Wednesday, July 10, 2019

မီဒီယာများ တစ်စိပ်ကို တစ်အိတ်လုပ်နေကြသည်ဟုပဲခူးတိုင်း ဝန်ကြီးချုပ်ပြော

မီဒီယာများအနေဖြင့် တစ်စိပ်ကို တစ်အိတ်လုပ်နေကြသည်ဟု ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောသည်။ စစ်ကိုင်းတိုင်းမှ စဥ့်လုပ်ငန်းလုပ်ငန်းရှင်များကို နြူကလီးယား ဓာတ်ပေါင်းဖိုလုပ်ရန် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟူသော သတင်းနှင့် ပတ်သက်၍ ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ " ခင်ဗျားတို့ သတင်းဌာနတွေကို ပြည်သူလူထုက ဘာကြောင့်ချဉ်သလဲဆိုတော့ တစ်စိပ်ကို တစ်အိတ်လျှောက်ရေးတာကိုဗျ။ကျွန်တော် အဲဒီအတွက်တော့ မှတ်ချက်မပေးချင်ဘူး။" ဟု ၄င်းက ယနေ့ညပိုင်းတွင် Speakerသို့ပြောသည်။



ယနေ့နံနက်ပိုင်း ပဲခူးမြို့တော်ခန်မ၌ကျင်းပသည့် စိုက်ပျိုးရေးဦးစီးဌာနနှင့်ကိုးရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာနတို့ပူးပေါင်းဆောင်ရွက်သော ပဲခူးတိုင်းဒေသကြီးတွင်စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းစတင်ခြင်းအလုပ်ရုံဆွေးနွေးပွဲနှင့်စီမံကိန်းတွင်ပါဝင်မည့်သူများညှိနှိုင်းဆွေးနွေးပွဲတွင်စစ်ကိုင်းတိုင်းမှလာရောက်သည့်စဉ်လုပ်ငန်းရှင်များက ၄င်းတို့ထုတ်လုပ်သည့်စွမ်းအားမြှင့်မီးဖိုးများကိုဝန်ကြီးချုပ်အား ပြသခဲ့သည်။ထိုသို့ ပြသနေစဉ်ဝန်ကြီးချုပ်က မီးဖိုထုတ်လုပ်မှုတွင်ရပ်တန့်မနေဘဲ နြူကလီယားဓာတ်ပေါင်းဖိုအထိထုတ်လုပ်နိုင်ရန်ကြိုးစားသင့်ကြောင်းတိုက်တွန်းမှာကြားခဲ့သည်ဟု Bago Weekly Journal Online Page က သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment