Saturday, June 8, 2019

ရခိုင်ပြည်နယ်အရေးတွင် AA နှင့် အရပ်သားရောထွေးနေခြင်းမှာ အဓိကစိန်ခေါ်မှုဖြစ်ဟု ဦးဇော်ဌေး ပြော

ရခိုင်ပြည်နယ်အတွင်း AA လက်နက်ကိုင်အဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားရာ၌ အရပ်သားနှင့် လက်နက်ကိုင် ရောထွေးနေခြင်းကြောင့် တပ်မတော်အနေဖြင့် လုပ်ရကိုင်ရခက်ခဲနေဟု သမ္မတရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။ေ နပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် ဇွန်လ(၇)ရက်ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။



“အရပ်သားသေဆုံးမှုများတာကတော့ တိုက်ပွဲဖြစ်တဲ့အခါ နှစ်ဖက်က တစ်ဖက်နဲ့တစ်ဖက် စွပ်စွဲတာတွေ လုပ်မှာပါပဲ။ အဓိကအဲဒီမှာ ဖြစ်နေတာက အရပ်သားနဲ့ AA လက်နက်ကိုင်တွေနဲ့က ရောထွေးနေတာက အဓိကစိန်ခေါ်မှု ဖြစ်နေပါတယ်၊ တပ်မတော်အနေနဲ့လည်း အဲဒီအပေါ် လုပ်ရကိုင်ရခက်နေပါတယ်။ ကျွန်တော်တို့သမ္မတရုံးအနေနဲ့လည်းလိုအပ်ရင် အင်အားသုံးဖို့ ရဟတ်ယာဉ်သုံးဖို့ကိုညွှန်ကြားထားပြီး ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အခုဖြစ်နေတဲ့စိန်ခေါ်မှုတွေဖြစ်နေတယ်ဆိုတာ ကမ္ဘာ့အင်အားကြီး အမေရိကန်တပ်မတော်မှတောင် ဒီလိုမျိုးစိန်ခေါ်မှုတွေရှိပါတယ်” ဟု သမ္မတရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြောသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များတွင် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ အကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ဘေးရှောင်အရေအတွက်မှာလည်း လေးသောင်းကျော်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်လည်း AA အဖွဲ့၏ အခြေပြုမှုများကြောင့် ဒေသခံများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

No comments:

Post a Comment