပ်ငန်းဆိုလျှင် လုပ်ငန်း ကျွမ်းကျင်မှုရှိသည်ဟု ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှု အခိုင်အ မာရှိပြီးဖြစ်သလို အသက်အ ရွယ်ကလည်းလူငယ်လေးအရွယ် မဟုတ်တော့ပေ။
သို့သော် မည်သည့်လုပ်ငန်း ခွင်သို့ရောက်သည်ဖြစ်စေ၊ မိမိ နှင့် ရင်းနှီးသူများလုပ်ငန်းခွင်၌ရှိ သည့်တိုင် အလုပ်စ၀င်သည့် ပထမဆုံးနေ့တွင် အနေအထိုင် ကျဉ်းကျပ်မြဲဖြစ်သည်။ လုပ်ငန်း ခွင်အတွင်း သွားတာလာတာက အစ သတိအနေအထားဖြင့်နေ သည်မှာ ငါးရက်၊ တစ်ပတ်ကြာမှ ဖိစီးမှုများပြေလျော့မြဲဖြစ်သည်။ ပြောရလျှင် အလုပ်နှင့်ကိုယ်ကြား အသားမကျသေးသည့်ကာလ တွင် လုပ်ငန်းခွင်အတွင်းနေရ ထိုင်ရလုပ်ရကိုင်ရသည်မှာ ပုံမှန် မဟုတ်ဘဲ ဖိစီးမှုရှိနေသည့်သ ဘောဖြစ်သည်။ယင်းမှာ ကျွန်တော်တစ် ယောက်တည်းသာခံစားရသော အတွေ့အကြုံမဟုတ်။ အပြန်အ လှန်ဖလှယ်မှုများအရ ကျွန်တော့် အပေါင်းအသင်းများအားလုံး ကျွန်တော့်လို ကြုံခဲ့၊ ခံစားခဲ့ဖူး သည်။ အထူးသဖြင့် ရာထူးငယ် လျှင် ငယ်သလို ဖိအားပိုများပြီး ရာထူးကြီးကြီးမားမားဖြင့် လုပ် ငန်းခွင်အသစ်ဝင်သူတိုင်းလည်း ထိုသို့ဖိအားရှိကြောင်းသိရသည်။ ဆိုတော့ လူအားလုံးလိုလိုလုပ်ငန်း ခွင်အသစ်တွင်ကြုံလေ့ကြုံထရှိ သော ဘုံခံစားမှုဟု ဆိုလျှင်လည်း မမှားပေ။
သို့သော် ဗစ်တိုးရီးယားအ မှုနှင့်ပတ်သက်ပြီး ယာဉ်မောင်း ကိုအောင်ကြီးမှာမူ ရဲ၏စွပ်စွဲချက် အတိုင်းပြုမူသည်ဆိုပါကအများ နှင့်မတူသူတစ်ဦးဟုဆိုရပေမည်။ မည်သို့မည်ပုံ ကွဲပြားနေသလဲဆို တော့ ဗစ်တိုးရီးယားဖြစ်စဉ်ပေါ် ပေါက်သည့် မေလ ၁၆ရက်နေ့မှာ ကိုအောင်ကြီးအလုပ်စ၀င်သည့် နေ့ဖြစ်နေခြင်းပင်။ ဆိုလိုတာက ကိုအောင်ကြီးသည် ခပ်နိမ့်နိမ့် ရာထူးဖြစ်သော ယာဉ်မောင်းအ လုပ်စ၀င်သည့်နေ့တွင် အများတ ကာအလုပ်သစ်ဝင်သလို အလို လိုကျိုးနွံမနေရုံမက ကလေးငယ် လေးအား မဖွယ်မရာပြုလုပ်ခြင်း အထိပါ အဆုံးစွန်အတင့်ရဲခြင်း ဖြစ်သည်။
သတင်းများအရ ကိုအောင် ကြီးသည် ယင်းမူကြိုကျောင်းသို့ မေလ ၁၆ရက် အလုပ်စ၀င်သည့် နေ့မှသာ ရောက်ဖူးခြင်းဖြစ်သည်။ မူကြိုကျောင်းသို့ မနက်ပိုင်း ရောက်ရှိလာချိန်တွင် မူကြို ကျောင်းအဆောက်အအုံတွင်း သို့ပင် ၀င်ဖူးဟန်မတူ။ ညနေ ၃ နာရီ ကျောင်းသို့ဒုတိယအခေါက် ပြန်ရောက်ချိန်တွင် ကျောင်းအုပ် ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ကခေါ် သဖြင့် ကျောင်းဆောင်ထဲသို့သွား သည်။ ထို့နောက်ဒေါ်ဥမ္မာလှိုင် ညွှန်သောထိုင်ခုံ၌ ထိုင်နေသည်။ ယင်းနေရာမှာ မူကြိုကျောင်းဧည့် ခန်းဖြစ်သည်။ မူကြိုကျောင်း ဆောင်အတွင်း ကိုအောင်ကြီးရှိ နေချိန်မှာ ၂၈ မိနစ်။
