Wednesday, July 10, 2019

ဒဂုံမြို့သစ် ၄ မြို့နယ်တွင် မှုခင်းကျဆင်းစေရေး CCTV များတပ်ဆင်မည်

ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(၄)မြို့နယ်တွင် CCTV များတပ်ဆင်သွားရန်စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးအောင်စိုးမိုးကပြောသည်။
ဇူလိုင်လ ၉ ရက်က ကျင်းပသည့်ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။



“ မူခင်းကျဆင်းရေးမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ CCTV တပ်ဆင်ရေးဟာလည်းအဓိကအရေးကြီးတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ၂၀၁၇ ဇူလိုင်လ ၁ ရက်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဘဏ္ဍာငွေနဲ့ CCTV ၂၁ လုံးတပ်ဆင်ပြီးဖြစ်ပါတယ်။ ထပ်မံပြီးတော့လည်းဒဂုံ(၄)မြို့နယ်မှာတပ်ဆင်ဖို့ လေ့လာနေပါတယ်။ဒါကလည်းရန်ကုန်တိုင်းဒေသကြီးအစိုးရကိုတင်ပြပြီးလွှတ်တော်ရဲ့ ခွင့်ပြုချက်ရရင် လှိုင်သာယာနည်းတူဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးညီညီ၏ ဒဂုံတောင်မြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးအတွက် အစီအစဉ်ကောင်းတစ်ရပ်ဖြင့် ဆောင်ရွက်ပေးရန်နှင့်ပတ်သက်ပြီး ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပူးပေါင်းစစ်ဆေးရေးဂိတ်(၉)ခုဖြင့် ယာဉ်များတွင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ တရားမဝင်ကိစ္စများစစ်ဆေးခြင်းများဆောင်ရွက်နေပြီး မြို့နယ်အလိုက် ယာဉ်ပိတ်ဆို့စစ်ဆေးခြင်း၊ လှည့်ကင်း၊ ပတ်ကင်းဆောင်ရွက်ခြင်းနှင့် မှုခင်းအသိပညာရေးပေးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

No comments:

Post a Comment