Wednesday, July 10, 2019

နွားများကို ဘင်္ဂလားဒေ့ရှ်သို့ တရားမဝင်တင်ပို့မည့် လူလေးဦးအား အမှုဖွင့်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ တရားမဝင် နွားတင်ပို့မည့် လူ လေးဦးနှင့် နွား ၁၇ ကောင်ကို ကျောက်တော်မြို့နယ်တွင် ဖမ်းမိ ခဲ့သည်။ အဆိုပါ နွားများနှင့် လူများ ကို ဇူလိုင် ၇ ရက်က ကျောက် တော်မြို့နယ် ကွမ်းအုံချောင်း ကျေးရွာအနီး ပီကောက်ချောင်း အတွင်း စက်လှေတစ်စီးနှင့်အတူ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။
‘‘တရားမဝင်နွားတွေ သယ် လာတယ်လို့ သတင်းရတဲ့အတွက် ရဲတပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးခဲ့ တာ ဖြစ်ပါတယ်’’ဟု ကျောက် တော်မြို့ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာ ရှိတစ်ဦးက ပြောသည်။ ယင်းသို့ တရားမဝင်နွားများ သယ်ဆောင်လာခြင်းနှင့် ပတ် သက်၍ ကျောက်တော်မြို့မ ရဲစခန်းက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။ ရခိုင်ပြည်နယ်နှင့် ပဲခူး၊ မကွေးတိုင်းဒေသကြီးများတွင် ကျွဲ၊ နွားအများစုကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမဝင်တင်ပို့သည့် ဈေးကွက်ရှိနေသည်။

No comments:

Post a Comment