Friday, July 12, 2019

အင်းစိန်မြို့နယ်၌ ဗုံးသီးဟောင်းအခွံ ၁ လုံး တွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက် ပြည်တော်သာလမ်း အနီး လမ်းဘေးရေမြောင်း၌ ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်က ၎င်းရပ်ကွက်နေ အောင်ချမ်း (၂၇)နှစ်မှာ သန့်ရှင်းရေးဆောင်ရွက်စဉ် အလျား ၂၄ လက်မ၊ နောက်ပိတ်အချင်း ၅ လက်မခွဲရှိ ဗုံးသီး ဟောင်းအခွံ(ယမ်းမပါ) ၁ လုံးအား တွေ့ရှိခဲ့ကြောင်းသိရှိရ၍ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တပ်မတော်သာများပါဝင်သည့်ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ ဗုံးသီးဟောင်းအား နယ်မြေခံတပ်သို့ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment