Thursday, July 11, 2019

အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်နှင့် နောက်ထပ် အဆက်အဆံလုပ်မည်မဟုတ်ဟု ထရမ့် ဆို

   အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Kim Darroch၏ ထရမ့်အစိုးရအပေါ် ဝေဖန်သည့် လျှို့ဝှက်ချက်များ ပေါက်ကြားပြီးနောက် အမေရိကန် သမ္မတ ထရမ့်က ၄င်းနှင့်နောက်ထပ် အဆက်အဆံလုပ်တော့မည်မဟုတ်ဟု ဇူလိုင် ၈ ရက်က တုံ့ပြန်ပြောဆိုခဲ့သည်။ “ဒီသံအမတ်ကြီးကို ကျွန်တော်မသိဘူး။ဒါပေမဲ့ အမေရိကန်မှာတော့ သူက နာမည်သတင်းကောင်း တော့ရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကလည်း သူနဲ့ နောက်ထပ်သွားလာဆက်ဆံမည် မဟုတ်ပါ ဘူး”ဟု ထရမ့်က ဇူလိုင် ၈ ရက် ၄င်း၏တွစ်တာစာမျက်နှာတွင် ပြောကြားခဲ့သည်။



တစ်ချိန်တည်းမှာပင် ရာထူးမှနှုတ်ထွက်သွားခဲ့ပြီးသော ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ၏ Brexit ပေါ်လစီကိုလည်း ထရမ့်က ပြစ်တင်ဝေဖန်ခဲ့ရာ ၄င်း၏အကြုံပြုချက်ကို ထရီဇာမေက လက်မခံခဲ့ ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်အစိုးရသို့ ပေးပို့သည့် Darroch၏ ကြေးနန်းစာကို ဇူလိုင် ၇ ရက်က ဗြိတိန် မီဒီယာများတွင် ဖော်ပြထားရာ ထရမ့်အစိုးရသည်  ဆောင်ရွက်မှုလုပ်ငန်းများအဆင်ပြေချောမွေ့မှုမရှိခြင်း၊ ၊ခန့်မှန်းရခက်ခြင်းနှင့် အရည်အချင်းပြည့်စုံမှုမရှိခြင်းတို့ကြောင့် ပုံမှန်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ဖော်ပြထားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ၏ ပြောရေးဆိုခွင့်ရှိသူက ထရီဇာမေသည် Kim Darrochအပေါ် အပြည့်အ၀ ယုံကြည်မှု ရှိကြောင်း၊ ၄င်းအား ပြန်လည်ခေါ်ယူရန် အစီအစဉ်မရှိကြောင်း ၊ သို့သော်လည်း အမေရိကန်အစိုးရအပေါ် စူးရှသည့်ပြစ်တင်ဝေဖန်မှုများကိုမူ လက်မခံကြောင်း ပြောကြားခဲ့သည်။ အဆိုပါပြစ်တင်ဝေဖန်သောလျှို့ဝှက်ချက် ပေါက်ကြားမှုကို  တရားဝင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

Kim Darrochသည် ဗြိတိန်နိုင်ငံ၏ အတွေ့အကြုံအရှိဆုံး သံတမန်အရာရှိများတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ မှစ၍  အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ ထိုမတိုင်မီက ၄င်းသည် အီးယူ၏ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၀န်ကြီးချုပ် အမျိုးသားလုံခြုံရေး အကြံပေးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment