Saturday, June 8, 2019

နယ်သာလန်နှင့်ရှုံးပွဲမှ သင်ခန်းစာယူရမည်ဟု အင်္ဂလန်နည်းပြဆောက်သ်ဂိတ်ပြောကြား

အင်္ဂလန်ကိုနောက်မှ လိုက်ကစားကာ ၃-၁ ဂိုးဖြင့်အ နိုင်ရပြီး နယ်သာလန်က နေးရှင်း လိဂ်ဗိုလ်လုပွဲသို့ တက်ရောက် သွားစဉ် အင်္ဂလန်နည်းပြ ဆောက်သ်ဂိတ်က ၎င်း၏အသင်း အနေဖြင့် အမှားများသော စွမ်း ဆောင်ရည်မှ သင်ခန်းစာယူမည် ဟု ကတိပြုသည်။ ယင်းရှုံးပွဲကြောင့် အင်္ဂလန် သည် ၁၉၆၆ ကမ္ဘာ့ဖလားဗိုလ်စွဲ ပြီးနောက်ပိုင်း ကာလရှည်ကြာ စောင့်ဆိုင်းရသော ဆုဖလားတစ် လုံး ဆွတ်ခူးရေးအဆုံးသတ်ခဲ့ပြီး နယ်သာလန်က ဇွန်လ ၉ ရက် တွင် အိမ်ရှင်ပေါ်တူဂီနှင့်ဗိုလ်လုပွဲ ကစားမည်ဖြစ်သည်။



သာမန်ပွဲကစားချိန် တစ်ဂိုး စီသရေကျသဖြင့် အချိန်ပိုကစား ရာ အင်္ဂလန်နောက်တန်း၏ အ မှားများမှတစ်ဆင့် နယ်သာလန် က အနိုင်ဂိုးများရယူခဲ့သည်။

၂၀၁၈ ကမ္ဘာ့ဖလားအကြို ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သော အင်္ဂလန်အနေဖြင့် ဆုဖလားငတ် မွတ်မှုကို ယူရို ၂၀၂၀ ပြိုင်ပွဲတွင် အဆုံးသတ်လိုပါက လုပ်ဆောင်စ ရာများစွာ ကျန်သေးကြောင်း ယခုပွဲကစားပုံက ပြသခဲ့သည်။

‘‘ဒီအဆင့်ရောက်လာလို့ နောက်ရက်အနည်းငယ်အထိ ကျွန်တော်တို့ နာကျင်နေမှာပါ။ ဒါပေမဲ့ အတွေ့အကြုံကြောင့် ကျွန်တော်တို့ ပိုပြီးတော့သန်မာ သွားမှာပါ’’ ဟု ဆောက်သ်ဂိတ်က ပြောသည်။

ထို့အပြင် ယခုပွဲတွင် ဟယ် ရီကိန်းနှင့် ဟန်ဒါဆင်အပါအဝင် ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက် လီ ဗာပူးနှင့်စပါးမှ ကစားသမားခုနစ် ဦးကို ချန်လှပ်ခဲ့သည့် ၎င်း၏ဆုံး ဖြတ်ချက်နှင့် ပတ်သက်၍ ဆောက်သ်ဂိတ်က ခုခံကာကွယ် ခဲ့သည်။

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်သော်လည်း လူငယ် ခြေတက်များဖြင့် ဖွဲ့စည်းထား သော နည်းပြရော်နယ်ကိုးလ်မန်း ၏ နယ်သာလန်သည် လတ်တ လောရလဒ်များ ကောင်းမွန်နေ သည်။

‘‘ကျွန်တော်တို့ ဂျာမနီနဲ့ ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်ကို အနိုင်ယူခဲ့ပြီး အခုဆိုရင် ကမ္ဘာ့အ ဆင့် (၄) အင်္ဂလန်ကို အနိုင်ရခဲ့ တယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပြနေတာပါ။ ကျွန်တော်တို့ အကြိုဗိုလ်လုပွဲ တွေ၊ ဗိုလ်လုပွဲတွေ မကစားဖူး ဘူး။ ဒါကြောင့် ဒါကကျွန်တော်တို့ အတွက် အသစ်ဖြစ်ပေမယ့် အ ရှိန်အဟုန်နဲ့ချီတက်လာနေတာ ပါ’’ ဟု ကိုးလ်မန်းက ပြောကြား သည်။

No comments:

Post a Comment