Wednesday, July 10, 2019

ဘီးလင်းမြစ်ရေ တက်လာသဖြင့် မြို့ပေါ်ရပ်ကွက်တွင် ကယ်ဆယ်ရေးစခန်းသုံးခု ဖွင့်လှစ်ထား

မွန်ပြည်နယ် ဘီးလင်းမြို့တွင် ဘီးလင်းမြစ်ရေမြင့် တက်လာသဖြင့် ကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်ထားကြောင်း မွန် ပြည်နယ်လွှတ်တော် ဘီးလင်းမြို့ နယ်ကိုယ်စားလှယ်ဒေါက်တာ ခင်နိုင်ဦးက ပြောသည်။ ဘီးလင်းမြစ်ရေသည် စိုးရိမ်အမှတ် ၁,၀၂၂ ရှိကာ ဇူလိုင် ၉ ရက်တွင် ၉၇၇ ထိ ရောက်ရှိနေသဖြင့် အိမ်ထောင်စု ၂၃ စု၊ လူ ၁၀၄ ဦးကို ကယ် ဆယ်ရေးစခန်းများသို့ ပြောင်း ရွှေ့ထားကြောင်း ဒေါက်တာခင်နိုင်ဦးက ဆိုသည်။



‘‘တစ်မြို့လုံးကို အသံချဲ့စက် နဲ့ လိုက်သတိပေးနေတယ်။ ဖြစ်တာတော့ မြို့ပေါ်ရပ်ကွက်မှာပါ။ ဘီးလင်းမြစ်ရေ စိုးရိမ်အမှတ် တော့ မရောက်သေးဘူး။ ကယ် ဆယ်ရေးပစ္စည်းတွေ၊ ထောက်ပံ့ မှုတွေကို အစိုးရက လုပ်ပေးနေ ပါတယ်’’ဟု ဒေါက်တာခင်နိုင်ဦး က ပြောသည်။

  ကယ်ဆယ်ရေးစခန်းသုံးခု ကို ဘီးလင်းမြို့ရှိ ဓမ္မ၀ိဟာရဘုန်းကြီးကျောင်း၊ မြို့နယ်တစညရုံး၊ မြို့ဦးဘုန်းကြီးကျောင်း၌ ဖွင့်လှစ်ထားကြောင်း ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံးက ဇူလိုင် ၉ ရက်နံနက်တွင် ကြေညာထားသည်။

‘‘ကျွန်တော်တို့ရပ်ကွက်က ရေရောက်သေးဘူး။ ကန်သာယာ ရပ်ကွက်နဲ့ ဘိုးရာဇာရပ်ကွက်တွေမှာတော့ ရေ၀င်နေပြီ။ မနှစ်က တော့ ကျွန်တော်တို့နေတဲ့ အိမ် အထိ မြုပ်တယ်’’ ဟု ဘီးလင်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် သက်ဆိုင်ရာ တာဝန် ရှိသူများနှင့် သဘာဝဘေးစီမံခန့် ခွဲမှု အဖွဲ့များညှိနှိုင်း အစည်းအပြုလုပ်ကာ သွားလာရေးခက်ပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နိုင်သည့် ကျေးရွာများကို လည်း ဆန်၊ ဆီ၊ ဆား၊ ရေသန့်၊ခေါက်ဆွဲခြောက်၊ ငါးသေတ္တာများကြိုတင်ပေးပို့နိုင်ရေးဆောင်ရွက်ထားကြောင်း ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံးထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ဘီးလင်းမြစ်ရေသည် နှစ် စဉ် ရေတက်သဖြင့် ရေကြီးမှု နှစ်စဉ်ကြုံတွေ့ရသော်လည်း ၂၀၁၈ တွင်  စိုးရိမ်မှတ်ထက်ကျော် လွန်ပြီး  အဝေးပြေးလမ်းမများ ခေတ္တပိတ်ထားခြင်း၊ လူသုံးဦး သေဆုံးခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်း ၄၃ ခုထိရှိပြီး လူ ၁၂,၈၉၆ ဦးရေဘေးသင့်ခဲ့သည်။

No comments:

Post a Comment