Saturday, June 8, 2019

ကန်တီဒူးဒဏ်ရာကြောင့် ပြင်သစ်၏ ယူရိုခြေစစ်ပွဲများနှင့် လွဲချော်

ချယ်လ်ဆီးကွင်းလယ်လူ အန်ဂိုလိုကန်တီသည် ဒူးဒဏ်ရာ ကြောင့် ယနေ့ည တူရကီနှင့်ပွဲအ ပါအဝင် ရှေ့လာမည့်ပြင်သစ် ယူရို ၂၀၂၀ ခြေစစ်ပွဲများကို လွဲ ချော်မည်ဟု ပြင်သစ်ဘောလုံးအ ဖွဲ့ချုပ်က ပြောကြားသည်။ ပြီးခဲ့သည့် သီတင်းပတ် ယူ ရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ လေ့ ကျင့်ခန်းဆင်းနေစဉ် ကန်တီဒဏ် ရာရရှိခဲ့သည်။ သို့သော်ချယ်လ် ဆီးက အာဆင်နယ်ကို ၄-၁ ဂိုး ဖြင့်နိုင်သော ပွဲတွင် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့သည်။


ဇွန်လ ၂ ရက်က နန့်စ်မြို့၌ ပြင်သစ်က ဘိုလစ်ဗီးယားကို ၂-၀ ဂိုးဖြင့် နိုင်သောခြေစမ်းပွဲတွင် ပြင်သစ်အသင်း၌ ကန်တီပါဝင် သော်လည်း ပါဝင်ကစားခဲ့ခြင်းမရှိ ပေ။

‘‘ကံမကောင်းစွာနဲ့ပဲ တူရ ကီ၊ အန်ဒိုရာတို့နဲ့ပွဲတွေမှာ ဒူး ဒဏ်ရာကြောင့် ကန်တီယှဉ်ပြိုင် နိုင်မှာ မဟုတ်ပါဘူး’’ ဟု ပြင်သစ် ဘောလုံးအဖွဲ့ချုပ်က တွစ်တာမှ ကြေညာပြီး နည်းပြဒက်စ်ချမ့်အ နေဖြင့် ကန်တီနေရာအတွက် အ စားထိုးခေါ်ယူမည် မဟုတ်ဟု ဆက်လက်ပြောကြားသည်။

ပြင်သစ်သည် ယခုအချိန်အ ထိ ခြေစစ်ပွဲများတွင် အုပ်စု (H) ကို ဦးဆောင်နေပြီး စနေနေ့၌ တူရကီနှင့် ကစားမည်ဖြစ်ကာသုံး ရက်အကြာတွင် အန်ဒိုရာနှင့်ယှဉ် ပြိုင်မည်ဖြစ်သည်။  အုပ်စု (H) တွင် အယ်လ် ဘေးနီးယား၊ အိုက်စလန်၊ မော်လ်ဒိုဗာတို့လည်း ပါဝင် သည်။

No comments:

Post a Comment