Wednesday, July 10, 2019

ယခုနှစ် ဇွန်လအတွင်း ဆည်ရေအလွန်နိမ့်ကျနေမှုနှင့် ရေအားလျှပ်စစ်စက်ရုံများက ယခင်နှစ်များကကဲ့သို့ မထုတ်လုပ်နိုင်သဖြင့် တစ်ရက်တာထုတ်လုပ်သည့်လျှပ်စစ်ယူနစ်ထောင်ပေါင်း ၃၃၀၈၁ ရှိပြီး ယခင်နှစ်ထက် ၁၃ ဒသမ ၉ ရာခိုင်နှုန်းလျော့ကျ

ယခုနှစ် ဇွန်လအတွင်း ဆည်ရေများ အလွန်နိမ့်ကျနေမှုနှင့် ရေအားလျှပ်စစ်စက်ရုံများက ယခင်နှစ်များကကဲ့သို့ မထုတ်လုပ်နိုင်သဖြင့် တစ်ရက်တာ ထုတ်လုပ်သည့် လျှပ်စစ်ယူနစ်ထောင်ပေါင်း ၃၃၀၈၁ ရှိပြီး ယခင်နှစ်ထက် ၁၃ ဒသမ ၉ ရာခိုင်နှုန်းလျော့ ကျခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က ပြောကြားသည်။ ယခုနှစ် မိုးတွင်းဖြစ်သည့် ဇွန်လတွင် မိုးမရသဖြင့် ဆည်များအားလုံးသို့ ရေဝင်မကောင်းခဲ့ကြောင်း၊ ယင်းအခြေအနေများကြောင့် ဆည်ရေများအလွန်နိမ့်ကျခဲ့ကာ ရေအားလျှပ်စစ်စက်ရုံများက ယခင်နှစ်များကကဲ့သို့ လျှပ်စစ်မထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။



ဇွန်လအတွင်းရေအားစက်ရုံအားလုံးက တစ်နေ့တာ ထုတ်လုပ်သည့်လျှပ်စစ်ယူ နစ်စုစုပေါင်းမှာ ယခင်နှစ်ထက် ၅၃၂၀ ယူ နစ်ထောင်ပေါင်းလျော့နည်းပြီး ၁၃ ဒသမ ၉ ရာခိုင်နှုန်းလျော့ကျသွားခဲ့သည်ဟု သိရသည်။

နှစ်အလိုက် ဇွန်လအတွင်းတစ်ရက် အများဆုံးရေအားလျှပ်စစ် ထုတ်လုပ်သည့် လျှပ်စစ်ယူနစ်ထောင်ပေါင်းမှာ ၂၀၁၆ ခုနှစ် ဇွန်တွင် ၂၈၇၀၇ ယူနစ်၊ ၂၀၁၇ ခုနှစ် ဇွန် တွင် ၃၃၅၇၅ ယူနစ်၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ၃၈၄၀၁ ယူနစ်နှင့် ၂၀၁၉ ခုနှစ် ဇွန်တွင် ၃၃၀၈၁ ယူနစ်တို့ဖြစ်သည်။

တစ်ရက်တာအတွင်း ရေအားစက်ရုံများ၏ အမြင့်ဆုံးထုတ်လုပ်နိုင်မှုမှာ ၁၆၆၂ MW သာရှိခဲ့ပြီး ယခင်နှစ်ထက် ၄၄၁ MW လျော့နည်းခြင်းကြောင့် ၂၀ ဒသမ ၉ ရာ ခိုင်နှုန်းလျော့ကျခဲ့ကြောင်း သိရသည်။

နှစ်အလိုက် ဇွန်လအတွင်း တစ်ရက်အမြင့်ဆုံးအနေဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်မှု မဂ္ဂါဝပ်အနေဖြင့် ၂၀၁၆ ခုနှစ် ဇွန်တွင် ၁၆၇၇ မဂ္ဂါဝပ်၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ၁၈၅၀ မဂ္ဂါဝပ်၊၂၀၁၈ ခုနှစ် ဇွန်တွင် ၂၁၀၄ မဂ္ဂါဝပ် နှင့် ၂၀၁၉ ခုနှစ် ဇွန်တွင် ၁၆၆၃ မဂ္ဂါဝပ်တို့ ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ အိမ်ထောင်စုပေါင်း ၄၄ ရာ ခိုင်နှုန်းခန့် လျှပ်စစ်ရရှိထားပြီး သုံးနှစ်အတွင်း လျှပ်စစ်ဓာတ်အားရရှိသည့် အိမ်ထောင်စုဦးရေ ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က ပြောကြားသည်။

“၂၀၁၆ ခုနှစ် မတ်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်ရှိရတဲ့ အိမ်ထောင်စု ၃၄ ရာခိုင်နှုန်းရှိပါတယ်။ အခု ဖေဖော်ဝါရီကုန်အထိ အခုနှစ်မှာဆိုရင် အိမ်ထောင်စုပေါင်း ၄ ဒသမ ၈ သန်းအထိ ရရှိခဲ့တဲ့အတွက် ၄၄ ရာခိုင်နှုန်းရရှိလာတာ ဖြစ်ပါတယ်။ တစ်နှစ်တာအတွင်း အိမ်ထောင်စုလေးသိန်းခွဲ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိတာ ဖြစ်ပါတယ်။ သုံးနှစ်တာကာလကို ခြုံကြည့်ရင် လျှပ်စစ်ရရှိတဲ့ အိမ်ထောင်စုဦးရေ ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့တာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဆိုသည်။

အစိုးရသစ်၏ တတိယတစ်နှစ်တာအတွင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားခဲ့ကြောင်း  နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။ လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ အိမ်ထောင်စုပေါင်း၏ ၄၄ ရာခိုင်နှုန်းမှာ လျှပ်စစ်ဓာတ်အားရရှိထားပြီး ရည်မှန်းချက်အနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အနည်းဆုံးအိမ်ထောင်စု ၅၅ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားကို ရယူသုံးစွဲနိုင်ရန်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အနာဂတ်ရည်မှန်းချက်အဖြစ် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် အိမ်ထောင်စု ၇၅ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား သုံးစွဲလာနိုင်ရန်ဖြစ်ပြီး ၂၀၃၀-၂၀၃၁ ခုနှစ်တွင်မူ မြန်မာတစ်နိုင်ငံလုံး၏ အိမ်ထောင်စုအားလုံး ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရရှိရေး ရည်မှန်းဆောင်ရွက်နေသည်။

No comments:

Post a Comment