Wednesday, July 10, 2019

ရဟန်းအချို့ လူမှုရေး၊ ပါတီနိုင်ငံရေးတွင် ပါဝင်နေခြင်းကြောင့် သာသနာထိခိုက်ပျက်စီးနိုင်ဟု သာသနာရေးဝန်ကြီးလျှောက်ထား

ရဟန်းများနှင့် မအပ် စပ်သော လူမှုရေး၊ ပါတီနိုင်ငံရေး ကိစ္စများ၌ ပါဝင်ဆောင်ရွက်ကာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ၏ ထိန်းသိမ်းကြပ်မတ်မှုကို မလို လားသည့် ရဟန်းများကြောင့် သံ ဃာညီညွတ်ရေးနှင့် သာသနာကို ထိခိုက်ပျက်စီးနိုင်ကြောင်း သာသ နာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မဟန ဆရာတော်များထံ လျှောက်ထားခဲ့သည်။ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယ မင်္ဂလာဓမ္မသဘင်၌ ဇူလိုင် ၈ ရက် က ကျင်းပသည့် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေးတွင် သာသနာရေး ဆိုင်ရာ ကိစ္စရပ်များ လျှောက်ထား စဉ် ပြည်ထောင်စုဝန်ကြီးက ထို သို့လျှောက်ထားခြင်းဖြစ်သည်။



‘‘အရည်အချင်းပြည့်စုံမှုမရှိ  ဘဲ ထင်ပေါ်ကျော်ကြားလိုသည့် တချို့ပုဂ္ဂိုလ်များသည် သံဃာ့အ ဖွဲ့အစည်းအဆင့်ဆင့်၏ သြဝါဒခံ မဟုတ်သော အဖွဲ့အစည်းအမျိုး မျိုးကို စင်ပြိုင်ဖွဲ့စည်းထူထောင် ခြင်း၊ ရဟန်းများနှင့်မအပ်စပ် သော လူမှုရေး၊ နိုင်ငံရေးကိစ္စများ တွင် ပါဝင်ပတ်သက်ဆောင်ရွက် နေခြင်းများကို တွေ့ရှိနေပါသည်’’ ဟု ၎င်းကဆရာတော်များထံ လျှောက်ထားသည်။

အဆိုပါပုဂ္ဂိုလ်များနှင့်ပတ် သက်၍ နိုင်ငံတော်သံဃမဟာနာ ယကအဖွဲ့၏ အဆုံးအမသြဝါဒ  ကိုခံယူ၍လည်းကောင်း၊ အာဏာ ပိုင်အဖွဲ့အစည်းများထံ မေတ္တာ ရပ်ခံ ညှိနှိုင်း၍လည်းကောင်း သက်ဆိုင်ရာဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ရန် လိုအပ် ကြောင်း သူရဦးအောင်ကိုက ဆို သည်။

လက်ရှိ အစိုးရလက်ထက် တွင် မဘသအဖွဲ့ကို ဖျက်သိမ်း ရန် မဟနကညွှန်ကြားခြင်း ကြောင့် မဘသအဖွဲ့ဝင်သံဃာ များ၊ လူပုဂ္ဂိုလ်များနှင့် သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ကြား အပြန်အလှန်ဝေဖန်မှုများ ရှိနေသည်။

မဘသအဖွဲ့နှင့် အဆိုပါအ ဖွဲ့ဝင်များ ထပ်မံတည်ထောင် သော ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေး ရှင်းကို တရားမဝင်ကြောင်းနှင့် ယင်းအမည်များဖြင့် မည်သည့် ဆောင်ရွက်ချက်မျှ လုပ်ဆောင် ခြင်းမပြုရန် မဟနအဖွဲ့က ညွှန် ကြားသော်လည်း လိုက်နာခြင်း မရှိပေ။

ထို့အပြင် လက်ရှိအစိုးရ လက်ထက် အမျိုးဘာသာသာသ နာကို ထိခိုက်စေနိုင်သည့် ဆောင် ရွက်ချက်များကို ပြင်းထန်စွာကန့် ကွက်ကြောင်းနှင့် ထိုသို့ဘာသာ သာသနာကို ပျက်စီးအောင်ပြု လုပ်နေသူများကို ဆန္ဒမဲမပေးခြင်း အပါအဝင် ရသည့်နည်းဖြင့် တွန်း လှန်ဖယ်ရှားရန် ပြီးခဲ့သည့်ဇွန်လ က ပြုလုပ်ခဲ့သည့် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း၏ နှစ်ပတ်လည် ညီလာခံ၌ ကြေညာချက်ထုတ်ပြန် ခဲ့သည်။

မဘသအဖွဲ့ဦးဆောင်သူဖြစ်ခဲ့သည့် ဦးဝီရသူသည် လက်ရှိတွင် ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် တိမ်းရှောင်နေပြီး တရားရုံးကယင်းအမှုကိုမျက်ကွယ်၌ ဆက်လက်စစ်ဆေးနေသည်။

 အဋ္ဌမအကြိမ်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီဒုတိယအစည်းအဝေးကို ဇူ လိုင် ၈ ရက်နှင့် ၉ ရက်တွင်ကျင်းပ ပြီး မဟနဥက္ကဋ္ဌ ဗန်းမော်ဆရာ တော်က သာသနာ့ကိစ္စများ ဆောင်ရွက်ရာ၌ ဓမ္မဝိနယ၊ လုပ် ထုံးလုပ်နည်းများနှင့် ညီ၊ မညီ ဆင်ခြင်ဆောင်ရွက်ရန် မိန့်ကြား ခဲ့သည်။ ယမန်နှစ်က ကောက်ယူ သည့် ဝါဆိုသံဃာစာရင်းအရ မြန်မာနိုင်ငံတွင် ရဟန်းသံဃာ စုစုပေါင်း ငါးသိန်းကျော်နှင့် သီ လရှင် ၆၇,၀၀၀ ကျော်ရှိပြီး ယခု နှစ်၌ ဝါဆိုသံဃာစာရင်းတိကျ မှန်ကန်ရေး နည်းပညာအသုံးပြု ရန် စီစဉ်ထားကြောင်း ပြည် ထောင်စုဝန်ကြီးကဆိုသည်။

No comments:

Post a Comment