ရဲ၏ စွပ်စွဲချက်အရ ယင်း ၂၈ မိနစ်သောအချိန်သည် ကို အောင်ကြီး မဖွယ်မရာပြုလုပ် သည့်အချိန်ပင်ဖြစ်သည်။ ကို အောင်ကြီး မဖွယ်မရာပြုလုပ် အောင်ပံ့ပိုးပေးရမည့်အချက်များ မှာ(၁)အလုပ်နှင့်ပတ်သက်၍ ဖိ အားလုံးဝမရှိရန်လိုပေမည်။ (ပ ထမဆုံး အလုပ်ဝင်သည့်နေ့တွင် အလုပ်ကြမ်းပိုးများပင်လျှင် အ တိုင်းအတာ တစ်ခုထိဖိအားရှိကြ ပြီး ယင်းဖိအားသည် မိန်းမလှတစ် ဦးကိုပင် လိင်စိတ်ဖြင့်မကြည့်မိ သည်အထိစွမ်းသည်။)(၂)မထိန်း သိမ်းနိုင်သည်အထိလိင်စိတ်ဖြစ် ပေါ်နေရန်လိုပေမည်။ (ကိုအောင် ကြီးကျောင်းသို့ ဒုတိယအကြိမ် ပြန်မရောက်မီအချိန်တွင် လိင် စိတ်ကြွစရာ မည်သို့ကြုံတွေ့ခဲ့ သလဲဟုမသိသော်လည်း အသက် (၃၀) ဆိုသည့်အရွယ် ပုံမှန်စိတ်ရှိသောအမျိုးသားတစ်ဦးသည် ဖုန်းထဲက အပြာမူဗီလောက်ကြည့် ရုံဖြင့် ထိန်းမနိုင်သိမ်းမရမဖြစ်နိုင် ပေ။) (၃)အလုပ်ဖိအားလည်းမရှိ၊ ထိန်းမနိုင်သိမ်းမရသောလိင်စိတ် ဖြစ်ပေါ်နေသည့်တိုင် ၎င်းမဖွယ်မ ရာပြုမူမည့်နေရာသည် ၎င်းနှင့် အကျွမ်းတ၀င်ရှိသောနေရာဖြစ် ခြင်းနှင့် ဆိတ်ကွယ်ရာဖြစ်ရန်လို ပေမည်။ (မူ ကြိုကျောင်းဆောင်အ တွင်း ဘယ်နေရာဘာရှိသည်ကို အခုမှရောက်ဖူးသော ကိုအောင် ကြီးလုံးဝမသိနိုင်သလို ဆိတ် ကွယ်ရာဖြစ်၊ မဖြစ်လည်းမသိနိုင်။ နောက်ဆက်တွဲအနေနှင့် ကလေး တစ်ယောက်ကို မည်သူမျှမသိ အောင်ဆွဲခေါ်ဖို့၊စိတ်ချလက်ချမ ဖွယ်မရာပြုလုပ်ဖို့၊ကိုယ့်အလုပ် ကိုယ်ဣနြေ္ဒမပျက် ဆက်လုပ်နိုင် ဖို့ ဆိုသည်မှာ တော်ရုံစကေးဖြင့် မလွယ်ပေ။)
ဒါက အလုပ်စ၀င်သည့်နေ့ လူတိုင်းဖြစ်လေ့ရှိသော စိတ်အ ခြေအနေအပေါ် အခြေခံကာ ထည့်သွင်း စဉ်းစာရမည့်ရှုထောင့် တစ်ခုအဖြစ် မျှဝေခြင်းသာဖြစ် သည်။ ဒုရဲချုပ်ဆိုခဲ့သော ခိုင် မာသည့် သက်သေလေးချက် သည် မည်သို့မျှမဖြစ်နိုင်ဟု ဆိုလို ခြင်းမဟုတ်။ တရားစစ်၊တရားမှန် အနိုင်ရအောင်ပွဲခံနိုင်ရေးအတွက် တွေးထောင့်ကို ရသလောက်ချဲ့ ကြည့်ခြင်းဖြစ်သည်။ ဗစ်တိုးရီး ယားအမှုပေါ်လာတော့ ကျွန် တော်ဖြတ်သန်းခဲ့ဖူးသော အလုပ် စ၀င်သည့်နေ့ ကယောက်ကယက် များကိုပြန်မြင်ကာ နှိုင်းယှဉ်ကြည့် မိခြင်းဖြစ်သည်။။
No comments:
Post a Comment