Saturday, June 8, 2019

မကာအို ဖိတ်ခေါ် ရိုးရာနဂါးလှေပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ငွေတံဆိပ် ရရှိ

မကာအိုနိုင်ငံ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ် ရိုးရာနဂါးလှေပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး လှေလှော်အသင်းက ငွေတံဆိပ် ဆု ရရှိခဲ့သည်။  ဇွန်လ ၇ ရက်က မကာအိုရှိ Nam Van Lake Nautical Centre၌ ကျင်းပသည့် အမျိုးသမီးတက်  ၂၀ လှော် မီတာ ၅၀၀ ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး လှေလှော်အသင်းသည် တရုတ်အမျိုးသမီးအသင်းကို ပွိုင့်စက္ကန့်ဖြင့်ကပ်၍  နောက်ကျပြီး ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။



အဆိုပါ ပြိုင်ပွဲတွင် တရုတ်အမျိုးသမီး လှေလှော်အသင်းက ၂ မိနစ် ၃ ဒသမ ၄၃၉ စက္ကန့်ဖြင့်ရွှေတံဆိပ် ရရှိပြီး မြန်မာအမျိုးသမီး လှေလှော်အသင်းက ၂ မိနစ်၃ ဒသမ ၅၆၁ စက္ကန့်ဖြင့် ငွေတံ ဆိပ်ဆု နှင့် ထိုင်းအမျိုးသမီး လှေလှော်အသင်းက ၂ မိနစ် ၀၅ ဒသမ၂၇၁ စက္ကန့်ဖြင့် ကြေးတံဆိပ်ဆု ရရှိခဲ့သည်။

၂၀၁၉ မကာအို ဖိတ်ခေါ် ရိုးရာနဂါးလှေပြိုင်ပွဲကို ဟောင်ကောင်၊ ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်၊ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ မြန်မာစသည့် ၁၃ နိုင်ငံမှကစားသမား ၁၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။  မြန်မာ့လက်ရွေးစင်  အမျိုးသမီးရိုးရာ လှေအသင်းသည်  အဆိုပါပြိုင်ပွဲသို့ ကစားသမား ၂၄ ဦးဖြင့်   သွားရောက်ခဲ့ပြီး မီတာ  ၅၀၀  တက် ၂၀ ပြိုင်ပွဲ တစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

No comments:

Post a Comment